ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက် အပြည့်အစုံဖတ်ရှုရန် Please Click Here
Read More »Bago Manager ZWL
ပဲခူးမြို့တွင် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့(World AIDS Day)အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဒီဇင်ဘာ ၁ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ(၁)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၄ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day)အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ယခု အိပ်ချ်အိုင်ဗွီပိုးကာကွယ်ရေး လုပ်ငန်းအနေဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်အားလုံးတွင် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မိခင်မှကလေးသို့ အိပ်ချ်အိုင်ဗွီပိုးကူးစက်မှု ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်အားလုံးနှင့် ကုတင်(၂၀၀) အထက်ဆေးရုံကြီး(၃)ရုံတွင် ဆောင်ရွက်လျက်ရှိကြောင်း၊ အိပ်ချ်အိုင်ဗွီပိုးရှိသူများအတွက် ပြုစုကုသရေး လုပ်ငန်း၏ အဓိကဖြစ်သည့် အေအာတီဆေးပေးဝေမှုကို ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၄ခုနှစ်တွင် လူနာပေါင်း(၁၂၈၇၆)ဦးအား အေအာတီဆေးပေးခန်းပေါင်း (၂၆)ခုဖြင့် တိုင်းဒေသကြီးနှင့်ခရိုင်အဆင့် ဆေးရုံကြီးများ၊ ခုခံကျ/ကာလသားဘရောဂါတိုက်ဖျက်ရေးအဖွဲ့များနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနများတွင် ကုသပေးလျက်ရှိကြောင်း၊ လူထုအတွင်း အိပ်ချ်အိုင်ဗွီရောဂါပိုးနှင့်ပတ်သက်၍ ခွဲခြားနှိမ့်ချ ဆက်ဆံမှုများ လျော့ကျစေရန် ကျန်းမာရေးဝန်ထမ်းများကိုလည်းကောင်း၊ ပိုးရှိရှင်သန်သူများကို လည်းကောင်း၊ အလုပ်ရုံ၊စက်ရုံများကိုလည်းကောင်း ဟောပြောပွဲများပြုလုပ်ခြင်း၊ သင်တန်းများပြုလုပ် …
Read More »“မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချရေးဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်း စီမံကိန်း” ပြီးမြောက်အောင်မြင်ခြင်းအခမ်းအနား ကျင်းပ
ပဲခူး နိုဝင်ဘာ ၃၀ “မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချရေးဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်း” ပြီးမြောက်အောင်မြင်ခြင်းအခမ်းအနားအား နိုဝင်ဘာလ(၃၀) ရက်နေ့၊ နံနက်ပိုင်း က ပဲခူးမြို့၊ ရွာသစ်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ယခု အကောင်အထည် ဖော်ပြီးစီးခဲ့သည့် စီမံကိန်းသည် မဲခေါင်- လန်ချန်းဒေသတွင်း(၆)နိုင်ငံ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အထူးရန်ပုံငွေစီမံကိန်းပင်ဖြစ်ပြီး တရုတ် ပြည်သူ့သမ္မတနိုင်ငံက အဓိကပံ့ပိုးဆောင်ရွက်ပေးခဲ့သဖြင့် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ရွာသစ် ကျေးရွာအား အခြေခံအဆောက်အုံဖွံ့ဖြိုးရေးကဏ္ဍ၊ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးကဏ္ဍ၊ စွမ်းဆောင် ရည်များ မြင့်မားတိုးတက်ရေးနှင့် အသက်မွေး ဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပို့ချ ခြင်းကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်နှင့် စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုကဏ္ဍ၊ အတွေ့အကြုံဖလှယ်ခြင်းကဏ္ဍ အစ ရှိသည့် ကျေးရွာ(၁)ရွာ ဖွံ့ဖြိုးတိုးတက်စေဖို့ …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ (၁၂)ကြိမ်မြောက် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေး အခမ်းအနား ကျင်းပပြုလုပ်
ဝေါ နိုဝင်ဘာ ၂၉ ဝေါမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေး အခမ်းအနားအား နိုဝင်ဘာလ(၂၉)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ဝေါမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်ဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်းနောက် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားသို့ တက်ရောက်လာသည့် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ထို့နောက် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားအား သီရိဇေယျာခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ ကျောင်းသား /ကျောင်းသူများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့သွားကြစို့”သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ ကြသည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ …
Read More »၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြုအားကစားအဖွဲ့အား ငွေကျပ်(၂၆၈.၇၅၂)သန်း ထောက်ပံ့ပေးအပ်
ပဲခူး နိုဝင်ဘာ ၂၈ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့၊ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြုအားကစားအဖွဲ့အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ငွေကျပ်(၂၆၈.၇၅၂)သန်း ထောက်ပံ့ပေးအပ်ခဲ့သည်။ ရှေးဦးစွာ အခမ်းအနားအား ပဲခူးတက္ကသိုလ်မှ ကျောင်းသား/သူများက “လူငယ်စွမ်းရည်” သီချင်း ဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အားကစားကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုး တက်စေရေး အားပေးမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသလို တိုင်းဒေသကြီးကိုယ်စားပြု အားကစား မောင်/မယ်များအား အောင်မြင်မှုဆုတံဆိပ်များရရှိအောင် စွမ်းဆောင်နိုင်ရန်အတွက် စိတ်ဓါတ် ခွန်အား ပေးသည့် အခမ်းအနားဖြစ်ကြောင်း၊ အားကစားသမား မောင်/မယ်များအနေဖြင့် မိမိတို့ယှဉ်ပြိုင်ရ မည့် အားကစာနည်းအလိုက် အောင်နိုင်လိုစိတ်များ ပြင်းပြနေရန်လိုအပ်ပြီး ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများ ကို လေးစားလိုက်နာကာ အားကစားသမားကောင်းပီသစွာ ပြုမူနေထိုင်သွားရန်နှင့် …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေး
