ပဲခူး ဇူလိုင် ၇ ================== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင် လ(၇)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေး(၈/၂၀၂၁)အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက COVID-19 ရောဂါပိုးသည် ကူးစက်မှုအရမ်းမြန်သလို သေဆုံးမှုနှုန်းလည်း မြှင့်တက်လျက်ရှိ၍ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများအနေဖြင့် အောက်ခြေဝန်ထမ်းများအထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေရေး ထပ်ဆင့်အသိပေးရန်၊ မိုးရာသီ ဖြစ်၍ ရေကြီးနိုင်သည့်နေရာများ၊ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ၊ တာကျိုးပေါက်နိုင်သည့် နေရာအား ကြိုတင်စစ်ဆေးထားရန်နှင့် ၎င်းနေရာရှိ ပြည်သူများအား ကြိုတင်သတိပေးထားခြင်း များ စီစဉ်ဆောင်ရွက်ထားရန်၊ လိုအပ်သော သဘာဝဘေး ကယ်ဆယ်ရေးလုပ်ငန်းစဉ်များ၊ သဘာဝဘေးကာကွယ်ရေးပစ္စည်း ကြိုတင်စုဖွဲ့ထားရှိရန်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ အထောက်အကူပြုအဖွဲ့ဝင်များအားလုံး ကျန်းမာရေးသတိ၊ …
Read More »အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၈)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး
ပဲခူး နိုဝင်ဘာ ၂ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုဝင်ဘာလ ၂ ရက်နေ့၊ နံန…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)၌ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားစေရေး ကွင်းဆင်းဆောင်ရွက်
ပဲခူး နိုဝင်ဘာ ၂ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးမ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မား စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး
ပြည် နိုဝင်ဘာ ၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးမျ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပြည် အောက်တိုဘာ ၃၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ အောက်တိုဘာလ ၃…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲ၌ ဆုရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၃၀ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ ၃၀ ရက်နေ့၊ မွန်းလွဲပိုင်းက (၂၇…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကဝမြို့နယ်၊ သနပ်ပင်မြို့နယ်နှင့် ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး အောက်တိုဘာ ၂၉ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြ…
ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း အောင်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၂၈ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ရှ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ သီတင်းကျွတ်လပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့၌ ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဆီမီး(၁၀၀၀၀)ဆက်ကပ်လှူဒါန်းပူဇော်
ပဲခူး အောက်တိုဘာ ၂၇ ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ယမန်နေ့ညပိုင်း…
ပဲခူးမြို့ သံဃမဟာပဝါရဏာပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ လောင်းလှူပူဇော်ကြည်ညို
ပဲခူး အောက်တိုဘာ ၂၇ ပဲခူးမြို့ သံဃမဟာပဝါရဏာပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ပဲခူးတိုင်းဒေ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် လယ်ယာသုံးစက်ကိရိယာနှင့် ဒေသထွက်ကုန် MSMEs ဈေးရောင်းပွဲတော် ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၂၆ ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ယာဉ်ရပ်န…
နောက်ဆုံးရသတင်းများ
COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းစဉ်များအား အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အထူးအလေးထား ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြား
ပဲခူး ဇူလိုင် ၅ ================ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဇူလိုင်လ(၅) ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၈/၂၀၂၁) အား Online Zoom Meeting System ဖြင့် ကျင်းပခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ယခု COVID-19 ရောဂါပိုးသည် အလွန်ကူးစက်မှု မြန်ဆန်ပြီး သေဆုံးမှုနှုန်းလည်း မြင့်မားလျက်ရှိသည်ကို နေ့စဉ်သတင်းတင်ပြချက်များအရ သိရှိနေရကြောင်း၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် Mobile Lab စနစ်ကိုအသုံးပြုပြီး ရပ်ကွက်/ကျေးရွာများအထိ စစ်ဆေးဆောင်ရွက်ပေး မည်ဖြစ်ကြောင်း၊ ဒါမှသာ ကျန်းမာရေးအတွက် လိုအပ်ချက်များကို အချိန်မီသိရှိနိုင်ပြီး ချက်ခြင်း ဖြေရှင်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည့် စာသင်ကျောင်းများ နှင့် Stay at …
Read More »ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ငါးမျိုးစိုက်ထည့်ခြင်းနှင့် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားများသို့တက်ရောက်
ပဲခူး ဇူလိုင် ၂ ——————— ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၂)ရက်နေ့ နံနက်(၈)နာရီအချိန်က ပဲခူးမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်တို့တွင် ကျင်းပပြုလုပ်သည့် ငါးမျိုး စိုက်ထည့်ခြင်းနှင့် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားများသို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၄၆)မိုင် (၂)ဖာလုံအနီး ပဲခူးမြို့နယ်အတွင်းရှိ ဝါးကတုတ်ဆည်သို့ သွားရောက်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဝါးကတုတ်ဆည်အတွင်း၌ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ တက်ရောက်ကာ ဆည်အတွင်းသို့ ငါးမြစ်ချင်းအကောင်ရေ(၁)သိန်းခွဲ၊ တောင်ပေါ်ငါးသလောက် အကောင်ရေ(၅)သောင်းနှင့် ငါးခုံးမကြီးအကောင်ရေ (၅)သောင်းတို့ကို စိုက်ထည့်ပေးခဲ့ကြသည်။ ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင်အမှတ်၊ ၈၇/၆ အနီး၊ ကျောက်တံခါးမြို့နယ်၊ အိုင်တုံကြိုးဝိုင်း၊ အကွက်အမှတ်(၇၇)ရှိ …
Read More »၂၀၂၀-၂၀၂၁ ခု ပညာသင်ထောက်ပံ့ကြေးနှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း တက်ရောက်
ပဲခူး ဇူလိုင် ၁ ================ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင်လ(၁) ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ သားသမီးများ ပညာသင်ထောက်ပံ့ကြေးနှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ကလေးငယ်များသည် အနာဂတ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါသည့် ခေါင်းဆောင်ကောင်းများ သားကောင်းရတနာများဖြစ်သည့်အားလျော်စွာ ပညာတတ်လူငယ်များ ဖြစ်လာစေရေး ထောက်ပံ့ပြုစုပျိုးထောင်ပေးရန် တာဝန်ရှိကြောင်း၊ ပညာရည်ပြည့်ဝသော နိုင်ငံ့သားကောင်းရတနာများ ပေါ်ထွက် လာမှသာ တိုင်းပြည်၏အနာဂတ်လည်း တောက်ပြောင်လာမှာဖြစ်ကြောင်း၊ ပညာရေးသည် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု သာမက လူအဖွဲ့အစည်းရှင်သန်မှုအတွက် အဓိက ရေသောက်မြစ်ဖြစ်သည့်အတွက် မိမိတို့၏ သားသမီးများအား အကောင်းဆုံး ပြုစုပျိုးထောင်ပေး ကြစေလိုကြောင်းနှင့် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း ဝန်ထမ်းများ၏ သား/သမီးများ ပညာရည်မြင့်မားစေရေးအတွက် ထောက်ပံ့ပေးနိုင်ရေး …
Read More »ပဲခူးတိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၆/၂၀၂၁) ကျင်းပပြုလုပ်
ပဲခူး ဇူလိုင် ၁ ================ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဇူလိုင်လ(၁) ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၆/၂၀၂၁) အား Online Zoom Meeting System ဖြင့် ကျင်းပခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက COVID-19 ရောဂါပိုး တွေ့ရှိမှုသည် နေ့စဉ်စာရင်းများအရ မြှင့်တက်လျက်ရှိ၍ ကာကွယ်ထိန်းချုပ်ရေးအပိုင်းကို ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် ကိုင်တွယ်ဖြေရှင်း သွားရမည်ဖြစ်ကြောင်း၊ ဆေးရုံသို့ ရောက်ရှိလာသည့် PUI လူနာများအား အောက်စီဂျင်လုံလောက်စွာ ရရှိနိုင်ရေး အောင်စီဂျင်အိုးများ ချက်ခြင်းဖြည့်ဆည်း ပေးသွားမည်ဖြစ်ကြောင်း၊ ဆေးရုံများ၌ အောက်စီဂျင်ပိုက်လိုင်းများ ပြင်ဆင် ရန်နှင့် အသစ်တပ်ဆင်ရန် လိုအပ်ပါက တင်ပြပေးရန်၊ ပြည်သူများ မဖြစ်မနေ အပြင်ထွက်ရပါက …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website