Home / 2022 / July (page 2)

Monthly Archives: July 2022

တို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း စားသုံးဆီကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ဆီစက်လုပ်ငန်းရှင်များ နှင့်တွေ့ဆုံ

ပဲခူး ဇူလိုင် ၈ ==================           ပဲခူးတို်ငးဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၈)ရက်နေ့၊ နံနက်ပိုင်းက တို်ငးဒေသကြီးအတွင်း စားသုံးဆီကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ဆီစက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ တိုင်းဒေသကြီးအတွင်းမှာ စားသုံးဆီ ဖူလုံပိုလျှံနိုင်ရေးအတွက် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် စားသုံးဆီ ပိုမိုထုတ်လုပ်နိုင်ရန်၊ ထုတ်လုပ်သည့် စားသုံးဆီများ ဈေးကွက်ဝေစု ပိုမိုရရှိနိုင်ရေးနှင့် ဆီစက်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန်၊ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုးတိုးတက်ရရှိစေရေးနှင့် ဆီထွက်သီးနှံကဏ္ဍ (Supply Chain) တစ်လျှောက် ဖွံ့ဖြိုးတိုးတက်လာစေရေန် ရည်မှန်းချက်ထားပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ အခြေခံ စားနပ်ရိက္ခာဖူလုံရေးအတွက် အဓိကကျသည့် စားသုံးဆီပိုလျှံအောင်ထုတ်လုပ်နိုင်ရေး မိမိတို့တိုင်းဒေသကြီး အတွင်းမှာ လည်း ဆီထွက်သီးနှံဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာများအား တိုးချဲ့စိုက်ပျိုးရန် စတင်ဆောင်ရွက် …

Read More »

ပဲခူးမြို့၌ အခြေခံငါးမွေးမြူရေးနှင့် ဆေးထိုးသားဖောက်သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၆ ===================           ပဲခူးမြို့၊ တိုင်းဒေသကြီးငါးလုပ်ငန်းသင်တန်းကျောင်း၌ ဇူလိုင်လ(၅)ရက်နေ့၊ နံနက်ပိုင်းက အခြေခံငါးမွေးမြူရေးနှင့် ဆေးထိုးသားဖောက်သင်တန်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူအများစုသည် စိုက်ပျိုးရေးနှင့်‌ မွေးမြူရေးကို မှီခိုရပ်တည်လျက်ရှိကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်၍ (GAap)စနစ်ဖြင့် မွေးမြူထုတ်လုပ်မှသာ ဘေးကင်း လုံခြုံသော အစားအစာများသည် အန္တရာယ်ကင်းပြီး အာဟာရပြည့်ဝ မှာဖြစ် ကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့် လူသားတို့၏ ပယောဂကြောင့် ငါးထုတ်လုပ် မှုများ ထိခိုက်လျော့နည်းလာသဖြင့် မိမိတို့တိုင်းဒေသကြီးအတွင်း ငါးထုတ်လုပ်မှု ပိုမိုတိုးမြှင့် ထုတ်လု်ပနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ယခုသင်တန်းတွင် အခြေခံငါးမွေးမြူရေးနှင့် ဆေးထိုး သားဖောက်ခြင်း၊ ငါးကန်များပြင်ဆင်ခြင်း၊ မျိုးငါးများရွေးချယ်ခြင်း၊ ငါးမှုံငါးသန်ပြုစုခြင်း၊ ငါးမွေးမြူခြင်း၊ ငါးစာကျွေးခြင်း၊ ငါးရောဂါနှင့် ရေအရည်အသွေးတိုင်းတာခြင်း၊ မွေးမြူရေးငါး ဆေးထိုးသားဖောက်ခြင်း စသည့် သင်ခန်းစာများအား …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သန့်ရှင်းပြီး စိမ်းလန်းစိုပြေသော မြို့ပြရပ်ဝန်းတစ်ခု ဖြစ်ပေါ် လာစေရေး စီစဉ်ဆောင်ရွက်လျက်ရှိ

