ဧပြီ ၁၆ ပဲခူး ================ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသော ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲ၊ ပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားအား ပဲခူးမြို့၊ ဆေးရုံဟောင်းလမ်းပေါ်ရှိ ဗဟိုမဏ္ဍပ်၌ ဧပြီလ(၁၆) ရက်နေ့၊ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပြိုင်ပွဲဝင် ယိမ်းအဖွဲ့(၂၁)ဖွဲ့အနက်မှ နှစ်သိမ့်ဆုရ ယိမ်းအဖွဲ့(၁၂)ဖွဲ့အား အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးတို့က ယိမ်း(၁)ဖွဲ့လျှင် ဂုဏ်ပြုဆုဖလားနှင့် ဂုဏ်ပြုဆုငွေ(၅)သိန်းကျပ်စီကိုလည်း ကောင်း၊ ဂုဏ်ပြုဆုရရှိသည့် ယိမ်းအဖွဲ့(၅)ဖွဲ့အား ဂုဏ်ပြုဆုဖလားနှင့် ဂုဏ်ပြုဆုငွေကျပ်(၇)သိန်းစီကို လည်းကောင်း၊ စတုတ္ထရရှိသည့် ဟံသာဝတီရပ်ကွက်ကိုယ်စားပြု မေတ္တာရေစင်ယိမ်းအဖွဲ့အား ဂုဏ်ပြုဆုဖလားနှင့် ဂုဏ်ပြုဆုငွေကျပ်(၁၀)သိန်းအား ဗိုလ်မှူးကြီးလှမျိုးရွှေနှင့် ဇနီးတို့ကလည်းကောင်း အသီးသီးဆုများ ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် တတိယဆုရရှိသည့် ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက် ကိုယ်စားပြု ပိတောက်ရွှေဝါယိမ်း အဖွဲ့အား ဂုဏ်ပြုဆုဖလားနှင့် ဂုဏ်ပြုငွေကျပ်(၁၅)သိန်းအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်နှင့်ဇနီးတို့ကလည်းကောင်း၊ ဒုတိယဆုရရှိသည့် ဘုရားကြီးမြို့ ကိုယ်စားပြု ခွန်းဆင့်သံသာနွေဦးကဗျာယိမ်းအဖွဲ့အား …
Read More »ပဲခူးမြို့၌ (၃၆)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်(ကမ္ဘာ့ကလေးများနေ့) ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၂၀ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ နိုဝင်ဘာလ(၂၀)ရက်နေ့၊ နံနက်ပိုင်းက (၃၆)နှစ်မ…
ပဲခူးတိုင်းဒေသကြီးမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၁၉ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နိုဝင်…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်
ပဲခူး နိုဝင်ဘာ ၁၈ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တော် ဘက်စုံဖွံ့ဖြိုးတိုးတက်သာယာစေရေး ကွင်းဆင်းဆောင်ရွက်ပေး
ပဲခူး နိုဝင်ဘာ ၁၅ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုဝင်ဘာလ(၁၅)ရက်နေ့၊ နံ…
ရာသီဥတု အခြေအနေကြောင့် ရက်ပြောင်းရွေ့ကျင်းပခဲ့ရသည့် ပဲခူးမြို့ တန်ဆောင်တိုင် မီးပုံးပျံလွှတ်တင် ပူဇော်ပွဲနှင့် တေးဂီတဖျော်ဖြေပွဲအား (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့တွင် စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၁၅ ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောဘုရား ယာဉ်ရပ်နားကွင်းအတွင်း၌ ရာသီဥတု…
ပဲခူးမြို့၌ ၂၀၂၅ ခုနှစ် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၁၄ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ နိုဝင်ဘာလ(၁၄)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅ ခုနှစ…
(၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုပဒေသာကပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်
ပဲခူး နိုဝင်ဘာ ၁၃ ပဲခူးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ နိုဝင်ဘာလ(၁၃)ရက်နေ့၊ နံနက်…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (B.Ed) (၅)နှစ်သင်တန်း အမှတ်စဉ်(၁၂)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်/စစ်ကိုင်း)သို့ တက်ရောက် မည့် သင်တန်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်
ပဲခူး နိုဝင်ဘာ ၁၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(…
ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ရှိ တောင်သူများအတွက် စပါးတိုက်ရိုက်မျိုးစေ့ချကိရိယာ(Drum Seeder) လွှဲပြောင်းပေးအပ်ပွဲ ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၁၂ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ နိုဝင်ဘာလ(၁၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး
ပဲခူး နိုဝင်ဘာ ၁၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ…
နောက်ဆုံးရသတင်းများ
မဟာသင်္ကြန်အတတ်နေ့ ပဲခူးမြို့ရှိ ရေကစားမဏ္ဍပ်များ၊ စတုဒီသာမဏ္ဍပ်များ၌ အများပြည်သူ လွတ်လပ် ပျော်ရွှင်စွာ ရေကစားနေမှုများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် လှည့်လည်ကြည့်ရှုအားပေး
