ဝေါ ဧပြီ ၂၃ ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ဧပြီလ ၂၂ ရက်နေ့၊ နံနက်ပိုင်းက ဝေါမြို့နယ်နှင့် ဒိုက်ဦးမြို့နယ်များသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဝေါမြို့နယ်ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ဝေါ-ကြာလဟာ-ဦးမိုးစုလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းအရည် အသွေး ကောင်းမွန်စေရေးနှင့် လမ်းပုခုံးသားများ ဂဝံအမာခံရရှိရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ဝန်ကြီးချုပ် နှင့်အဖွဲ့သည် ဝေါမြို့နယ်၊ ညောင်ခါးရှည် လုံခြုံရေးနှင့်စစ်ဆေးဂိတ်အား သွားရောက်ကြည့်ရှုစစ်ဆေး ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး၊ တရားမဝင်ကန့်သတ်ပစ္စည်းများ သယ်ဆောင်မှုမရှိစေရေး၊ တရားမဝင် လိုင်စင်မဲ့ မော်တော်ယာဉ် ဝင်ရောက်မှုမရှိစေရေးနှင့် …
Read More »Bago Manager ZWL
ကျောင်းသား/သူများအနေဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံပြီး တိုင်းရင်းသားများ၏ လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက်စေ ရေး ကြိုးစားဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား
ပဲခူး ဧပြီ ၂၁ =================== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဧပြီလ(၂၁)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (B.Ed)(၅)နှစ်သင်တန်း အမှတ်စဉ်(၉)နှင့် တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်/စစ်ကိုင်းသို့) တက်ရောက်မည့် ကျောင်းသား/သူများ လမ်းညွှန်မှုခံယူပွဲ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ပြီး သင်တန်းတက်ရောက်မည့် ကျောင်းသား/သူများက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့နိုင်ငံသည် လူမျိုးပေါင်း(၁၀၀)ကျော်နှင့် ပေါင်းစည်း ဖြစ်တည်နေသည့် ပြည်ထောင်စုနိုင်ငံတော်ဖြစ်ကြောင်း၊ အထူးသဖြင့် ပြည်ထောင်စုကြီးအတွင်း နေထိုင် လျက်ရှိသည့် တိုင်းရင်းသားလူမျိုးများအားလုံး ညီရင်းအစ်ကို၊ မောင်ရင်းနှမ စိတ်ဓာတ်ဖြင့် …
Read More »ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံခြင်းနှင့် နိုင်(၄)စာရင်းများအား ဧပြီလအကုန် Server အတွင်း အပြီးထည့်သွင်းနိုင်ရေး ကြိုးစားဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှာကြား
ပဲခူး ဧပြီ ၂၀ ====================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဧပြီလ(၂၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၈/၂၀၂၂)အား Online Zoom Meeting System ဖြင့် ကျင်းပပြု လုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အိမ်နီးချင်း နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ အစုလိုက်အပြုံလိုက် ဖြစ်ပွားလျက်ရှိသော်လည်း မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား အမျိုးသားရေး ရည်မှန်းချက် တစ်ရပ်အနေဖြင့် အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိသဖြင့် အခြားနိုင်ငံ များလို ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု အလွန်နည်းပါးသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့ပဲခူးတိုင်းဒေသကြီး အတွင်းမှာလည်း မြို့နယ်အလိုက် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု မရှိသလောက် နည်းပါးခဲ့ရခြင်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား …
