ပဲခူး ဩဂုတ် ၁၆ ======================= ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု တိုင်းဒေသကြီးအဆင့် အထိမ်းအမှတ် အခမ်းအနားအား ဩဂုတ်လ(၁၅)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကျန်းမာသန်စွမ်း သည့် လူ့အဖွဲ့အစည်း တည်ဆောက်နိုင်ရန်နှင့် လူတစ်ဦးချင်းစီ၏ ပျှမ်းမျှ သက်တမ်း တိုးမြှင့်နိုင်ရေးအတွက် ကျောင်းသားလူငယ်များ ကျန်းမာရေးအဆင့် အတန်းမြင့်မားရေးသည် အဓိကကျသောကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအနာဂတ်သည် ပညာရေးနှင့်ကျန်းမာရေး ပေါ်တွင် မူတည်လျက်ရှိရာ ဉာဏ်ရည်ထက်မြတ်ပြီး ကျန်းမာသန်စွမ်းမှသာ အနာဂတ်နိုင်ငံတော်ကို ဦးဆောင်နိုင်မှာဖြစ်သည့်အတွက် ကျောင်းသားလူငယ်များ၏ ကျန်းမာရေးကို အထူးဂရုပြု ပြုစုပျိုးထောင်ပေးသွားရမှာဖြစ် ကြောင်း၊ ပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်း မြှင့်တင်ပေးနိုင်ရန်အတွက် အခြေခံကျသည့် ကျောင်းကျန်းမာရေးလုပ်ငန်းများကို အဓိကဦးစားပေးလုပ်ငန်းအဖြစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းသားလူငယ် များအနေဖြင့် ကျန်းမာရေးကို ထိခိုက်စေသည့် အမူအကျင့်များကို …
Read More »အထူးသတိပေး နှိုးဆော်ချက်
ပဲခူး ဧပြီ ၁ ဧပြီလ ၁ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အတွင်း အပူလှိုင်းဖြတ်သန်းမည်ဖြစ်ပြီး လက်ရှိအချ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
တောင်ငူ မတ် ၂၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက်…
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် ( ၂၃/၂၀၂၆) သင်တန်းဖွင့်ပွဲကျင်းပ
အုတ်တွင်း မတ် ၂၃ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှ…
တိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ဂုဏ်ပြုချီးမြှင့်အပ်နှင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၁၇ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၁၇)ရက်နေ့၊ နံနက်ပိုင်းက ဂုဏ်ထူးဆောင်လက်မှတ်မ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက် အခမ်းအနားသို့ တက်ရောက်
ပဲခူး မတ် ၁၆ တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက် အခမ်းအနားအား တိုင်းဒေသကြီး လွှတ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တော် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေ သည့် တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေး
ပဲခူး မတ် ၁၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၅ခုနှစ်၊ စာအောင်ဆုဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
ပဲခူး မတ် ၁၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ ဓမ္မာစ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (တတိယနေ့) သင်္ချာဘာသာရပ် စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး မတ် ၁၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများန…
ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ အသစ်တည်ထားတော်မူသော ပါဒစေတီတော်မြတ် ကြီး ဖွင့်လှစ်ပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၁၁ ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ မတ်လ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး မတ် ၁၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများန…
နောက်ဆုံးရသတင်းများ
(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အကြို တူယှဉ်နွှဲပျော် ဂီတပွဲတော် Season-2 ဆုပေးပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတက်ရောက်ချီးမြှင့်
ပဲခူး ဩဂုတ် ၁၅ ====================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေး နေ့အကြို တူယှဉ်နွှဲပျော်ဂီတပွဲတော် ဆုပေးပွဲအခမ်း အနားအား ဩဂုတ်လ(၁၅)ရက်နေ့ နံနက်ပိုင်း၌ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိခရိုင်(၆)ခုမှအဆိုရှင်(၁၂)ဦးတို့က နှလုံးသားကိုအလှဆင်ပါ သီချင်းဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ခဲ့ကြရာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရား လွှတ်တော် တရားသူကြီးချုပ် နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ကြည့်ရှု အားပေးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အကြို တူယှဉ်နွှဲပျော်ဂီတပွဲတော် ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူ များကလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြသည်။ ယင်းနောက် တတိယဆုရရှိသူ တောင်ငူခရိုင်ကိုယ်စားပြု ဒေါ်မြမြသက်အား အမှတ်(၇၇)ခြေမြန် …
