ပဲခူး စက်တင်ဘာ ၁၁ ===================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်း၌ စက်တင်ဘာလ(၁၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်း ဒေသကြီးမီးသတ်ဦးစီးဌာနသို့ မီးငြှိမ်းသတ်ယာဉ်များ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်(၇၂၀)သန်းဖြင့် ဝယ်ယူခဲ့သည့် 6×6 Fire Fighting Vehicle (Water 2800 Gal & Foam 900 Gal)ပါ မီးငြှိမ်းသတ်ယာဉ် (၆)စီးအား ပဲခူးတိုင်း ဒေသကြီးမီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး မီးငြှိမ်းသတ်ယာဉ်များ အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မီးငြှိမ်းသတ်ယာဉ်များ၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပတ်သက်သည့် ဆက်စပ်ပစ္စည်းများအား နှစ်စဉ်ရန်ပုံငွေလျာထား ဝယ်ယူပေးလျက်ရှိကြောင်း၊ မီးသတ် စခန်းများတွင် လူအသင့်၊ ယာဉ်/စက်အသင့်၊ ဆီအဆင့်၊ ရေအသင့် …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
ဒိုက်ဦး ဖေဖော်ဝါရီ ၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း ပြည်ပပို့ကုန် တန်ဖိုးမြင့်ပေါ်ဆန်းမွှေး စပါးမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုဖြည့်ဆည်းပေး
တောင်ငူ ဖေဖော်ဝါရီ ၄ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်
ပဲခူး ဖေဖော်ဝါရီ ၃ ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ယာဉ်ရပ်နားကွင်း၌ …
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ (၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကျင်းပပြုလုပ်
ပဲခူး ဖေဖော်ဝါရီ ၂ (၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို ပဲခူးမြို့၊ မြို့တော်ခန်း…
ပြည်မြို့၌ ပဉ္စမအကြိမ်မြောက် ဆေးပဌာန်းအောင်ပွဲနှင့် ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနား ကျင်းပပြုလုပ်
ပြည် ဖေဖော်ဝါရီ ၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သည့် ပဉ္စမအကြိမ်မြော…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြိုနယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှု
ပြည် ဖေဖော်ဝါရီ ၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ မွန်းလွဲပိုင်း…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင် ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
ပန်းတောင်း ဇန်နဝါရီ ၃၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်က…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေး
သာယာဝတီ ဇန်နဝါရီ ၃၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး
ပဲခူး ဇန်နဝါရီ ၂၈ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇန်နဝါရီလ ၂…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တို့ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကျင်းပနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး ဇန်နဝါရီ ၂၅ ပဲခူးခရိုင်အတွင်း ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကျင်းပ…
နောက်ဆုံးရသတင်းများ
တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ အသက်ရှူအထောက်အကူပြုစက်ပစ္စည်းများ လာရောက်လှူဒါန်း
ပဲခူး စက်တင်ဘာ ၉ =================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ စက်တင်ဘာလ(၉)ရက်နေ့၊ နံနက်ပိုင်းက ဆေးရုံသုံး အသက်ရှူ အထောက် အကူပြုစက်ပစ္စည်းများ လာရောက်လှူဒါန်းခဲ့သည်။ ရှေးဦးစွာ အလှူရှင်ဒေါ်မြတ်သီတာက တိုင်းဒေသကြီးအတွင်းရှိ လိုအပ်သော အထွေထွေရောဂါကု ဆေးရုံကြီးတွင် အသုံးပြုရန်အတွက် အသက်ရှူအထောက်အထောက်အကူပြုစက်ပစ္စည်းများဖြစ်သော (Aerospace Changfeng Medical MCM812A Ventilator) လာရောက်လှူဒါန်းမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ၎င်းနောက် အလှူရှင်မိသားစု များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပြန်လည်ပေးခဲ့ပြီး အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ ကြသည်။ အဆိုပါ အသက်ရှုအထောက်အထောက်အကူပြုစက်ပစ္စည်းများဖြစ်သော (Aerospace Changfeng Medical MCM812A Ventilator)အား တိုင်းဒေသကြီးအတွင်းရှိ လိုအပ်သော အထွေထွေရောဂါကု ဆေးရုံကြီးရှိ အထူးကြပ်မတ်ကုသဆောင်တွင် တပ်ဆင်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။
