နောက်ဆုံးရသတင်းများ

အမှိုက်မှ လယ်ယာသုံးစက်ကိရိယာအတွက် ဒီဇယ်ဆီထုတ်ယူမည့်စက်ရုံ တည်ဆောက်နိုင်ရန် ဆွေးနွေး

FI

ဒီဇင်ဘာ ၁၉ (ပဲခူး) ==================================        ဒီဇင်ဘာလ(၁၉)ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်ရုံးခန်း၌ ဂျပန်နိုင်ငံအခြေစိုက်  Garbage Collection Co., မှ Mr. Hosono ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံသည်။           ရှေးဦးစွာ Mr. Hosono က ပဲခူးတိုင်းဒေသကြီးအတွင်း၌ အမှိုက်မှ လယ်ယာသုံး စက်ကိရိယာများအတွက် ဒီဇယ်ဆီပြန်လည်ထုတ်ယူနိုင်မည့် စက်ရုံတည်ဆောက်နိုင်ရန် လာရောက် တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ပါကြောင်း၊ စက်ပစ္စည်းများအား ဂျပန်နိုင်ငံအစိုးရမှ ODA နှစ်ရှည် ချေးငွေဖြင့် ရောင်းချပေးမည်ဖြစ်ပြီး မိမိတို့ကုမ္ပဏီမှ နည်းပညာများ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း တင်ပြဆွေးနွေးခဲ့သည်။          ထို့နောက် ဝန်ကြီးချုပ်က အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်လာသည့် စက်ရုံ/အလုပ်ရုံများ၊ လူဦးရေများနှင့် မြို့ပြများမှ ထွက်ရှိလာမည့် အမှိုက်များအား သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိစေဘဲ ဖျက်ဆီးရန် ကြိုတင်စီမံဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ သန့်ရှင်းလှပသည့် …

Read More »

ပဲခူးတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဥပဒေ(မူကြမ်း) ပြည်သူ့အသံကြားနာပွဲ အခမ်းအနားကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၁၉ (ပဲခူး) =================================== ဒီဇင်ဘာလ(၁၉)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ပဲခူးတိုင်းဒေသကြီး လွှတ်တော်မှဦးဆောင်၍ တိုင်းဒေသကြီး ရေချိုငါးလုပ်ငန်း ဥပဒေ(မူကြမ်း) ပြည်သူ့အသံကြားနာပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်က အမှာစကားပြောကြားရာတွင် ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒဟူသော ဆောင်ပုဒ်နှင့်အညီ ပြည်သူများ၏ အသံကိုကြားနာပြီး ပြည်သူများ၏ ဆွေးနွေးတင်ပြချက်များ၊ အကြံပြုချက်များ၊ တောင်းဆိုချက်များကို အလေးအနက် မှတ်သားကာ အများ၏ဆန္ဒနှင့်အညီ ဥပဒေရေးဆွဲ၊ တင်သွင်း၊ အတည်ပြု၊ ပြဌာန်းခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်း၊ လွှတ်တော်၏ အဓိကတာဝန်မှာ ဥပဒေပြုခြင်း၊ တည်ဆဲဥပဒေများ ပြင်ဆင်ခြင်း၊ ရုပ်သိမ်းခြင်းနှင့် အသစ်ပြန်လည် ရေးဆွဲခြင်းများဖြစ်ကြောင်း၊ ဥပဒေပြုလုပ်ငန်းများအစသည် ဥပဒေကြမ်းများအား တင်သွင်းခြင်းဖြစ်သည့်အတွက် ပဲခူးတိုင်းဒေသကြီး ရေချိုးငါးလုပ်ငန်း ဥပဒေကြမ်း ကိုဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အဌမပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့ပြီးဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်တွင် …

Read More »

ပဲခူးမြို့နယ်အတွင်းရှိ အသက်(၉၀)နှစ်အထက် ဘိုး/ဘွား(၃၉၄)ဦးအား တတိယအကြိမ် လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်