Read More »တို်ငးဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် စတုတ္ထအကြိမ်မြောက် ဓါတ်မြေဩဇာပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်
ဒိုက်ဦး ဩဂုတ် ၂ ======================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဩဂုတ်လ(၂)ရက်နေ့၊ နံနက်ပိုင်းက ဒိုက်ဦးမြို့နယ်အတွင်း တောင်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ပေါက်တပင် မျိုးသန့်ခြံသို့ ရောက်ရှိခဲ့ရာ မျိုးသန့်ခြံဆိုင်ရာအချက် အလက်များအား မျိုးသန့်ခြံ တာဝန်ခံမှ ရှင်းလင်း တင်ပြခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖောင်တော်သီကျေးရွာအုပ်စု၊ ဗျိုင်းချယ်ကျေးရွာအုပ်စုနှင့် ကတုတ်ဘုရားကြီး ကျေးရွာအုပ်စုတို့ရှိ နွေးစပါး စိုက်တောင်သူ(၈၄)ဦးအတွက် ဓါတ်မြေဩဇာ(၂၀၂) အိတ်အား ထောက်ပံ့ပေးအပ်ခဲ့ပြီး တစ်နှစ်(၃)သီး စိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ နွေစပါးစိုက်ပျိုးရေရရှိရေးနှင့် ဒေသကြက်မွေးမြူနိုင်ရေး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ စိုက်ပျိုးရေးခြံအတွင်း ဒေသခံတောင်သူများ အတွက် မှော်ဘီ(၃)နှင့်ဆင်းသုခ မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်း(၆၅)ဧကအား ကြည့်ရှုစစ်ဆေးခဲ့သည်။ …
Read More »လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဩဂုတ် ၁ ==================== ပဲခူးတို်ငးဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဩဂုတ်လ(၁)ရက်နေ့၊ နံနက်ပိုင်းက လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ တို်ငးဒေသကြီးအတွင်း၌ ခရိုင်(၆)ခု၊ မြို့နယ်(၂၈)မြို့နယ်ရှိပြီး နေရာဒေသမရွေး အချိန်နှင့်တစ်ပြေးညီ သွားလာနိုင်ကြောင်း၊ ဒေသတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးရှိမှသာ ဖော်ဆောင်ပေးနိုင် မှာဖြစ်သဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်(၄)ရပ်တွင်ပါရှိသည့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်ရန် တာဝန်ရှိကြောင်း၊ လိုအပ်လာပါက နည်းပညာ အကူအညီ ရယူ၍ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နယ်မြေအလိုက် တာဝန်ပေးအပ်ထားသည့် နယ်ထိန်းများအနေဖြင့် နယ်ထိန်းလုပ်ငန်း များကို တိတိကျကျ ပီပီပြင်ပြင် ဆောင်ရွက်ကြရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက််ရန်လိုအပ်ကြောင်း၊ မြို့နယ်အလိုက် …
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တွင်းဈေးများ ပြန်လည်အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး ဇူလိုင် ၃၁ ====================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ(၃၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့တွင်းဈေးများ ပြန်လည်အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ဘုရားဈေးသို့ ရောက်ရှိခဲ့ရာ ဈေးရုံများ ပြန်လည်အဆင့်မြှင့်တင်ပေးနိုင်ရေး မြေပြင်သန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး ခဲ့ပြီး ဈေးအတွင်း ရေဝင်ရောက်မှုမရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ ရေနုတ်မြောင်းများ ပိတ်ဆို့မှုမရှိစေရေး၊ ယာယီဈေးဆိုင်ခန်း နေရာချထားပေးနိုင်ရေး၊ ဈေးအတွင်း ကွန်ကရစ်လမ်းများခင်းရန်၊ ဈေးပတ်လမ်း ကျူးကျော်မှုမရှိစေရေးနှင့် ခြံစည်းရိုးကာရံနိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဗဟိုကုန်စိမ်းသားငါးဈေးသို့ ရောက်ရှိခဲ့ပြီး ကားအဝင်/အထွက်လမ်းများ ကောင်းမွန်စေရေး၊ ဈေးအတွင်း သန့်ရှင်းသပ်ရပ်စေရေးနှင့် အမှိုက်သိမ်းစနစ် ကောင်းမွန်စေရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website