Read More »ကရင်(စကော)တိုင်းရင်းသားဘာသာ သင်ကြားရေး ဆရာ/ဆရာမများအတွက် နွေရာသီအဆင့်မြှင့် မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဧပြီ ၂၀ ===================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကရင်(စကော)တိုင်းရင်းသား ဘာသာ သင်ကြားရေး ဆရာ/ဆရာမများအတွက် နွေရာသီအဆင့်မြှင့် မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားအား ဧပြီလ (၁၉)ရက်နေ့၊ နံနက်ပိုင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီး အတွင်း တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကော်မတီ အသင်းအဖွဲ့များ၏ ကူညီမှုဖြင့် အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားလူမျိုးအလိုက် တိုင်းရင်းသားဘာသာ သင်ကြားရေး ဆရာ/ဆရာမများ ခန့်ထားနိုင်ခဲ့ပြီးဖြစ်သလို ခန့်အပ်ထားသည့် ဆရာ/ဆရာမများ၏ အရည်အသွေးများ အမြဲတမ်းထက်မြတ်စေရေး ယခုလို အဆင့်မြှင့်မွမ်းမံသင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ကယား၊ ကရင်၊ အရှိုချင်း၊ ပအိုဝ်း၊ ရှမ်း၊ မွန်၊ ရခိုင် စသည့် တိုင်းရင်းသားများစွာ နေထိုင်ကြသည့်အနက် ကရင်(စကော) တိုင်းရင်းသားများဟာ တိုင်းဒေသကြီးအနှံ့အပြားတွင် အခြား တိုင်းရင်းသားများထက် …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲကျင်းပပြုလုပ်
ပဲခူး ဧပြီ ၁၉ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ဧပြီလ(၁၇)ရက်နေ့ ညပိုင်းအချိန်မှစတင်ပြီး ဧပြီလ(၁၉)ရက်နေ့အထိ (၃)ညတိုင်တိုင် ပဲခူးမြို့၊ ဆေးရုံဟောင်းလမ်းပေါ်ရှိ နှစ်ဦးတရားအလှူဓမ္မသဘင် မဏ္ဍပ်၌ မြန်မာ နှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်ပွဲကျင်းပပြုလုပ်သည်။ မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲကျင်းပပြုလုပ်ရာ ဧပြီလ(၁၇)ရက် (ပထမနေ့)တွင် သာသနာ့ဇောတိက စာသင်တိုက်မှ ဘဒ္ဒန္တဇနိတ (သာသနာ့ဓဇဓမ္မာစရိယ၊ မဟာဂန္ထဝါစကပဏ္ဍိတ) ဆရာတော်မှ နှစ်သစ် ဆုတောင်းတရားခေါင်းစဉ် ဖြင့်လည်းကောင်း၊ ဧပြီလ(၁၈)ရက်နေ့ (ဒုတိယနေ့) တွင် ပဲခူးမြို့ ချမ်းမြေ့ဇေယျာသာမဏေကျော်တက္ကသိုလ် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဥက္ကံသာလင်္ကာရ (ဝိနယဝိဒူ၊ အင်္ဂုတ္တရနိကာယဝိဒူ၊ M.A, PHD)မှ ကောင်းကျိုး(၇)ဖြာ တရားခေါင်းစဉ်ဖြင့် လည်းကောင်းဟောကြားခဲ့ပြီး ဧပြီလ(၁၉)ရက်(တတိယနေ့)တွင် သာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တသုန္ဒရ(သာသနာ့ဓဇဓမ္မာစရိယ၊ မဟာဂန္ထဝါစက ပဏ္ဍိတ)မှ တရားရေအေးအမြှိုက်ဆေးများ ဟောကြားသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနှစ်သစ်ကူးတရားအလှူတော် …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ ကျင်းပပြုလုပ်
