Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးစီမံကိန်းအရ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လုပ်ငန်းသုံးပစ္စည်းများ ချီးမြှင့်ပေးအပ်

အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးစီမံကိန်းအရ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လုပ်ငန်းသုံးပစ္စည်းများ ချီးမြှင့်ပေးအပ်

တောင်ငူ ဒီဇင်ဘာ ၂၄

          တောင်ငူမြို့၊ ခပေါင်းခန်းမ၌ ဒီဇင်ဘာလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက “အသေးစားကုန်ထုတ်လုပ်ငန်း များ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးစီမံကိန်း”ဖြင့် အကောင်အထည်ဖော် ဆောင် ရွက်ခဲ့သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုနည်းပညာသင်တန်း ဖွင့်လှစ်ခဲ့မှုများမှ လုပ်ငန်းထူ ထောင်လုပ်ကိုင်မည့် သင်တန်းသူများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လုပ်ငန်းသုံးပစ္စည်းများ ချီးမြှင့် ပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြင့်မားရေး၊ မြို့ပြနှင့်ကျေးလက်ဒေသနေ ပြည်သူများ အလုပ်အကိုင် အခွင့်အခမ်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရေး၊ တစ်ဘက်တစ်လမ်းမှ မိသားစုဝင်ငွေတိုးပွားရရှိလာစေ ရေး၊ တစ်ပိုင်တစ်နိုင် အသေးစားကုန်ထုတ်လုပ်ငန်းများ ထူထောင်လုပ်ကိုင်ဆောင်ရွက်စေရေးနှင့် လူ့ စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူ ပြု သင်တန်းများကို ကျေးရွာများအဆင့်ထိ သင်ကြားပေးလျက်ရှိကြောင်း၊ သင်တန်းပြီးသွားသည့် သင်တန်းသူများအနက် သင်ကြားစဉ်ကာလအတွင်း ထူးချွန်စွာဖြင့် သတ်မှတ်ချက်နှင့်အညီ ရွေးချယ်ခံခဲ့ရ သည့် သင်တန်း(၃)ခုမှ သင်တန်းသူ(၁၅)ဦး ရွေးချယ်၍ လုပ်ငန်းသုံးပစ္စည်းများကို ချီးမြှင့်ပေးအပ်သွားမှာ ဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် ချီးမြှင့်ပေးအပ်လိုက်သည့် လုပ်ငန်းသုံးပစ္စည်းများအား သင်ကြား မျှဝေပေးလိုက်သည့် အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှု၊ ဆန်းသစ်တီထွင်ကြံဆလိုစိတ်များဖြင့် အရည်သွေးပြည့်ဝကောင်းမွန်သည့် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ပြည်ပအစားထိုး ဈေးကွက်ဝင် အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာတွင် ဖွင့်လှစ်ခဲ့သည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းမှ ထူးချွန်သင်တန်းသူ(၅)ဦး အား လုပ်ငန်းသုံးပစ္စည်းများကိုလည်းကောင်း ချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက် အစိုးရအဖွဲ့ဝင် ဝန်ကြီး များက ရေတာရှည်မြို့နယ်၊ ကြံသနွယ်ကျေးရွာတွင် ဖွင့်လှစ်ခဲ့သည့် အခြေခံစက်ချုပ်နည်းပညာသင်တန်း နှင့် အုတ်တွင်းမြို့နယ်၊ ဥယျာဉ်တောကျေးရွာတွင် ဖွင့်လှစ်ခဲ့သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းတို့မှ ထူးချွန်သင်တန်းသား(၁၀)ဦးအတွက် လုပ်ငန်းသုံးပစ္စည်းများအား အသီးသီး‌ ချီးမြှင့်ပေးအပ် ခဲ့ကြသည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လုပ်ငန်းသစ်ထူထောင်ကြမည့် ထူးချွန်သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ကာ လုပ်ငန်းသုံး ပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။