ပဲခူး ဇူလိုင် ၅ ==================           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ(၄)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့နယ်အား Clean City & Green City အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံခဲ့ သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြို့အား တိုင်းဒေသကြီးမြို့တော်တစ်ခု အင်္ဂါရပ်နှင့်အညီ ဖြစ်ပေါ်လာစေရေး ၂၀၂၀-၂၀၂၁ မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ ကျပ်(၆၃၇၅)သန်း ကျော် အကုန်အကျခံ၍ မြို့ပြဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ လမ်း/ပလပ်ဖောင်း၊တံတား/ရေမြောင်း ဆိုင်ရာ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများနှင့် အခြားဝန်ဆောင်မှုပိုင်းဆိုင်ရာ လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခဲ့ကြောင်း၊ မြို့ပြတစ်ခု စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိရာ ရေရှည်တည်တံ့ခိုင်မြဲစေရေန် ပြည်သူများမှ ဝိုင်းဝန်းထိန်းသိမ်း ကြရန်လိုအပ် ကြောင်း၊ မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးမှုကွာဟချက်နည်းပါးစေရေးကိုလည်း အထူးအလေးထား …

Read More »

၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ပဲခူးတိုင်းဒေသကြီးမှ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား /သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၄ =============== ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ဇူလိုင်လ(၄)ရက်နေ့ နံနက်ပိုင်းက ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ပဲခူးတိုင်းဒေသကြီးမှ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ဩဝါဒအမှာစကား ပြောကြား သည်။ ထို့နောက် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ သူများအနက်မှ (၆)ဘာသာဂုဏ်ထူးရှင်များနှင့် မြန်မာတစ်နိုင်ငံလုံးတွင် ဝိဇ္ဇာဘာသာဖြင့် ပဉ္စမအဆင့်ရရှိခဲ့ သည့်(၅)ဘာသာဂုဏ်ထူးရှင်တို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှလည်းကောင်း၊ (၅)ဘာသာဂုဏ်ထူးရှင်များနှင့် (၄)ဘာသာဂုဏ်ထူးရှင်များအား တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီးပညာရေးမှူးတို့ကလည်းကောင်း ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် ဆုရကျောင်းသား/သူများကိုယ်စား (၆)ဘာသာဂုဏ်ထူးရှင် မအိမ့်စံမှီထွဋ်က ကျေးဇူး …

Read More »

ပဲခူးမြို့၌ ကျင်းပပြုလုပ်သော မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်

ပဲခူး ဇူလိုင် ၃ ===================           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ(၃)ရက်နေ့၊ နံနက်ပိုင်းက မြန်မာ အမျိုးသမီးများနေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။           ထို့နောက် ပြည်ထောင်စုအဆင့် မြန်မာအမျိုးသမီးများနေ့ အကြိုလှုပ်ရှားမှု အဖြစ် ရိုးရာပွဲတက် ဝတ်စုံချုပ်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိခဲ့သော တောင်ငူမြို့၊ အိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းမှ ဒေါ်မျိုးသီတာစိုး(နည်းပြ)နှင့် ဒေါ်စိုးနန္ဒာကျော်(နည်းပြ)တို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး တရားလွတ်တော် တရားသူကြီးချုပ်တို့က ဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ငွေသားဆုများအား ချီးမြှင့်ခဲ့ကြသည်။           ယင်းနောက် ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ဖြစ်ရပ်မှန် သက်ငယ်မုဒိမ်း အသိပညာပေးပြဇာတ်နှင့် လူကုန်ကူးခံရမှုအသိပညာပေးပြဇာတ်တို့အား တင်ဆက်ပြသခဲ့ကြရာ တို်ငးဒေသကြီးအမျိုးသမီးရေးရာ အဖွဲ့ နာယက တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီးမှ ပြဇာတ်တွင်ပါဝင်သရုပ်ဆောင်ကြသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။ …

Read More »

