နေ့စဉ်သတင်းများ

နောက်ဆုံးရသတင်းများ

ဒုတိယအကြိမ်​ ပဲခူးတိုင်း​ဒေသကြီး လွှတ်​​တော်​နဝမပုံမှန်​အစည်း​အ​ဝေး (စတုတ္ထ​နေ့)ကျင်းပပြုလုပ်

FI

ပဲခူး ဖေဖော်ဝါရီ ၁၉ ==================================== ဖေဖော်ဝါရီလ(၁၉)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးလွှတ်တော် အဆောက်အဦခန်းမ၌ ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသူ(၇၅)ဦးရှိပြီး (၆၇)ဦးတက်ရောက်ကာ အစည်းအဝေးသို့ မတက်ရောက်နိုင်သူများကို ခွင့်ပန်ကြားကာ လွှတ်တော်မှ အတည်ပြုချက်ရယူသည်။ ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြထားသော မေးခွန်း(၁၀)ခုအားမေးမြန်းရာ သက်ဆိုင်ရာ အစိုးရအဖွဲ့၀င်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှပြန်လည်ဖြေကြားကာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းနှင့် မြေယာကိစ္စရပ်များဆိုင်ရာကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတိုးနှင့်ပက်သက်၍ ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးမျိုးခိုင် ကဝမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှလည်းကောင်း၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်ပတ်သက်၍ ရေးရာကော်မတီ အတွင်းရေးမှူး ဦးသူရဇော် ဒိုက်ဦးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှလည်းကောင်း၊ စည်ပင်သာယာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ …

Read More »

ဒုတိယသမ္မတ ဦးမြင့်ဆွေ ခပေါင်းရေလွဲဆည်၊ ရေလှောင်တမံ၊ ရေအားလျှပ်စစ်စက်ရုံနှင့် ပဲခူးရိုးမ စိမ်းလန်းစိုပြေရေးဆောင်ရွက်ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေး

FI

ဖေဖော်ဝါရီ ၁၇ (အုတ်တွင်း) ==================================== ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ဖေဖော်ဝါရီလ (၁၇)ရက်နေ့ နံနက်ပိုင်းတွင် ခပေါင်းရေလွဲဆည်၊ ခပေါင်းရေ လှောင်တမံ၊ ခပေါင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံနှင့် ပဲခူးရိုးမစိမ်းလန်း စိုပြေရေးဆောင် ရွက်ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ဒုတိယသမ္မတဦးမြင့်ဆွေသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာစောညိုဝင်းနှင့် တာဝန်ရှိသူများ နှင့်အတူ နံနက် ၇နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်ရှိ ခပေါင်းရေလွဲ ဆည်သို့ရောက်ရှိပြီး ရေလွဲဆည်မှ မြောင်းမကြီးများအတွင်းသို့ စိုက်ပျိုး ရေပို့လွှတ်နေမှုများကို ကြည့်ရှုသည်။ ထို့နောက် ဒုတိယသမ္မတသည် ခပေါင်းရေလှောင်တမံသို့ရောက်ရှိရာ ရှင်းလင်း ဆောင်ရှုရပ်မှ ရေလှောင်တမံအတွင်း ရေသိုလှောင်မှုအခြေအနေများကို ကြည့်ရှုသည်။ ယင်းနောက် ဒုတိယသမ္မတအား ရှင်းလင်းဆောင်၌ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က ခပေါင်းရေလှောင်တမံ၏ ရေသိုလှောင်မှု၊ မိုးရေချိန်နှင့်ရေဝင်ရောက်မှု၊ စိုက်ပျိုးရေပေးဝေနိုင်မှု၊ တမံတည်နေရာ၊ တမံအမျိုးအစား၊ ရေပိုလွဲနှင့် ရေလွှဲဆည်တည်ဆောက်ထားရှိမှု၊ …

Read More »

ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာတွင် ကွန်ကရစ်လမ်းဖွင့်ပွဲသို့ ဝန်ကြီးချုပ် တက်ရောက်

