Home / 2021 / November (page 2)

Monthly Archives: November 2021

(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အကြို တူယှဉ်တွဲပျော်ဂီတပွဲတော် ဆုပေးပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်

ပဲခူး နိုဝင်ဘာ ၁၇ =====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အကြို တူယှဉ်တွဲပျော်ဂီတပွဲတော် ဆုပေးပွဲအခမ်းအနားအား နိုဝင်ဘာလ (၁၇) ရက်နေ့ ညနေပိုင်း၌ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။           အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများတက်ရောက် ကြပြီး တိုင်းဒေသကြီးကိုယ်စားပြုအဆိုရှင်များ သီဆိုယဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။           ထို့နောက်  (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အကြို တူယှဉ်တွဲပျော်ဂီတပွဲတော် အခမ်းအနား တွင် ပထမဆု၊ ဒုတိယဆုနှင် တတိယဆုရရှိသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း၊ နှစ်သိမ့်ဆုရရှိသူများအား အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် အတွင်းရေးမှူးတို့ကလည်းကောင်း ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေ အားလည်းကောင်း၊ အကဲဖြတ်အမှတ်ပေးသည့် ဒိုင်လူကြီး(၃) ဦးအား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး က အမှတ်တရလက်ဆောင် အသီးသီးပေးအပ်ခဲ့ကြသည်။           ယင်းနောက်  (၇၅)နှစ်မြောက် …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (ဧကာဒသမအကြိမ်) စုပေါင်းမဟာဘုံကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၁၆ ==================================           ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ နိုဝင်ဘာလ(၁၆)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (ဧကာဒသမအကြိမ်) စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပပြုလုပ်သည်။           ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဧည့်ပရိတ်သက်များက နိုင်ငံတော်ဩဝါဒါစရိယ ပဲခူးမြို့၊ မြို့မ စာသင်တိုက် ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဂန္ဓမာမဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။           ထို့နောက် ဆရာတော်/သံဃာတော် အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဇျာယ်ချီးမြှင့်တော်မူပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကထိန်လျာမြတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပူဇော်ကာ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဝင် ပဲခူးမြို့၊ သာမဏေကျော်စာသင်တိုက် ပဓာနနာယက (အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ၊ ဓမ္မကထိကဗဟုဇနဟိတဓရ) ဒေါက်တာဘဒ္ဒန္တဝိစက္ခဏာလင်္ကာရာဘိဝံသ မထေရ်မြတ်ထံမှ ကထိန်အနုမောဒနာတရား နာယူ၍ လှူဒါန်းမှုအစုစုအတွက် …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် စက်မှုကုန်ထုတ်လုပ်ငန်း၊ ကျန်းမာရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

လက်ပံတန်း နိုဝင်ဘာ ၁၅ =================             ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ နိုဝင်ဘာလ (၁၅)ရက်နေ့ နံနက်ပိုင်းက သာယာဝတီမြို့နယ်နှင့် လက်ပံတန်းမြို့နယ်အတွင်း စက်မှုကုန်ထုတ်လုပ် ငန်း၊ ကျန်းမာရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။            ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့နယ်၊ အင်းရွာရှိ အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၃၄)အကြီးစားစက်ရုံဝန်းအတွင်း ကြွေပြားထုတ်စက်ရုံသို့ ရောက်ရှိခဲ့ရာ စက်ရုံမှူး ဦးအောင်သိန်းမြင့်မှ ကြွေပြားထုတ်လုပ်မှု လုပ်ငန်းစဉ်အဆင့်ဆင့်အား စက်ရုံအတွင်း လိုက်လံရှင်းလင်းပြသခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပြည်တွင်းစျေးကွက် ခိုင်မာစွာ ရရှိစေရေး၊ ထုတ်ကုန်များအား နိုင်ငံတကာအဆင့်မီ ထုတ်လုပ်နိုင်ရေးနှင့် သွင်းကုန်အစားထိုး ပြည်တွင်းထုတ်ကုန်တစ်ခုအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် အရည်အသွေးကို အဓိကထား ထုတ်လုပ်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၃၄) …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် စည်ပင်သာယာရေးနှင့် စိုက်ပျိုးရေးထုတ်ကုန်များ အဆင်ပြေချော့မွေ့စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

