Home / 2022 / May (page 2)

Monthly Archives: May 2022

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့၌ ဖွင့်လှစ်လျက်ရှိသော ပညာရေးနှင့် ကျန်းမာရေး အထောက်အကူပြု မွမ်းမံသင်တန်းများသို့ သွားရောက်ထောက်ပံ့

ပဲခူး မေ ၁၆ =================== တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မေလ(၁၆)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၌ ဖွင့်လှစ်လျက်ရှိသော ပညာရေးနှင့် ကျန်းမာရေး အထောက်အကူပြု မွမ်းမံသင်တန်းများသို့ သွားရောက် ထောက်ပံ့ခဲ့သည်။         ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၊ ဝိုင်အမ်ဘီအေခန်းမသို့ ရောက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်မှ ပညာရေးစနစ်သစ်ကို ဆက်လက်အကောင်အထည့်ဖော် ဆောင်ရွက်လျက်ရှိရာ ဆရာ/ဆရာမများသည် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း၊ စာသင်ခန်း တစ်ခုအတွင်း တိုင်းပြည်၏ အနာဂတ်များ၊ မိဘများ၏ မျှော်မှန်းချက်များ၊ ကျောင်းသား/သူများ၏ ရည်မှန်းချက်များရှိသည်ကို ဆရာ/ဆရာများအနေဖြင့် သတိချပ်စေလိုကြောင်း၊ မိမိတို့ကျောင်းသား/ သူများကို ပြန်လည်သင်ကြားရာတွင် သင်တန်းမှပို့ချခဲ့သည့်အတိုင်း ပြည့်ပြည့်ဝဝ ပြန်လည်ပို့ချ သင်ကြားပေးရန်လိုကြောင်းနှင့် ကျောင်းသား/ သူများကို သင်ကြားပေးရာတွင်လည်း စာတတ်ရုံသက်သက်မဟုတ်ဘဲ မိဘ၊ ဆရာသမားများ၊ လူကြီးသူမများကို ရိုသေလေးစားတတ်အောင် …

Read More »

ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် ကဆုန်လပြည့်ဗုဒ္ဓနေ့၌ (၇၁)ကြိမ်မြောက် ကဆုန်ညောင်ရေ သွန်းလောင်းလှူပူဇော်ပွဲ ကျင်းပပြုလုပ်

ပဲခူး မေ ၁၄ ============= ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောတီတော်မြတ်ကြီးရင်ပြင် အင်္ဂါ‌ထောင့်ရှိ မဟာဗောဓိညောင်ပင် တွင် မေလ(၁၄)ရက်၊ ကဆုန်လပြည့်ဗုဒ္ဓနေ့ နံနက်ပိုင်းအချိန်က (၇၁)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်း လောင်းလှူပူဇော်ပွဲ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက် ညောင်ရေ သွန်းလောင်း ပူဇော်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဝတ်ရွတ် အသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့ များနှင့် ဘုရားဖူးလာပြည်သူများက ဆုတောင်းပြည့်ရွှေမော်ဓော စေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည် ပူဇော်ခဲ့ကြသည်။ ဆက်လက်၍ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် ကဆုန်လပြည့်ဗုဒ္ဓနေ့ ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဝတ်ရွတ်အသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ယောဂီများနှင့် ဘုရားဖူးလာ …

Read More »

ပဲခူးတိုင်းသေကြီးအတွင်းရှိ စံပြမြစိမ်းရောင်ကျေးရွာ ဆုချီးမြင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး မေ ၁၃ ================= သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်း‌ဒေသကြီး ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် မေလ(၁၂)ရက် နေ့ နံနက်ပိုင်းအချိန်က တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် စံပြမြစိမ်းရောင် ကျေးရွာ ဆုချီးမြင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်အရည်အသွေးများ၊ အတိုင်းအတာများနှင့် ပြည့်မီအောင် ကြီးကြပ်ဆောင်ရွက်ကြဖို့ လိုအပ်မှာဖြစ်ပြီး မိမိဌာနအပြင် အခြား ဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ကြောင်း၊ အသက်မွေးဝမ်းကျောင်း အထောက်အကူ ပြုသင်တန်းများ ဖွင့်လှစ်ရာတွင်လည်း ဒေသ၏လိုအပ်ချက်များကို အထောက်အကူဖြစ်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိအောင် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီဝင်များအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်အောင်မြင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေး အကြံပြုကြရန်၊ နိုင်ငံတော်မှ ခွင့်ပြုထားသည့် လုပ်ငန်းများအား …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကျန်းမာရေး၊ ပညာရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေး

သာယာဝတီ မေ ၁၂ =================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မေလ(၁၁)ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီမြို့နယ်အတွင်း ကျန်းမာရေး၊ ပညာရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများသည် သာယာဝတီခရိုင် ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိခဲ့ပြီး လူနာစောင့်များ၊ ဆေးရုံ တက်လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများ အား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကား ပြောကြားခဲ့ပြီး ဆေးရုံအတွက် လိုအပ်လျက်ရှိသော လူနာစောင့် နားနေဆောင် တိုးချဲ့ပေးနိုင်ရေး တွက်ချက်တင်ပြရန်၊ ဆေးရုံတွင်း/ပြင် သန့်ရှင်းသပ်ရပ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကာ ကျန်းမာရေး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ်(၁၀)သိန်း ထောက်ပံ့ပေးအပ်ခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့နယ်၊ တောရာကုန်းကျေးရွာ၌ မွေးမြူရေးလုပ်ငန်းရှင် ဦးဝင်းသိန်း၏ ဒေသကြက်ကောင်ရေ(၃၅၀၀) မွေးမြူအောင်မြင်နေမှုအား …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပညာရေးမြှင့်တင်မှုသင်တန်းများအား သွားရောက်ကြည့်ရှု့ အားပေးထောက်ပံ့

ပြည် မေ ၁၀ ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန် ရှိသူများနှင့်အတူ မေလ(၁၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်း(အနောက်ခြမ်း) ပညာရေးမြှင့်တင်မှုသင်တန်းများအား သွားရောက် ကြည့်ရှု အားပေးထောက်ပံ့ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပပြုလုပ်သော Grade(5) သင်ရိုးသစ် မြို့နယ်ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အဖွင့်အမှာ စကား ပြောကြားခဲ့ကာ သင်တန်းနည်းပြ(၆၈)ဦးနှင့် သင်တန်းသား(၈၈၂)ဦးတို့ အတွက် သီးခြားထောက်ပံ့ငွေကျပ်(၇၆)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတောင်မြို့နယ်၊ မင်းကွန်းကျေးရွာအုပ်စု၌ တစ်နှစ်(၃)သီး စမ်းသပ်စိုက်ပျိုးနေသည့် တောင်သူ ဦးနေမျိုးဝင်း၏ ချည်မျှင်ရှည်ဝါ (၅)ဧကနှင့် တောင်သူ ဦးမျိုးမင်းသိန်း၏ နွေနှမ်း(၅)ဧက စိုက်ပျိုးဖြစ်ထွန်း အောင်မြင်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး တစ်ကွင်းတစ်ဆက်တည်းရှိ လယ်ယာမြေများ မြေလပ်မရှိ တစ်နှစ်(၃)သီးစိုက်ပျိုးနိုင်ရေး …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နှင့် ပန်းတောင်းမြို့နယ်များသို့ လူမှုရေး၊ စီးပွားရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပြည် မေ ၁၀ ================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မေလ(၉) ရက်နေ့၊ နံနက်ပိုင်းက ပြည်မြို့နှင့် ပန်းတောင်းမြို့နယ်များသို့ လူမှုရေး၊ စီးပွားရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ဖြည့်ဆည်းပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ပြည်တက္ကသိုလ်၊ ဘက်စုံသုံးခန်းမ၌ သရုပ်ပြ/နည်းပြ အသစ်ခန့်အပ်ထားသည့် ဆရာ/ဆရာမများအား သွားရောက်တွေ့ဆုံအားပေး စကားပြောကြားခဲ့ပြီး ဖောင်ကြီးသင်တန်းသို့ တက်ရောက်ရမည့် ဆရာ/ဆရာမ (၆)ဦးအား တစ်ဦလျှင်ကျပ်(၁)သိန်းနှုန်း ထောက်ပံ့ပေးအပ်ခဲ့ကာ တက္ကသိုလ် ဝန်ထမ်းရေးရာ၌ ကျောင်းအပ် လက်ခံနေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ နဝင်းချောင်းတံတား ချဉ်းကပ်လမ်း ပြိုကျမှုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေရှည် ကာကွယ်ရေးနည်းလမ်းအတွက် ဆောင်ရွက်နိုင်ရေး တွက်ချက်တင်ပြပေးရန် ပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မင်းလှမြို့၊ ဝေဠုဝန်ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တကုဏ္ဍလ မဟာထေရ်မြတ်ကြီး၏ ရုပ်ကလပ်တော်အား သွားရောက်ဖူးမြှော်ကြည်ညို

မင်းလှ မေ ၈ ======================== ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် မေလ(၈)ရက်နေ့၊ နံနက်ပိုင်းက မင်းလှမြို့၊ ဝေဠုဝန် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တကုဏ္ဍလ မဟာထေရ်မြတ်ကြီး၏ ရုပ်ကလပ်တော်အား သွားရောက်ဖူးမြှော် ကြည်ညိုခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ခဲ့ကြပြီး၊ မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ ဝိနယပါဠိပါရဂူ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ မဟာထေရ်မြတ်ထံမှ ငါးပါးသီးလခံယူဆောက်တည် ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ကြွရောက်လာသည့် ဆရာတော်များ အား လှူဖွယ်ဝတ္တုများ ဆက်ကပ်ခဲ့ကာ၊ ဆရာတော် ဘဒ္ဒန္တကုဏ္ဍလ မဟာထေရ်မြတ်ကြီး၏ အန္တိမအဂ္ဂိ ဈာပနပွဲတော်အတွက် အလှူငွေကျပ်သိန်း(၁၀၀)အား ဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ (ဒုတိယ)အကြိမ်မြောက် မြို့/ရွာသန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်