ပဲခူး ဧပြီ ၁၄ ============= ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများသည် ဧပြီလ(၁၆) ရက်နေ့ မဟာသင်္ကြန်အတတ်နေ့ နံနက်ပိုင်းက ပဲခူးမြို့ရှိ ရေကစားမဏ္ဍပ်များ၊ စတုဒီသာမဏ္ဍပ်များတွင် အများပြည်သူ လွတ်လပ်ပျော်ရွှင်စွာ ရေကစားနေမှုနှင့် စတုဒီသာစားသုံးနေမှုတို့အား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့ရှိ မြန်မာ့ ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ဗဟိုရေကစားမဏ္ဍပ်သို့သွားရောက်၍ ဌာနဆိုင်ရာများ၏ ဖျော်ဖြေရေးယိမ်း အဖွဲ့များနှင့် ရပ်ကွက်အသီးသီးရှိ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များက သီဆိုကပြဖျော်ဖြေခြင်း၊ နိုင်ငံကျော်တေးသံရှင် များ၏ ဖျော်ဖြေတင်ဆက်မှုများအား ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသော လမ်းလျှောက်သင်္ကြန်ကျင်းပပြုလုပ်နေသည့် လမ်းဘေးဝဲယာတစ်လျှောက် ဌာနဆိုင်ရာ ရေကစားမဏ္ဍပ်၊ စတုဒီသာမဏ္ဍပ်များတွင် ရေကစားလာသူ ပြည်သူများ၊ စတုဒီသာလာရောက်သုံးဆောင်သူများဖြင့် အထူးစည်ကားလျှက်ရှိပြီး ရပ်ကွက်/ လမ်းများအလိုက် အများပြည်သူ ရေကစားမဏ္ဍပ်တို့တွင် လည်း ရေကစားသူများ၊ ရေပတ်ခံထွက်သူများဖြင့် …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သင်္ကြန်အကျနေ့တွင် ပဲခူးမြို့ရှိ ရေကစားမဏ္ဍပ်များ၌ အများပြည်သူ လွတ်လပ်ပျော်ရွှင်စွာ ရေကစားနေမှုများအား လှည့်လည်ကြည့်ရှုအားပေး
ပဲခူး ဧပြီ ၁၄ ============= ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးတို့သည် ဧပြီလ(၁၄)ရက်နေ့ သင်္ကြန်အကျနေ့ နံနက်ပိုင်းက အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့်အတူ သင်္ကြန်အကျနေ့တွင် ပဲခူးမြို့ရှိ ရေကစားမဏ္ဍပ်များတွင် ယိမ်းအဖွဲ့များကပြနေမှု၊ အများပြည်သူ လွတ်လပ်ပျော်ရွှင်စွာ ရေကစားနေမှုတို့အား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ် မိသားစုများ ၏ ရေကစားမဏ္ဍပ်သို့သွားရောက်ပြီး တပ်မတော်မိသားစုယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှု၊ ရေကစားနေမှု နှင့် စတုဒီသာကျွေးမွေးနေမှုများကို သွားရောက်ကြည့်ရှု့အားပေးပြီး တပ်မတော်မိသားစုဝင် ယိမ်းအဖွဲ့များ အတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ရာ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ တပ်ဖွဲ့ဝင်မိသားစု များက ဝန်ကြီးချုပ်ထံ ဂုဏ်ပြုပန်းခြင်း ပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့ရှိ မြန်မာ့ ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ဗဟိုရေကစားမဏ္ဍပ်သို့သွားရောက်၍ ဌာနဆိုင်ရာများ၏ ဖျော်ဖြေရေးယိမ်း အဖွဲ့များနှင့် ရပ်ကွက်အသီးသီးရှိ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များက သီဆိုကပြဖျော်ဖြေခြင်း၊ …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားအား စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ် ==========
ပဲခူး ဧပြီ ၁၃ ============ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ မြန်မာ့ ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဧပြီလ(၁၃)ရက်နေ့ နံနက်ပိုင်းအချိန်က တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့ရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်ဖွင့်ပွဲ နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပြီး ၁၃၈၄ ခုနှစ် ပဲခူးတိုင်းဒေသကြီး မြန်မာ့ ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်အား တိုင်းဒသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးနှင့် မြို့မိမြို့ဖတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များနှင့် ဧည့်ခံယိမ်းအဖွဲ့တို့မှ စုပေါင်း၍ တိုင်းလုံးပြည့်လျှံ ပဲခူးသင်္ကြန် သီချင်း၊ မြူမှောင်ဝေကင်းသီချင်းတို့ဖြင့် ပြိုင်တူသံပြိုင်သီဆို ကပြဖျော်ဖြေကြပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး …
Read More »ပဲခူးမြို့ ဆုတောင်းပြည့်စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီးအား သံဃာအပါး(၁၀၀၀)ဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဧပြီ ၁၁ ============ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှဦးဆောင်၍ ဧပြီလ(၁၁)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့ ဆုတောင်းပြည့်စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီးအား သံဃာအပါး(၁၀၀၀)ဖြင့် ဗုဒ္ဓါဘိသေက အနေ ကဇာတင်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဆုတောင်းပြည့်စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီး အလယ်ပစ္စယံ၌ ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ရာ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ပဲခူးမြို့နယ် ကျောင်းတိုက်အသီးသီးရှိ ပင့်သံဃာအပါး(၁၀၀၀)တို့မှ ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ကြသည်။ ထို့နောက် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း အလှူတော်မင်္ဂလာကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တပ်ရင်း/တပ်ဖွဲ့များ၊ အလှူရှင်များမှ သံဃာအပါး(၁၀၀၀)နှင့် သီလရှင်အပါး(၁၀၀)တို့အား ဆွမ်းဆန်စိမ်း နှင့် လှူဖွယ်ဝတ္တုပစ္စည်းများ လောင်းလှူပူဇော်ကြသည်။ ယင်းနောက် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေခြင်း …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website