Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့ သံဃမဟာပဝါရဏာပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ လောင်းလှူပူဇော်ကြည်ညို

ပဲခူးမြို့ သံဃမဟာပဝါရဏာပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ လောင်းလှူပူဇော်ကြည်ညို

ပဲခူး အောက်တိုဘာ ၂၇

ပဲခူးမြို့ သံဃမဟာပဝါရဏာပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှကြီးမှူး၍ သီတင်းကျွတ်လပြည့်နေ့၊ အောက်တိုဘာလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့ ရွှေမော်ဓောဘုရား တောင်ဖက်မုခ်ရှိ မဟာသီဝလိသိမ်တော်၊ ကြခတ်ဝိုင်းကျောင်းတိုက်သိမ်တော်၊ မဟာ ကလျာဏီသိမ်တော်နှင့် ကမ္မဌာန်းကျောင်းတိုက်သိမ်တော် စသည့်နေရာများတွင် သံဃဂိုဏ်းအလိုက် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ လောင်းလှူပူဇော် ကြည်ညိုခဲ့ကြသည်။

သံဃမဟာပဝါရဏာပွဲတော်အား ရွှေမော်ဓောဘုရားတောင်ဖက်မုခ်ရှိ မဟာသီဝလိသိမ်တော်ကြီး၌ ပဲခူးမြို့၊ မြို့မစာသင်တိုက်ဆရာတော်ဦးဆောင်၍ သုဓမ္မာဂိုဏ်းဝင်ကျောင်းပေါင်း(၃၇၃)ကျောင်းမှ သံဃာ တော် (၂၉၁၄)ပါးတို့မှ (၁၀၃၅)ကြိမ်မြောက်ပဝါရဏာပြုပွဲကိုလည်းကောင်း၊ ကြခတ်ဝိုင်းကျောင်းတိုက် သိမ်တော်ကြီးတွင် ကြခတ်ဝိုင်းကျောင်းတိုက် ဆရာတော်ကြီးမှဦးဆောင်၍ ရွှေကျင်ဂိုဏ်းဝင် ကျောင်း ပေါင်း(၂၄၂) သံဃာတော်အပါး(၁၉၀၉)ပါးမှ (၁၆၃)ကြိမ်မြောက် ပဝါရဏာပြုပွဲကိုလည်းကောင်း၊ မဟာ ကလျာဏီသိမ်တော်ကြီးတွင် သာသနာ့မဏ္ဍိုင်ပါဌိတက္ကသိုလ်ကျောင်းတိုက် ဆရာတော်ကြီးမှ ဦးဆောင်၍ ရွှေကျင်ဂိုဏ်းဝင် ကျောင်းပေါင်း(၃၇)ကျောင်းမှ သံဃာတော်(၄၃၃)ပါးတို့မှ (၁၄၅)ကြိမ်မြောက် ပဝါရဏာ ပြုပွဲကိုလည်းကောင်း၊ ကမ္မဌာန်းကျောင်းတိုက်သိမ်တော်ကြီးတွင် ကမ္မဌာန်းကျောင်းတိုက် ဆရာတော်ကြီး မှ ဦးဆောင်၍ မဟာဒွါရဂိုဏ်းဝင် ကျောင်းပေါင်း(၁၃)ကျောင်းမှ သံဃာတော်(၉၀)ပါးတို့မှ (၆)ကြိမ်မြောက် ပဝါရဏာပြုပွဲကို သက်ဆိုင်ရာဂိုဏ်းဝင် ဆရာတော်များမှ နေရာခွဲ၍ ပဝါရဏာပြုတော်မူကြကြောင်း သိရ သည်။

သံဃမဟာပဝါရဏာပြုတော်မူကြသည့် ရဟန်း၊သံဃာများအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်နှင့် ဇနီး ဒေါ်စိုးစိုးသက်၊  တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့်ဇနီး၊ တိုင်းဒေသကြီး တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တပ်ရင်း/တပ်ဖွဲ့မိသားစုများ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင်၊ အလှူရှင်များက နဝကမ္မအလှူငွေများ၊ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်တော်များ လောင်းလှူခဲ့ကြ ကြောင်း သတင်းရရှိသည်။