ပဲခူး မေ ၇ ===============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ (ဒုတိယ)အကြိမ်မြောက် မြို့/ရွာ သန့်ရှင်းသာယာ လှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား မေလ(၇)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်၌ တစ်ပြိုင်တည်း ပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ပဲခူးမြို့အတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ရေစီးရေလာ ကောင်းမွန်စေရေး လမ်းဘေးဝဲ/ယာ ရေနုတ်မြောင်းများ ပြန်လည်အဆင့်မြှင့်ခြင်း၊ တူးဖော်ပေးခြင်းများ ဆောင်ရွက်ပေးရန်၊ ရပ်ကွက်အတွင်းရှိ လမ်းအလိုက် အမှိုက်ကန်၊ အမှိုက်ပုံးများ စနစ်တကျထားရှိစေရေးနှင့် ပြည်သူများ စနစ်တကျ အမှိုက်စွန့်ပစ်စေရေး အသိပညာပေးရန်နှင့် အမှိုက်သိမ်းဆည်းမှုများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်စေရေး တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့သည်။           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ (ဒုတိယ)အကြိမ်မြောက် တိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်ရှိ ကားလမ်း(ဝဲ/ယာ)၊ …

Read More »

တိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၉/၂၀၂၂) ကျင်းပပြုလုပ်

ပဲခူး မေ ၇ ====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မေလ(၆)ရက်နေ့၊ မွန်းလွဲ ပိုင်းက တိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၉/၂၀၂၂)အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့တိုင်းဒေသကြီးအတွင်း ဧပြီလမှ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၀.၁)ရာခိုင်နှုန်းသာရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွှမ်းခြုံနိုင်မှု (၉၃)ရာခိုင်နှုန်းကျော် လွှမ်းခြုံထားနိုင်ပြီး ဆက်လက်၍ ဦးတည် အုပ်စုအလိုက် (၁၀၀)ရာခိုင်နှုန်း လွှမ်းခြုံနိုင်ရေး အရှိန်အဟုန်မပြတ် ဆက်လက်ထိုးနှံနိုင်ရေး ဆောင်ရွက် သွားရမှာဖြစ်ကြောင်း၊ ဆေးထိုးနှံရန် ကျန်ရှိသူများအနက် တိုင်းကျော်/နယ်ကျော် သွားရောက်သူများအား ရောက်ရှိနေသည့် မြို့နယ်များနှင့်ချိတ်ဆက်၍ ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်မှသာ …

Read More »

ပဲခူးတက္ကသိုလ် နည်းပြသရုပ်ပြ ဆရာ၊ဆရာမအသစ်များအား ကြိုဆိုပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး မေ ၆ =============== ပဲခူးတက္ကသိုလ် စုဝေးခန်းမ၌ မေလ(၆)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးတက္ကသိုလ် နည်းပြသရုပ်ပြ ဆရာ၊ဆရာမအသစ်များအား ကြိုဆိုပွဲအခမ်း အနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဆရာ/ ဆရာမများသည် နောင်တစ်ချိန် တိုင်းပြည်ပညာရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးလာ စေဖို့ ပခုံးပြောင်းတာဝန် ထမ်းဆောင်ကြရမည့်သူများဖြစ်ကြောင်း၊ ကျောင်းသား / သူများအပေါ် စေတနာ၊ ဝါသနာ၊ ကရုဏာ၊ နည်းနာ၊ စံနမူနာပြ ဆရာ/ ဆရာမများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဆရာ/ဆရာမ များ အနေဖြင့် နိုင်ငံကို အကျိုးပြုနိုင်သည့် သုတေသနလုပ်ငန်းများကိုလည်း တစ်ဖက်က တစိုက်မတ်မတ် ရှာဖွေဖော်ထုတ် ကြိုးစားသွားကြရမှာဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနအောက်တွင် တက္ကသိုလ်၊ ကောလိပ်ပေါင်း(၈၄)ခု အထိ ရှိလာသည့်အတွက် အဆင့်မြင့်ပညာအနေဖြင့် ပညာရေးလွှမ်းခြုံမှုဟာ အားရစရာကောင်းတယ်လို့ ဆိုရမှာဖြစ်ကြောင်း၊ တက္ကသိုလ်/ ကောလိပ်များရှိ ဆရာ/ဆရာမများသည် …

Read More »