နတ်တလင်း နိုဝင်ဘာ ၁၄ ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ နိုဝင်ဘာလ(၁၄)ရက်နေ့ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း စည်ပင်သာယာရေးနှင့် စိုက်ပျိုးရေးထုတ်ကုန်များ အဆင်ပြေချော့မွေ့စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အ.ထ.က(ပေါင်းတည်)သို့ သွားရောက်ခဲ့ပြီး ကျောင်းဝန်းအတွင်း စက်ဘီးရပ်နားရန်နေရာ၊ အ.ထ.က(မင်းကွက်)နှင့် အ.ထ.က(မြို့မ)ကျောင်းတို့အတွက် ကလေးကစားကွင်းများ တည်ဆောက်ရန် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် နတ်တလင်းမြို့၊ ရွှေလင်းခန်းမသို့ ရောက်ရှိခဲ့ပြီး ခန်းမဘက်စုံပြန်လည်ပြုပြင်နိုင်ရန်နှင့် နတ်တလင်းမြို့မစျေးအတွင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် စျေးတွင်းပတ်လမ်း ကွန်ကရစ်ခင်းနိုင်စေရေး သက်ဆိုင်ရာစည်ပင်သာယာရေးအဖွဲ့အား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် နတ်တလင်းမြို့နယ်၊ ကြခတ်ဝါးရုံကျေးရွာ၌ နွေစပါး စိုက်ပျိုးရေရရှိရေး ဆိုလာစနစ်အသုံးပြု၍ စမ်းသပ်ဆောင်ရွက်နေမှုအား ကြည့်ရှုခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှမ်းတော-မင်းလှ-အင်းဘုတ်ကုန်း-မိုးညိုလမ်း ကတ္တရာထပ်ပိုးလွှာခင်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် မိုးညိုမြို့၊ ပြည်သူ့ဆေးရုံဝန်းအတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ပြည်မြို့အတွင်း ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ သွားရောက် ကြည့်ရှုစစ်ဆေး

ပြည် နိုဝင်ဘာ ၁၃ ================ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး / ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် နိုဝင်ဘာလ(၁၃)ရက်နေ့ နံနက်ပိုင်းက ပြည်မြို့အတွင်း ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး သီရိရတနာခန်းမ၌ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ နှင့် တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကာ ပြည်မြို့ အခြေခံပညာစာသင်ကျောင်းများအတွက် စာသင်ခုံ အစုံ(၄၀)၊ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများနှင့် ကျောင်းအတွက် သီးခြားထောက်ပံ့ငွေကျပ်(၁၀)သိန်းတို့အား ထောက်ပံ့ပေးခဲ့ရာ ပဲခူးတိုင်း အနောက် ခြမ်း တာဝန်ခံ တိုင်းပညာရေးမှူး ဒေါ်စန်းစန်းဝင်းမှ လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ …

Read More »

ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် တက်ကြွစွာပါဝင် ဆောင်ရွက်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်သားများနှင့် စေတနာ့ဝန်ထမ်း (Volunteer)များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၁၃ ============== ပြည်မြို့၊ ခေတ္တရာရတနာမြို့တော်ခန်းမတွင် နိုဝင်ဘာလ(၁၃)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် တက်ကြွစွာပါဝင် ဆောင်ရွက်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်သားများနှင့် စေတနာ့ဝန်ထမ်း (Volunteer) များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်) ခေတ္တဒေသကွပ်ကဲရေးမှူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများတို့၏ ကြိုးစားအားထုတ်မှု၊ ပြည်သူလူထု၏ စည်းကမ်းလိုက်နာမှုတို့ကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း (၂)%အောက် ကျဆင်းရခြင်းဖြစ်၍ ယခုလို ဂုဏ်ပြုပွဲကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလအတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင်ပြည်သူများတို့၏ အစီအစဉ်ဖြင့် အောက်စီဂျင်လိုအပ်ချက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့မှု အခြေအနေများနှင့် …

Read More »

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့အတွင်းရှိ ပညာရေးဒီဂရီကောလိပ်နှင့် ပြည်တက္ကသိုလ်သို့ သွားရောက်၍ တွေ့ဆုံအားပေးစကားပြောကြား

