ပဲခူး ဩဂုတ် ၈ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဩဂုတ်လ(၈)ရက်နေ့၊ နံနက်ပိုင်းက ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများနှင့် ရေကြီးနစ်မြှုပ်လယ်မြေများတွင် တစ်ကွက်ပေါ် တစ်ကွက်စိုက်စနစ်ဖြင့် ပြန်လည်စိုက်ပျိုးနိုင်ရေးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းခဲ့သည်။ ၎င်းနောက် ဇူလိုင် လနှင့် ဩဂုတ်လအတွင်း မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြစ်ရေမြင့်တက်ခြင်းများကြောင့် သီးနှံစိုက်ခင်း များ ရေကြီးနစ်မြှုပ်မှုများ ဖြစ်ပေါ်ခဲ့ရကြောင်း၊ စိုက်ပျိုးသီးနှံအလိုက် ရေလွှမ်းဆဲဧက၊ ရေပြန်ပေါ်ဧက၊ ထိခိုက်ဧကနှင့် ပျက်စီးဧကများ စနစ်တကျပြုစု၍ တစ်ကွက်ပေါ် တစ်ကွက်စိုက်စနစ်ဖြင့် ပြန်လည် စိုက်ပျိုးနိုင်ရေး ချက်ခြင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မိုးစပါးထိခိုက်ဧကများအား ပြန်လည် ဖာထေးစိုက်ပျိုးရာတွင် သက်တမ်းတူ၊ မျိုးတူစိုက်ခင်းများမှ သားတက်ပွှားများရယူ စိုက်ပျိုးသွားရ မှာဖြစ်ပြီး ပျက်စီးဧကများအတွက် ကြိုတင်ပျိုးထောင်စနစ်ဖြင့် …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်
ပဲခူး နိုဝင်ဘာ ၇ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးမ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဆောင်းသီးနှံစိုက်ရာသီတွင် ဆီထွက်ပဲပုတ် တိုးချဲ့စိုက်ပျိုး နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး
ပဲခူး နိုဝင်ဘာ ၅ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးမ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပဲခူးမြို့၌ ဘက်စုံစိုက်ပျိုးမွေးမြူရေးစံပြစခန်း(ရွှေတန်) စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ
ပဲခူး နိုဝင်ဘာ ၄ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးမ…
ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၁.၈၅၇)သန်းနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ကျပ် (၃၆၉၆.၈၉၄)သန်း တိုးတက်ဝင်ရောက်ခဲ့
ပဲခူး နိုဝင်ဘာ ၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိုင်…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်
ပဲခူး နိုဝင်ဘာ ၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးမ…
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၈)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး
ပဲခူး နိုဝင်ဘာ ၂ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုဝင်ဘာလ ၂ ရက်နေ့၊ နံန…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)၌ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားစေရေး ကွင်းဆင်းဆောင်ရွက်
ပဲခူး နိုဝင်ဘာ ၂ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးမ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မား စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး
ပြည် နိုဝင်ဘာ ၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးမျ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပြည် အောက်တိုဘာ ၃၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ အောက်တိုဘာလ ၃…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲ၌ ဆုရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၃၀ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ ၃၀ ရက်နေ့၊ မွန်းလွဲပိုင်းက (၂၇…
နောက်ဆုံးရသတင်းများ
ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ဈေးပြိုင်စနစ်ဖြင့် ရောင်းချမည့် အခွင့်အရေးလိုင်စင်များအတွက် တင်ဒါခေါ်ယူခြင်း
ပြည် ဩဂုတ် ၈ ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးပြိုင်စနစ်ဖြင့် ရောင်းချမည့် အခွင့်အရေးလိုင်စင်များနှင့်ပတ်သက်၍ အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်းအား ပြည်တွင်းလုပ်ငန်းရှင်များ သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်——————
Read More »မျိုးဆက်သစ် ထူးချွန်သော အားကစားသမားများ ဖော်ထုတ်နိုင်ရေး အားကစားနည်းအလိုက် မြို့ပြနှင့် ကျေးလက်ဒေသမကျန် လူတစ်စု အားကစားမှ လူထုအားကစားအဖြစ် ဖော်ဆောင်သွားရန် တိုင်း ဒေသကြီး ဝန်ကြီးချုပ် တိုက်တွန်းမှာကြား
ပဲခူး ဩဂုတ် ၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဩဂတ်လ(၆)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ဖူဆယ်ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး ဖူဆယ်အားကစား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု ဖူဆယ်အသင်းမှ အားကစားသမား တစ်ဦးချင်းစီက မိတ်ဆက်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကျန်းမာသန်စွမ်းသူများ ပေါ်ထွက် လာစေရေးအတွက် အားကစားကဏ္ဍကို အလေးထားမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိရာ လူငယ်/ လူရွယ်များ အားကစားလုပ်ငန်းများတွင် ပါဝင်လာအောင် ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်အတွက် တန်ဖိုးရှိသော စွမ်းရည်ထက်မြက်သော နိုင်ငံ့သားကောင်းများ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင်နှင့် တက္ကသိုလ်များ အသက်(၂၀)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
ပဲခူး ဩဂုတ် ၆ ပဲခူးမြို့၊ ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်း၌ ဩဂုတ်လ(၅)ရက်နေ့ ညနေပိုင်းက ၂၀၂၄ ခုနှစ် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင်နှင့် တက္ကသိုလ်များ အသက်(၂၀)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ တောင်ငူခရိုင်အမျိုးသမီးဘောလုံးအသင်းနှင့် ညောင်လေးပင်ခရိုင်အမျိုးသမီးဘောလုံး အသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင် များက ကြည့်ရှု့အားပေးခဲ့ကြသည်။ ထို့နောက် ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်ရာ ပွဲစဉ်တစ်လျောက်နေရာအလိုက် အကောင်းဆုံးဆုရရှိသူ များနှင့် အကောင်းဆုံး အားကစားသမားဆုရရှိသူတို့အား တိုင်းရင်းသားရေးရာဝန်ကြီးနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးတို့က ဆုတံဆိပ်များနှင့် ငွေသားဆုများအား ပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် တတိယဆုရရှိသော ပြည်ခရိုင် အမျိုးသမီးဘောလုံးအသင်း၊ ဒုတိယဆုရရှိသော တောင်ငူခရိုင် အမျိုးသမီးဘောလုံးအသင်းတို့အား …
Read More »ဒုတိယအကြိမ် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေးအဖွဲ့မှ စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်း
ပဲခူး ဩဂုတ် ၆ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသည့် တပ်မတော် သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းအား ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဩဂုတ်လ(၆)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ တာဝန်ရှိသူများက ပဲခူးတိုင်း ဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးထံ စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့သည်။ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ် ထက်သန်စွာဖြင့် ဒို့တာဝန်အရေးသုံးပါကို ဦးထိပ်ထားကာ အသက်ကိုပဓာနမထားဘဲ စွမ်းစွမ်းတမံ ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများအတွက် တိုင်းဒေသကြီး/ပြည်နယ်အသီးသီမှ ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များ၊ တပ်မတော်ချစ်သူများက စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ဒုတိယအကြိမ်မြောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေး အဖွဲ့တို့မှ ပြည်သူများက တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တိုင်းပြည်အတွက် အနစ်နာခံမှု၊ ပေးဆပ်မှု၊ ကိုယ်စွန့်မှု၊ ရဲဝင့်စွန့်စားမှုများအပေါ် စေတနာမေတ္တာ တုံ့ပြန်သောအားဖြင့် ပဲခူးမြို့၊ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website