ပဲခူး ဧပြီ ၁၈ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ဧပြီလ(၁၇)ရက်နေ့ ညပိုင်းတွင် ပဲခူးမြို့၊ ဆေးရုံ ဟောင်းလမ်းပေါ်ရှိ နှစ်ဦးတရားအလှူဓမ္မသဘင် မဏ္ဍပ်၌ မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင် ပွဲကျင်းပပြုလုပ်သည်။ ရှေးဦးစွာ သာသနာ့ဇောတိကစာသင်တိုက်မှ ဘဒ္ဒန္တဇနိတ(သာသနာ့ဓဇ ဓမ္မာစရိယ၊ မဟာဂန္ထဝါစက ပဏ္ဍိတ)ဆရာတော်မှ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားတော်မူပြီး ဝန်ကြီးချုပ် အမှူးပြုသော တရားနာ ပရိတ်သတ်များမှ တရားတော်နာယူ၍ ဓမ္မပူဇာအလှူငွေနှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတန်း ပေးဝေခဲ့ကြကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲအား ဧပြီလ(၁၇)ရက်နေ့မှ (၁၉)ရက်နေ့ အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဧပြီလ(၁၈)ရက်နေ့တွင် ပဲခူးမြို့ ချမ်းမြေ့ဇေယျာသာမဏေကျော်တက္ကသိုလ် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဥက္ကံသာလင်္ကာရ(ဝိနယဝိဒူ၊ အင်္ဂုတ္တရနိကာယဝိဒူ၊ M.A, PHD)မှလည်းကောင်း၊ ဧပြီလ(၁၉)ရက်နေ့တွင် သာသနာ့မဏ္ဍိုင်ပါဠိ တက္ကသိုလ်ကျောင်းတိုက်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တသုန္ဒရ …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ နှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီး ဘိုးဘွားများအား ပူဇော် ကန်တော့ပွဲ ကျင်းပပြုလုပ်
ပဲခူး ဧပြီ ၁၇ ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ၂၀၂၂ခုနှစ်၊ ဧပြီလ(၁၇)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့ နံနက်ပိုင်းအချိန်က ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးမြို့၊ ဥဿာဂေါက်ကွင်းအတွင်းရှိ သဘာဝရေပြင်၌ ဇီဝိတဒါန ငါးလွှတ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ငါးမြစ်ချင်း၊ ငါးကြင်း ရွှေဝါ၊ ငါးခုံးမကြီး စုစုပေါင်းအကောင်ရေ(၁၅၀၀၀၀)အား သဘာဝရေပြင်အတွင်းသို့ လွှတ်ပေးခဲ့ကြသည်။ ထို့နောက် ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ပဲခူးမြို့ပေါ် ရပ်ကွက် (၃၁)ရပ်ကွက်နှင့် သပြေကုန်း ဘိုးဘွားရိပ်သာတို့မှ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသော မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဧပြီ ၁၇ ========================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသော မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲနှင့် ဆု ချီးမြှင့်ခြင်း အခမ်းအနားအား ပဲခူးမြို့၊ ဆေးရုံဟောင်းလမ်းပေါ်ရှိ ဗဟိုမဏ္ဍပ်၌ ဧပြီလ(၁၆)ရက်နေ့၊ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နှစ်ဟောင်းကုန်ဆုံး နှစ်သစ်ကူးပြောင်း အခါသမယ အဖြစ် နှုတ်ခွန်းဆက်ဆုတောင်းစကား ပြောကြားခဲ့ပြီးနောက် သင်္ကြန်အကြိုနေ့မှ သင်္ကြန်အတတ်နေ့အထိ ကပြယှဉ်ပြိုင် ခဲ့ကြသည့် ယိမ်းအဖွဲ့(၂၅)ဖွဲ့၏ ဆုပေးပွဲအခမ်းအနားအား ဆက်လက်ကျင်းပ ခဲ့သည်။ ထို့နောက် ပြိုင်ပွဲဝင် ယိမ်းအဖွဲ့(၂၅)ဖွဲ့အနက်မှ နှစ်သိမ့်ဆုရ ယိမ်းအဖွဲ့(၅)ဖွဲ့အား အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးတို့က ယိမ်း(၁)ဖွဲ့လျှင် ဂုဏ်ပြုဆုငွေ(၅)သိန်းကျပ်စီဖြင့်လည်းကောင်း၊ ပထမဆုရရှိ သည့် ဘုရားကြီးမြို့ကိုယ်စားပြု နွေဦးရွှေရည် ယိမ်းအဖွဲ့အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဂုဏ်ပြုဆုငွေကျပ်သိန်း(၃၀)နှင့် ဆုဖလားကိုလည်းကောင်း၊ ဒုတိယဆုရရှိသည့် ဇိုင်းဂနိုင်းတောင်ပိုင်း ရပ်ကွက်ကိုယ်စားပြု ပိတောက်ရွှေဝါ …