FI

ဒီဇင်ဘာ ၁၉ (ပဲခူး) ================================== ဒီဇင်ဘာလ(၁၉)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံး၊ အစည်းအဝေးခန်းမ၌ ပဲခူးမြို့နယ်အတွင်းရှိ အသက်(၉၀)နှစ်အထက် ဘိုး/ဘွား(၃၉၄)ဦးအား တတိယအကြိမ် လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ဝါဝါဝင်းကျော်က အသက်(၉၀)နှစ်အထက် ဘိုး/ဘွားများအား တတိယအကြိမ် လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ပဲခူးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ ဘိုး/ဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ ပေးအပ်နိုင်ရန် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများထံ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိတို့က ပေးအပ်ကြသည်။ လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ရာတွင် (၃)လတစ်ကြိမ် ပေးအပ်ခြင်းဖြစ်ပြီး ယခုတတိယအကြိမ်အနေဖြင့် ၂၀၁၇ခုနှစ်၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ(၃)လအတွက် ပဲခူးမြို့နယ်အတွင်းရှိ ရပ်ကွက်(၄၀)ရပ်ကွက်၊ ကျေးရွာ(၆၆)ရွာတို့မှ (၉၀)နှစ်အထက် အဘိုး/အဘွား(၃၉၄)ဦးအား ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်။ ပဲခူးတိုင်းဒေသကြီးအတွင်း …

Read More »

(၈၀)ပြည့်နှစ်မြောက် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနား ကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၁၈ (ပဲခူး) ================================= ပဲခူးတိုင်းဒေသကြီး မင်းလှမြို့၊ အားကစားကွင်း၌ ဒီဇင်ဘာလ(၁၈)ရက်၊ ကရင်နှစ် ၂၇၅၇ခုနှစ်၊ ပြာသိုလဆန်း(၁)ရက်နေ့ နံနက်(၅:၃၀)နာရီအချိန်က (၈၀)ပြည့်နှစ်မြောက် တိုင်းဒေသကြီးအဆင့် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ကရင်အမျိုးသားသီချင်းသီဆို၍ အလံတင်အခမ်းအနားပြုလုပ်ကာ တက်ရောက်လာကြသူများက အလံတော်ကို အလေးပြုကြပြီး ကြို့ပင်ကောက်ဆရာတော် ဦးသုန္ဒရနှင့် သိက္ခာတော်ရဆရာတော် စောသက်စေးတို့က နှစ်သစ်အတွက် ဆုတောင်းမေတ္တာ ပို့သကြသည်။ ထို့နောက် အခမ်းအနား ဒုတိယပိုင်း ဆက်လက်ကျင်းပရာ သဘာပတိအဖွဲ့နေရာယူပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် တိုင်းရင်းသား ကရင်အမျိုးသားအလံတို့အား အလေးပြုကာ အလှည့်ကျသဘာပတိ ဒေါက်တာစောကြည်စိုးက အဖွင့်အမှာစကား ပြောကြားပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်ထံမှ ပေးပို့သော နှစ်သစ်ကူးသဝဏ်လွှာကို ဖတ်ကြားသည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ကရင်နှစ်သစ်ကူးပွဲတော်သည် အမျိုးသားစည်းလုံးညီညွတ်မှုကို ဖော်ဆောင်ပွဲတစ်ခုဖြစ်ကြောင်း၊ ယခုအချိန်အခါသည် နိုင်ငံတော်အစိုးရမှာ ငြိမ်းချမ်းရေးကို …

Read More »

(၈၀)နှစ်ပြည့်ပဲခူးတိုင်းဒေသကြီးအဆင့်ကရင်နှစ်သစ်ကူးပွဲတော်ဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးချုပ်တက်ရောက်

FI

ဒီဇင်ဘာ ၁၈ (ပဲခူး) =================================== ဒီဇင်ဘာလ(၁၇)ရက်နေ့၊ ညနေ(၅:၃၀)နာရီအချိန်က မင်းလှမြို့ အားကစားကွင်း၌ (၈၀)နှစ်ပြည့် ပဲခူးတိုင်းဒေသကြီးအဆင့် ကရင်နှစ်သစ်ကူးပွဲတော်ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပွယ်စေးနှင့် သာယာဝတီခရိုင် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဌ စောသောင်းကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဘင်ခရာတပ်ဖွဲ့နှင့်အတူ တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ ကရင်နှစ်သစ်ကူးနေ့သည် ကရင်တမျိုးသားလုံး၏ အထွဋ်အမြတ်ထားသော နေ့ထူးနေ့မြတ်တစ်ခုဖြစ်ပြီး မြန်မာလ၏ ပြာသိုလဆန်း (၁) ရက်နေ့သည် ကရင်ပြက္ခဒိန်အရ ပထမဆုံးလဖြစ်သောကြောင့်ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် အခမ်းအနားပွဲကို ၁၉၃၈ ခုနှစ်မှ စတင်ကျင်းပခဲ့သည်။ ကရင်နှစ်သစ်ကူးပွဲတော်တွင် ဖါးစည်တီးခြင်း၊ ၀ါးညှပ်အက ၊ ဒုံးယိမ်းအကစသည့် ကရင်ရိုးရာဖျော်ဖြေပွဲများ ဖြင့်ကျင်းပကြကြောင်းသိရသည်။

Read More »