Home / 2021 (page 5)

Yearly Archives: 2021

ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် တက်ကြွစွာပါဝင် ဆောင်ရွက်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်သားများနှင့် စေတနာ့ဝန်ထမ်း (Volunteer)များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၁၃ ============== ပြည်မြို့၊ ခေတ္တရာရတနာမြို့တော်ခန်းမတွင် နိုဝင်ဘာလ(၁၃)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် တက်ကြွစွာပါဝင် ဆောင်ရွက်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်သားများနှင့် စေတနာ့ဝန်ထမ်း (Volunteer) များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်) ခေတ္တဒေသကွပ်ကဲရေးမှူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများတို့၏ ကြိုးစားအားထုတ်မှု၊ ပြည်သူလူထု၏ စည်းကမ်းလိုက်နာမှုတို့ကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း (၂)%အောက် ကျဆင်းရခြင်းဖြစ်၍ ယခုလို ဂုဏ်ပြုပွဲကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလအတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင်ပြည်သူများတို့၏ အစီအစဉ်ဖြင့် အောက်စီဂျင်လိုအပ်ချက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့မှု အခြေအနေများနှင့် …

Read More »

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့အတွင်းရှိ ပညာရေးဒီဂရီကောလိပ်နှင့် ပြည်တက္ကသိုလ်သို့ သွားရောက်၍ တွေ့ဆုံအားပေးစကားပြောကြား

ပြည် နိုဝင်ဘာ ၁၂ ===================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ နိုဝင်ဘာလ(၁၂)ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့အတွင်းရှိ ပညာရေးဒီဂရီကောလိပ်နှင့် ပြည်တက္ကသိုလ်သို့ သွားရောက်၍ ပညာရေး ဆိုင်ရာကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ ပြည်ပညာရေး ဒီဂရီကောလိပ်၊ ခေတ္တရာခန်းမသို့ သွားရောက်၍ မွမ်းမံသင်တန်း တက်ရောက်နေသည့် အခြေခံပညာဆရာ/ဆရာမများအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး သင်တန်းတက် ရောက်နေသည့် အခြေခံပညာဆရာ/ဆရာမ(၁၀၇)ဦးအတွက် ထောက်ပံ့ငွေကျပ် (၂၁၄၀၀၀၀)၊ သဘက်အကြီး(၁၀၇)ထည်၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် ပညာရေးဒီဂရီကောလိပ်အတွက် သီးခြားထောက်ပံ့ငွေကျပ်(၁၀)သိန်းတို့အား ထောက်ပံ့ပေးအပ်ခဲ့ရာ သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီးနောက် ဝန်ကြီးချုပ်မှ ခေတ္တရာခန်းမ ဥပဓိရုပ် ကောင်းမွန်စေရေး ပြင်ဆင်ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်တက္ကသိုလ်သို့ သွားရောက်ခဲ့ပြီး သရုပ်ပြ၊ နည်းပြ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အတွင်း အများပြည်သူ စိတ်လက်အပန်းဖြေရန် နေရာများ အဆင့်မြှင့်တင်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး နိုဝင်ဘာ ၁၁ =====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ နိုဝင်ဘာလ(၁၁)ရက်နေ့က ပဲခူးမြို့အတွင်း အများပြည်သူ စိတ်လက်အပန်းဖြေရန် နေရာများ အဆင့်မြှင့်တင်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်-မန္တလေးလမ်းဘေးရှိ ရှေးဟောင်း သမိုင်းဝင်ဟံသာဝတီကျုံးပတ်လမ်း ပြန်လည်အဆင့်မြှင့်တင်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အများပြည်သူ စိတ်လက်အပန်းဖြေရန် နေရာတစ်ခုအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တည်ဆောက်မည့် လုပ်ငန်းကဏ္ဍတစ်ခုချင်းစီတိုင်း၌ ရှေးဟောင်းယဉ်ကျေးမှုနှင့် သမိုင်း၏တန်ဖိုး ထိခိုက်မှုမရှိစေရေး အထူးအလေးထား ဆောင်ရွက်သွားရန်၊ အလှပန်းပင်များ၊ မြတ်ခင်းများ၊ လမ်းမီး တိုင်များ၊ ထိုင်ခုံများ၊ ပန်းတင်ခုံများနှင့် လျှောက်လမ်းများစသည်တို့ကို သတ်မှတ်ထားသည့် Landscaping Design များအတိုင်း စနစ်တကျရှိစေရေး၊ ကျုံးအတွင်း ရေပြင်သန့်ရှင်းသပ်ရပ်မှုရှိစေရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး …

Read More »

ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် တက်ကြွစွာပါဝင် ဆောင်ရွက်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်သားများနှင့် စေတနာ့ ဝန်ထမ်း (Volunteer)များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၁၀ ==============        ပဲခူးမြို့၊ မြို့တော်ခန်းမတွင် နိုဝင်ဘာလ(၁၀)ရက်နေ့ ညနေ(၆)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး  (အရှေ့ခြမ်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် တက်ကြွစွာပါဝင် ဆောင်ရွက်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်သားများနှင့် စေတနာ့ဝန်ထမ်း(Volunteer) များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများ တက်ရောက်ကြသည်။      ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလ အတွင်း စွမ်းစွမ်းတမံ ကြိုးစားလုပ်ဆောင်ခဲ့ကြသည့် ကျန်းမာရေး ဝန်ထမ်းများ၊ တပ်မတော်သားများနှင့် စေတနာ့ဝန်ထမ်းများအား ချီးကျူးဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။          ထို့နောက် ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး …

Read More »

လစ်လပ်ဝန်ထမ်း လျှောက်လွှာခေါ်ယူခြင်း

နိုဝင်ဘာ ၉ (ပဲခူး) =================== ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းလစ်လပ် နေရာ(၃၁)နေရာအတွက် အလုပ်လျှောက်လွှာခေါ်ယူခြင်း အား သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်————– အပြည့်အစုံကြည့်ရှုရန်——————–

Read More »

ပဲခူးတက္ကသိုလ်၌ နည်းပြ၊ သရုပ်ပြဆရာနှင့် ဆရာမသစ်လွင်များ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်း ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၈ =========================           ပဲခူးမြို့၊ ပဲခူးတက္ကသိုလ် စုဝေးခန်းမ၌ နိုဝင်ဘာလ(၈)ရက်နေ့၊ နံနက်(၉)နာရီအချိန်က နည်းပြ၊ သရုပ်ပြဆရာနှင့် ဆရာမသစ်လွင်များ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ် သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပညာမြင့်မှ လူမျိုးတင့်မည် ဆိုသည့် အတိုင်း တိုင်းပြည်၏ အနာဂတ်အတွက် ပညာတတ်များ မွေးထုတ်ပေးရန် ဆရာ/ဆရာမများသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ တက္ကသိုလ်ပညာရေးစနစ်မှသည် လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်နိုင်သည့် လူ့စွမ်းအား အရင်းအမြစ်များအဖြစ် ဖော်ဆောင်ပေးနိုင်ရေးအတွက် မွမ်းမံ သင်တန်း တက်ရောက်သည့် ဆရာ/ဆရာမများအနေဖြင့် သင်ခန်းစာများကို ကြိုးကြိုးစားစား လေ့လာ မှတ်သားသင်ယူသွားကြရန်နှင့် အခက်အခဲများရှိပါက တင်ပြပေးရန် အမှာစကားပြောကြားခဲ့သည်။           ထို့နောက် ပဲခူးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးအေးခိုင်မှ နည်းပြ၊ သရုပ်ပြဆရာနှင့် ဆရာမသစ်လွင်များအား …

Read More »

ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(၃၃)ကြိမ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၇ ====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၇)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(၃၃)ကြိမ်မြောက် နှစ်ပတ် လည်နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နောက်ခံသမိုင်းကြောင်း၊ အုပ်ချုပ်ရေးကဏ္ဍ၏ အရေးပါရှိမှု၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကောင်းမွန်သောအစဉ်အလာများနှင့် နိုင်ငံဝန်ထမ်းကောင်းများအဖြစ် ဆက်လက်ရှင်သန်ရပ်တည်နိုင် ရေး အကျယ်တဝင့် အမှာစကားပြောကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် ညွှန်ကြားရေးမှူးတို့က ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အမှုထမ်း၊ အရာထမ်း စုစုပေါင်း(၂၃၆)ဦးအတွက် တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့သည်။           ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဥဿာသီရိပရိယတ္ထိစာသင်တိုက် သို့ သွားရောက်ပြီး ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တသူရိယ အမှူးပြုသော …