ပြည် နိုဝင်ဘာ ၁၂ ===================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ နိုဝင်ဘာလ(၁၂)ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့အတွင်းရှိ ပညာရေးဒီဂရီကောလိပ်နှင့် ပြည်တက္ကသိုလ်သို့ သွားရောက်၍ ပညာရေး ဆိုင်ရာကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ ပြည်ပညာရေး ဒီဂရီကောလိပ်၊ ခေတ္တရာခန်းမသို့ သွားရောက်၍ မွမ်းမံသင်တန်း တက်ရောက်နေသည့် အခြေခံပညာဆရာ/ဆရာမများအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး သင်တန်းတက် ရောက်နေသည့် အခြေခံပညာဆရာ/ဆရာမ(၁၀၇)ဦးအတွက် ထောက်ပံ့ငွေကျပ် (၂၁၄၀၀၀၀)၊ သဘက်အကြီး(၁၀၇)ထည်၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် ပညာရေးဒီဂရီကောလိပ်အတွက် သီးခြားထောက်ပံ့ငွေကျပ်(၁၀)သိန်းတို့အား ထောက်ပံ့ပေးအပ်ခဲ့ရာ သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီးနောက် ဝန်ကြီးချုပ်မှ ခေတ္တရာခန်းမ ဥပဓိရုပ် ကောင်းမွန်စေရေး ပြင်ဆင်ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်တက္ကသိုလ်သို့ သွားရောက်ခဲ့ပြီး သရုပ်ပြ၊ နည်းပြ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အတွင်း အများပြည်သူ စိတ်လက်အပန်းဖြေရန် နေရာများ အဆင့်မြှင့်တင်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး နိုဝင်ဘာ ၁၁ =====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ နိုဝင်ဘာလ(၁၁)ရက်နေ့က ပဲခူးမြို့အတွင်း အများပြည်သူ စိတ်လက်အပန်းဖြေရန် နေရာများ အဆင့်မြှင့်တင်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်-မန္တလေးလမ်းဘေးရှိ ရှေးဟောင်း သမိုင်းဝင်ဟံသာဝတီကျုံးပတ်လမ်း ပြန်လည်အဆင့်မြှင့်တင်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အများပြည်သူ စိတ်လက်အပန်းဖြေရန် နေရာတစ်ခုအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တည်ဆောက်မည့် လုပ်ငန်းကဏ္ဍတစ်ခုချင်းစီတိုင်း၌ ရှေးဟောင်းယဉ်ကျေးမှုနှင့် သမိုင်း၏တန်ဖိုး ထိခိုက်မှုမရှိစေရေး အထူးအလေးထား ဆောင်ရွက်သွားရန်၊ အလှပန်းပင်များ၊ မြတ်ခင်းများ၊ လမ်းမီး တိုင်များ၊ ထိုင်ခုံများ၊ ပန်းတင်ခုံများနှင့် လျှောက်လမ်းများစသည်တို့ကို သတ်မှတ်ထားသည့် Landscaping Design များအတိုင်း စနစ်တကျရှိစေရေး၊ ကျုံးအတွင်း ရေပြင်သန့်ရှင်းသပ်ရပ်မှုရှိစေရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး …

Read More »

ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် တက်ကြွစွာပါဝင် ဆောင်ရွက်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်သားများနှင့် စေတနာ့ ဝန်ထမ်း (Volunteer)များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၁၀ ==============        ပဲခူးမြို့၊ မြို့တော်ခန်းမတွင် နိုဝင်ဘာလ(၁၀)ရက်နေ့ ညနေ(၆)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး  (အရှေ့ခြမ်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် တက်ကြွစွာပါဝင် ဆောင်ရွက်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်သားများနှင့် စေတနာ့ဝန်ထမ်း(Volunteer) များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများ တက်ရောက်ကြသည်။      ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလ အတွင်း စွမ်းစွမ်းတမံ ကြိုးစားလုပ်ဆောင်ခဲ့ကြသည့် ကျန်းမာရေး ဝန်ထမ်းများ၊ တပ်မတော်သားများနှင့် စေတနာ့ဝန်ထမ်းများအား ချီးကျူးဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။          ထို့နောက် ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး …

Read More »

လစ်လပ်ဝန်ထမ်း လျှောက်လွှာခေါ်ယူခြင်း

နိုဝင်ဘာ ၉ (ပဲခူး) =================== ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းလစ်လပ် နေရာ(၃၁)နေရာအတွက် အလုပ်လျှောက်လွှာခေါ်ယူခြင်း အား သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်————– အပြည့်အစုံကြည့်ရှုရန်——————–

Read More »