Read More »၂၀၂၂ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်
ပဲခူး စက်တင်ဘာ ၈ ====================== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၂ ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက လူတိုင်းအတွက် ပညာရေးသီချင်းဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဂုဏ်ပြုငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမှာစကား ပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူတိုင်းစာတတ်မြောက်ရေးသည် အဓိကအရေးကြီးအပိုင်းတွင် ပါဝင်လျက်ရှိကြောင်း၊ စာတတ်မြောက်ခြင်းသည် လူသားအားလုံးအတွက် ပို၍တည်တံ့ခိုင်မြဲသော အနာဂတ်ကို တည်ဆောက်ရာတွင် အခြေခံအုတ်မြစ်တစ်ခုဖြစ်ကြောင်း၊ စာမတတ်ခြင်းသည် လူ့အဖွဲ့အစည်းတစ်ခုလုံးကို အမှား/အမှန် မခွဲခြားနိုင်ဘဲ အကြမ်းဖက်မှု၊ ပဋိပက္ခများနှင့် ဆင်းရဲမွဲတေမှုတို့ကို ဖြစ်ပေါ်စေနိုင်သည့် အကျိုးသက်ရောက် …
Read More »ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ပဲခူးမြို့နယ်အတွင်းရှိ စက်ရုံ/အလုပ်ရုံများသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုစစ်ဆေး
ပဲခူး စက်တင်ဘာ ၇ ================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ရုံး တာဝန်ရှိသူများ လိုက်ပါလျက် စက်တင်ဘာလ(၇)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်းရှိ ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး စက်ရုံ/အလုပ်ရုံများသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှု စစ်ဆေး ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ ကလိ(တပ်ကလေး)ကျေးရွာအနီး၊ မြန်မာမုဒိတာဖောင်ဒေးရှင်း စက်မှုနယ်မြေ အတွင်း SUDEY အထည်ချုပ်စက်ရုံ၊ ပဲခူးမြို့၊ အနောက်ဘက် မြို့ရှောင်လမ်း ဘေးရှိ SPC Adidas ဖိနပ်စက်ရုံနှင့် Pungkook Myanmar အိတ်အမျိုးမျိုး ထုတ်လုပ်သည့် စက်ရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် သက်ဆိုင်ရာစက်ရုံတာဝန်ရှိသူများက ကုမ္ပဏီ၏ သမိုင်းကြောင်း၊ လက်ရှိလုပ်ငန်း ဆောင်ရွက်နေမှု၊ ဒေသခံဝန်ထမ်း ခန့်ထားနိုင်မှုနှင့် စက်ရုံ၏ အနာဂတ် ရည်မှန်းချက်များအား Power Point …
Read More »ပဲခူးတိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမားများ ဂုဏ်ပြုပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်
ပဲခူး စက်တင်ဘာ ၆ ======================= ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၆)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့် ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အားကစားသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ကျန်းမာကြံ့ခိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယကြီးမားမှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ပေါ်လွင်စေနိုင်ပြီး တရားမျှတမှုရှိသည့် စွမ်းရည်ပြ ယှဉ်ပြိုင်မှုပင်ဖြစ်ပါကြောင်း၊ နိုင်ငံတကာပြိုင်ပွဲများနှင့် တိုင်းဒေသကြီး/ ပြည်နယ်ပြိုင်ပွဲများတွင် အနိုင်မခံ၊ အရှုံးမပေးစိတ်ဖြင့် ရိုးသားကြိုးစားစွာ ပြိုင်ပွဲဝင်ခဲ့ကြပြီး ထိုက်တန်သော ဆုတံဆိပ်များ ဆွတ်ခူးရယူပေးနိုင်ခဲ့ကာ နိုင်ငံတကာအလယ်မှာ နိုင်ငံတော်အလံကိုလွှင့်တင်ပြီး နိုင်ငံတော် သီချင်းကိုလွင့်ပျံအောင် စွမ်းဆောင်ကြိုးပမ်းခဲ့သူများအတွက် မိမိတို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုင်ငံဂုဏ်ဆောင် အားကစားသမားများ၊ အုပ်ချုပ်သူ၊ နည်းပြများအားလုံးကို ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း၊ နိုင်ငံဂုဏ်နှင့် ပဲခူးတိုင်းဒေသကြီး၏ဂုဏ်ကို မြှင့်တင်ပေးခဲ့သည့် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website