FI

ဖေဖော်ဝါရီ ၁၇ (ဝေါ) ================================== ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ် ညောင်ခါးရှည်စံပြကျေးရွာတွင် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေနှင့် ကျေးရွာမှ အလှူ ရှင်များစုပေါင်းလှူ ဒါန်းဆောင်ရွက်ခဲ့သော ကွန်ကရစ်လမ်းဖွင့်ပွဲအား ဖေဖော်ဝါရီလ(၁၇)ရက်နေ့ နံနက်(၉)နာရီအချိန်က ညောင်ခါးရှည်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှေ့ မဏ္ဍာပ်တွင် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ညောင်ခါးရှည် အခြေခံပညာအထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်း(ခွဲ) ကျောင်းသား/သူများက “အလှဆုံးပြည်ထောင်စု”၊ “နိုင်ငံသစ်ဆီတို့လှမ်းချီ” တေးသီးချင်းတို့ဖြင့် ဖျော်ဖြေတင်ဆက်ပြီး ဝန်ကြီးချုပ်ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်တို့က အမှာစကားပြောကြားကာ ဝေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေးနှင့် ညောင်ခါးရှည်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးပြေဝင်းတို့မှ ကျေးဇူးတင်စကား ပြောကြားကြသည်။ ထို့နောက် ညောင်ခါးရှည်စံပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းသား/သူများက “လောကအားမာန်”၊ “စည်းလုံးစို့လေသွေးချင်းတို့မြေ” သီချင်းဖြင့် ဖျော်တင်ဆက်ကြသည်။ ယင်းနောက် ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် ကျေးရွအုပ်ချုပ်ရေးမှူးတို့က ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လမ်းတစ်လျှောက်လှည့်လည် ကြည့်ရှုကြသည်။ အဆိုပါအခမ်းအနားသို့ …

Read More »

(၁)ရက်လျှင် အမှိုက်တန်(၁၀၀)ခြေဖျက်နိုင်သည့် စက်ရုံတည်ဆောက်ရန် ဆွေးနွေး

FI

ဖေဖော်ဝါရီ ၁၆ (ပဲခူး) ====================           ဖေဖော်ဝါရီလ (၁၆)ရက်နေ့၊ မွန်းလွဲ(၄)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးမြို့တွင် (၁)ရက်လျှင် အမှိုက်တန်(၁၀၀)ခြေဖျက်နိုင်သည့် စက်ရုံ တည်ဆောက်ရန် ထိုင်းနိုင်ငံအခြေစိုက်၊ Organics Co., Ltd မှ Mr. A. Hoffmann von Waldau  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်ရှင်းလင်းတင်ပြသည်။           ရှေးဦးစွာ Mr. A. Hoffmann von Waldau မိမိတို့ကုမ္ပဏီသည် အင်္ဂလန်နိုင်ငံထုတ် စက်ပစ္စည်းများဖြင့်သာ တပ်ဆင်အသုံး ပြုသွားမည်ဖြစ်ပြီး တစ်ရက်လျှင် အမှိုက်တန်(၁၀၀)ခန့် ဖျက်ဆီးပေးနိုင်ပြီး၊ လောင်စာထောင့်များနှင့် အခြား ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ပြန်လည်ထုတ်လုပ် ပေးသွားမည်ဖြစ်ပါကြောင်း တင်ပြ ဆွေးနွေးခဲ့သည်။           ထို့နောက် ဝန်ကြီးချုပ်က ပဲခူးမြို့သည် နောင်အနာဂတ်တွင် စီးပွားရေး မဟာဗျူဟာအရ အရေးပါလာမည့် မြို့တော်တစ်ခုဖြစ်လာနိုင်ကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်သည့် …

Read More »

ပဲခူးတိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ၏ (၂/၂၀၁၈) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

FI

ဖေဖော်ဝါရီ ၁၆ (ပဲခူး) ==================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာခန်းမ၌ ဖေဖော်ဝါရီလ (၁၆) ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က  ပဲခူးတိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ၏ (၂/၂၀၁၈) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် တိုင်းဒေသကြီးမြေ/စစ်ကော်မတီအနေဖြင့် သိမ်းဆည်းမြေယာအမှုတွဲများအပေါ် ဆုံးဖြတ်ချက်များ ချမှတ်ရမည်မဟုတ်ပဲ အောက်ခြေကော်မတီအဆင့်ဆင့်မှ တင်ပြလာမှုများကို သုံးသပ်ပြီး ဗဟိုမြေ/စစ် အဖွဲ့သို့ အကြံပြုတင်ပြပေးရမှာဖြစ်ကြောင်း၊ အောက်ခြေမြေ/စစ်ကော်မတီများကိုလည်း စာရင်းအင်း အချက်အလက်များ မှန်ကန်မှုရှိစေရန်နှင့် ပြန်လည်စွန့်လွှတ်သည့်မြေများကို ပြဌာန်းထားသည့် မြေယာ ဥပဒေနှင့်အညီ မူလတောင်သူများထံသို့ အမြန်ဆုံးပြန်လည်ရောက်ရှိစေရေး ဆောင်ရွက်ပေးသွားရန် မှာကြားခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၊ အတွင်းရေးမှူး ဦးမင်းသိန်းမှ …

Read More »