Home / ပဲခူးခရိုင်၏ ဒေသဆိုင်ရာအချက်အလက်များ / ပဲခူးခရိုင် ဒေသဆိုင်ရာအချက်အလက်များ

ပဲခူးခရိုင် ဒေသဆိုင်ရာအချက်အလက်များ

 

ပဲခူးခရိုင်ဒေသဆိုင်ရာအချက်အလက်များ

အခန်း(၁)

 2.Bago District

နိဒါန်းနှင့်ဒေသသမိုင်း

နိဒါန်း

၁။      အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိဌာနတစ်ခုဖြစ်ပြီး တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးဟူသော ရည်မှန်းချက်တာဝန်များ ကို အောင်မြင်အောင် ဆောင်ရွက်လျက်ရှိပါသည်။  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ကြသည့် အဆင့်ဆင့်သော အရာထမ်း၊ အမှုထမ်းများသည် ရုံးချုပ်အဆင့်မှ အောက်ခြေရပ်ကွက်/ကျေးရွာ အုပ်စုအဆင့်အထိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအသီးသီးတွင် တာဝန်ထမ်းဆောင်ကြရပြီး နိုင်ငံတော်အုပ်ချုပ်ရေး ယန္တရားချောမွေ့ စွာလည်ပတ်ရေးတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ဝန်ကြီးဌာန၏ရည်မှန်းချက်တာဝန်များ၊ အခြားဝန်ကြီးဌာနမှ ပေးအပ် သောတာဝန်များနှင့် ဒေသဆိုင်ရာအစိုးရအဖွဲ့များမှပေးအပ်သော လုပ်ငန်းတာဝန်များကိုကျေပွန်စွာထမ်းဆောင်နေကြ ရသည်ဖြစ်ရာ ဒေသဆိုင်ရာအချက်အလက်များပြုစုထားရှိခြင်းသည် များစွာအရေးပါလာပါသည်။ ဒေသဆိုင်ရာ အချက်အလက်များပြုစုခြင်းဖြင့် မိမိတို့၏လုပ်ငန်းဆောင်ရွက်ရာတွင် အထောက်အကူပြုသကဲ့သို့အကြီးအကဲများ နယ်မြေသို့ ကွင်းဆင်းရာတွင် နယ်မြေ၏အချက်အလက်များကို လွယ်ကူစွာသိရှိနိုင်မည်ဖြစ်ပါသည်။

အပိုင်း(၁) အချက်အလက်အပြည့်အစုံ ကြည့်ရှုရန်———————-

အပိုင်း(၂)အချက်အလက်အပြည့်အစုံ ကြည့်ရှုရန်———————-