Read More »

ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၅ ===========================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ ခန်းမ၌ နိုဝင်ဘာလ(၅)ရက်နေ့၊ နံနက်(၁၀) နာရီအချိန်က ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကိုဗစ်-၁၉ရောဂါ ကူးစက်မှုသည် (၂) ရာခိုင်နှုန်းအောက် ကျဆင်းသွားပြီဖြစ်သော်လည်း ပေါ့ဆ၍မရဘဲ ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကျေးလက်နှင့်မြို့ပြ ကွာဟမှုလျော့ချနိုင်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက် ပေးသွားရမှာဖြစ် ကြောင်း၊ ဘတ်ဂျက်နှစ်အလိုက် ခွင့်ပြုပေးထားသည့် တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး သည်လည်းအလွန်အရေးပါကြောင်း၊ တောင်သူအတွက် အမှန်တကယ်အကျိုးရှိသည့် လျှပ်စစ်မြစ် ရေတင်လုပ်ငန်းများကို ဆိုလာစနစ်ဖြင့် ရေတင်ခြင်းလုပ်ငန်း စတင်ပြောင်းလဲ ဆောင်ရွက်လျက်ရှိ ကြောင်း၊ ကျန်ရေရရှိနိုင်သော နေရာများကိုလည်း ဆိုလာစနစ် ပြောင်းလဲတပ်ဆင်ပေးမည်ဖြစ်ကြောင်း၊ ယခင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ …

Read More »

ပဲခူးတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၁) ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၃ =======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၃) ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍  ပဲခူးတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၁) ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး မြေလွတ်၊ မြေလပ်၊ မြေရိုင်းများအား ဖော်ထုတ်၍ စိုက်ပျိုးမြေအဖြစ် အကောင် အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး ထုတ်ကုန်များ ပိုမိုတိုးတက်လာနိုင် မည်ဖြစ်ကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ကိုင်ခွင့် ခွင့်ပြုချထားပေးရာတွင် ဒေသခံပြည်သူ၊ စိုက်ပျိုးမြေမရှိသူနှင့် မိရိုးဖလာ ဓါးမဦးချ လုပ်ကိုင်နေသူများကို ဦးစားပေးခွင့်ပြုချထားပေးသွားရမှာဖြစ်ကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား စိုက်ပျိုးမြေအဖြစ် အသုံးပြုရန် လျှောက်ထားမှုသာမက မွေးမြူရေးလုပ်ငန်း …

Read More »

တိုင်းဒေသကြီးအဆင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၁) ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၁ =======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၁) ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍  ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၁) ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လျော့နည်းကျဆင်းလာသည့်အပြင် ပွင့်လင်းရာသီလည်း ရောက်ရှိလာပြီဖြစ်၍ တိုင်းအတွင်း ယခင်ကထက် ခရီးသွားများ ပိုမိုလာရောက်ကြမှာဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုး တက်လာနိုင်ပြီဖြစ်သဖြင့် တိုင်းဒေသကြီးအတွင်း လာရောက်လည်ပတ်ကြသည့် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ စိတ်ချမ်းမြေ့စွာ လာရောက်လည်ပတ် တည်းခိုနိုင်ရေးအတွက် ခရီးသွားလုပ်ငန်း နှင့် သက်ဆိုင်သော လုပ်ငန်းကဏ္ဍ အသီးသီးတွင် ကျန်းမာရေးနှင့်ပတ်သက်၍ လုံခြုံစိတ်ချမှုရှိစေဖို့ ကြိုတင်ပြင်ဆင်ပေးထားရန်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သည့် လုပ်ငန်းရှင်များနှင့် ဝန်ထမ်းများအားလုံးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ခရီးစဉ်ဒေသတစ်ခုတည်းမှာ …

Read More »