Read More »တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် ပဲခူးမြို့၌ သင်္ကြန်အတတ်နေ့အား စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိ
ပဲခူး ဧပြီ ၁၆ ============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် ပွဲတော် သင်္ကြန်အတတ်နေ့အား ပဲခူးမြို့အတွင်း၌ ဧပြီလ(၁၆)ရက်နေ့တွင် ဗဟိုမဏ္ဍပ်၊ လမ်းလျှောက် သင်္ကြန်နှင့် အများပြည်သူ ရေကစားမဏ္ဍပ်များ၊ နေ့စဉ်စတုဒီသာမဏ္ဍပ်များဖြင့် အများပြည်သူ လုံခြုံ ချမ်းမြေ့ စိတ်အေးချမ်းသာစွာ အတာရေသဘင်ပွဲ ဆင်နွှဲလျက်ရှိ ကြောင်းသိရှိ ရသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အမှတ်(၇၇)ခြေမြန် တပ်မဌာနချုပ်၊ ဖျော်ဖြေရေးမဏ္ဍပ်သို့ ရောက်ရှိခဲ့ပြီး တပ်တွင်းမိသားစုများ၏ မြန်မာ့ရိုးရာသင်္ကြန်ယိမ်းအကများဖြင့် ဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဖျော်ဖြေရေးယိမ်းအဖွဲ့များအတွက် ဂုဏ်ပြုငွေ ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တပ်တွင်းမိသားစုယိမ်းအဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး အပြန်အလှန် အတာရေပတ်ဖျန်းပေးခဲ့ကြကြောင်း သိရှိရသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဗဟိုမဏ္ဍပ်သို့ ရောက်ရှိခဲ့ပြီး ခေတ်ပေါ် တေးဂီတ ဖြေဖျော်နေမှု၊ လမ်းလျှောက်သင်္ကြန်နှင့် …
Read More »ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး (၂၆၀၄)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် သံဃာ အပါး(၅၀၀)အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်
ပဲခူး ဧပြီ ၁၅ =============== ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်တွင် ဧပြီလ(၁၅) ရက်နေ့ ညနေပိုင်းအချိန်က သံဃာအပါး(၅၀၀)အား ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့်ဇနီးတို့မှ တက်ရောက်ကြည်ညိုခဲ့သည်။ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး (၂၆၀၄)နှစ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်အား ဧပြီလ(၁၀)ရက်နေ့မှ (၁၉)ရက်နေ့အထိ (၁၀)ရက်တိုင်တိုင် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး တန်ခူးလဆန်း (၁၄)ရက်၊ ဧပြီလ(၁၄)ရက်နေ့ နံနက်ပိုင်းအချိန်တွင် အနေကဇာတင်ခြင်းနှင့် တစ်နေ့တာ ပဋ္ဌာန်းရွတ်ဖတ်ပူ ဇော်ခြင်း ပြုလုပ်ခဲ့သည့်အပြင် တန်ခူးလပြည့်နေ့၊ ဧပြီလ(၁၅)ရက်နေ့ နံနက်ပိုင်း အချိန်က လည်း ဆွမ်းတော်ကြီးတင်လှူပူဇော်ခြင်း ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ယနေ့ ဧပြီလ(၁၅)ရက်နေ့ ညနေပိုင်းအချိန်တွင် ဘုရားအမှူးပြုသော သံဃာတော်အပါး(၅၀၀) အား အများပေါင်းစု ကောင်းမှုကုသိုလ်တို့ဖြင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ ကျင်းပပြုလုပ် ခြင်းဖြစ်ပြီး ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ရာတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် …
Read More »