တောင်ငူ နိုဝင်ဘာ ၂၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ နိုဝင်ဘာလ(၂၆)ရက်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့နယ်အတွင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့နယ်၊ မဟင်ကျေးရွာအုပ်စု ကျွဲဘူးကျေးရွာ၌ ရာဂီမုန်တိုင်းကြောင့် ထိခိုက်သေဆုံးခဲ့ရသည့် မွေးမြူရေးလုပ်ငန်းရှင် ဒေါ်ခင်နှင်းဦးအား ဥစားကြက်နှင့် ဒေသကြက်ကောင်ရေ (၁၂၀၀၀)အား ပြန်လည်အစားထိုးပေးအပ်ခဲ့ပြီး ကြက်ခြံများအတွင်း လှည့်ကြည့်ရှုအားပေးခဲ့ကာ ဘဲမွေးမြူရေးလုပ်ငန်းများအား တိုးချဲ့ဆောင်ရွက်သွားရန် တာဝန်ရှိသူများ အား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နှစ်ဆောင်မြိုင်-ရွာတန်းရှည်လမ်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် သန်း(၁၉၀)ဖြင့် ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး တာဝန်ရှိသူများ အား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် Kanbawza Pathfinder Industries …
Read More »ပဲခူးမြို့၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၂၅ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်သည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အား နိုဝင်ဘာလ(၂၅)ရက်၊ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့ ကြသည်။ ရှေးဦးစွာ ပဲခူးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ဇာတိမာန်” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦမျိုးဆွေဝင်းက (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ စုပေါင်းသန့်ရှင်းရေးပြုလုပ်
ပဲခူး နိုဝင်ဘာ ၂၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ သန့်ရှင်းသာယာ လှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား နိုဝင်ဘာလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၂၈)မြို့နယ်၌ တစ်ပြိုင်တည်း ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းနှင့် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် မေတ္တေယျအာနန္ဒာဘုရားကြီး၌ စုပေါင်း သန့်ရှင်းရေးပြုလုပ်နေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး စာသင်ကျောင်းဝန်းအတွင်း သန့်ရှင်း သပ်ရပ်စေရေး၊ စိမ်းလန်းစိုပြေစေရေး၊ အရိပ်ရသီးပင်စားပင်များ စိုက်ပျိုးသွားရန်၊ မီးဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် မီးတားလမ်းများဆောင်ရွက်ထားရန်၊ သာသနိကအဆောက်အုံများ ရှေးမူမပျက် ပြန်လည်ဆေးဆေးသုတ်ခြင်းနှင့် ဘုရားဖူးလာပြည်သူများ ကြည်ညိုသဒ္ဒါဖြစ်ပေါ်စေရေး လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်ရှိ ကားလမ်း (ဝဲ/ယာ)၊ မီးရထားလမ်း(ဝဲ/ယာ)၊ တက္ကသိုလ်များ၊ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး နိုဝင်ဘာ ၂၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုဝင်ဘာလ(၂၂)ရက်နေ့၊ နံနက် ပိုင်းက သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့နယ်၊ အောက်တဲစုကွင်းသို့ ရောက်ရှိခဲ့ပြီး နွေစပါး(၂)သီး တစ်ကွင်းတစ်ဆက်တည်း ဧက(၄၀၀)စံပြစိုက်ခင်းသို့ ရောက်ရှိခဲ့ပြီး နွေစပါး အား တိုင်းဒေသကြီးအစိုးရဖွဲ့မှ ထောက်ပံ့ထားသည့် မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးနေမှုအား ကြည့်ရှုအား ပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ကြိုတင်ပျိုးထောင်စနစ်ဖြင့် စိုက်ပျိုးမှသာ သီးထပ်စွမ်းအား ပိုမိုတိုးတက်လာပြီး ဝင်ငွေတိုးတက်လာမှာဖြစ်ကာ စိုက်ပျိုးကုန်ထုတ်လုပ်မှုများ ဖွံ့ဖြိုးတိုးတက်လာနိုင်မှာ ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် မျိုး၊ မြေ၊ ရေ၊ နည်း အဓိကအချက်ကြီး(၄)ချက်အား လိုက်နာပြီး ခေတ်မီစိုက်ပျိုး နည်းစနစ်များဖြင့် ဆောင်ရွက်မှသာ ပန်းတိုင်အထွက်နှုန်း ရရှိနိုင်မှာဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး သွင်းအားစုအား …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၂၄)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက် ကြည့်ရှုအားပေး
ပဲခူး နိုဝင်ဘာ ၂၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ နှင့်အတူ နိုဝင်ဘာလ(၂၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၂၄)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက် ကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေ ရောဂါကုဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များအား ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှု၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးနေမှုများအား လိုက်လံကြည့်ရှု့ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုလာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး လစဉ်အငြိမ်းစား နိုင်ငံ့ဝန်ထမ်း များအား စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးနှင့် ဆေးဝါးလိုအပ်ချက်မရှိစေရေး …
Read More »