ဒေသအလိုက် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွား ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး ဇူလိုင် ၁ ======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇွန်လ(၃၀)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ဖတ်ကြားရှင်းလင်းခဲ့ပြီးနောက် မိုးဦးရာသီ ရောက်ရှိလာပြီဖြစ်၍ သွေးလွန် တုပ်ကွေးရောဂါအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများအား ရပ်ကွက်/ ကျေးရွာများနှင့် စာသင်ကျောင်းများတွင် လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်ရန်၊ ဒေသအလိုက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွားရန် သက်ဆိုင်ရာဌာနများမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာအလိုက် တင်ဒါ လုပ်ငန်းစဉ်များ ပြီးစီးပြီဖြစ်၍ တည်ဆောက်ရေးလုပ်ငန်းများအား အနီးကပ်ကြီးကြပ် ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ စက်သုံးဆီများလည်း လျော့ချသုံးစွဲနိုင်ရေး ဌာနအလိုက် စီမံချက်များချမှတ်ဆောင် ရွက်ရန်နှင့် မိမိတိုင်းဒေသကြီးအတွင်း တရားမဝင်ကုန်ပစ္စည်းများ ကုန်လမ်း/ရေလမ်းများမှ …

Read More »

ပဲခူးတက္ကသိုလ် ၂၀၂၂ ခုနှစ် ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

ပဲခူး ဇွန် ၃၀ ===================           ပဲခူးတက္ကသိုလ် ဘောလုံးကွင်း၌ ဇွန်လ(၂၉)ရက်နေ့၊ ညနေပိုင်းက ၂၀၂၂ ခုနှစ် ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတက္ကသိုလ် ၂၀၂၂ ခုနှစ် ပညာသင်နှစ်တွင် သင်ကြားလျက် ရှိသော သတ္တဗေဒအထူးပြုဘာသာရပ်အသင်းနှင့် ရူပဗေဒ အထူးပြုဘာသာရပ် အသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင် ကစားနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ပဲခူးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် အားကစားဝါသနာရှင် များက ကြည့်ရှုအားပေးခဲ့ကြရာ  ရူပဗေဒအထူးဘာသာရပ်အသင်းက (၁)ဂိုး၊(၀)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားခဲ့သည်။           ထို့နောက် ဆုပေးပွဲအခမ်းအနားအား ဆက်လက်ကျင်းပပြုလုပ်ရာ ပြိုင်ပွဲတွင် ရှေ့တန်းအကောင်းဆုံးဆု၊ အလယ်တန်း အကောင်းဆုံးဆု၊ နောက်တန်းအကောင်းဆုံးဆု၊ အကောင်းဆုံးဂိုးသမား ဆုနှင့် …

Read More »

စက်ရုံ/အလုပ်ရုံများ တည်ဆောက်ရေးကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး ဇွန်လ ၂၈ ====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇွန်လ(၂၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၆/၂၀၂၂) ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တို်ငးဒေသကြီး အတွင်းသို့ ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ရပ်ဆိုင်းမှုမရှိဘဲ ထပ်မံတိုးချဲ့လာကြသည်ကို ကြည့်ခြင်းအားဖြင့် မကြာမီအချိန်အတွင်း စီးပွားရေး အလားအလာကောင်းများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ စက်ရုံ/အလုပ်ရုံများ တည်ဆောက်ရေးကာလ တိုးမြှင့်တောင်းခံရာတွင် သတ်မှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေနှင့်အညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး သတ်မှတ်ကာအတွင်း အချိန်မီတည်ဆောက် ပြီးစီးနိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ စက်မှုနယ်မြေများအတွင်း လုံခြုံရေးကိုလည်း ဂရုစိုက်ဆောင်ရွက်ကြရန်နှင့် တိုင်းပြည်အတွက် ရသင့်ရထိုက်သည့် အခွန်ငွေများ လည်း အပြည့်အဝ ရရှိစေရေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုလတ်က …

Read More »

နိုင်ငံတော်အဆင့်၊ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးအဆင့်တို့တွင် ဂုဏ်ထူးဆောင်ဘွဲ့နှင့် တံဆိပ်ရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဇွန် ၂၇ ============== ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ဇွန်လ(၂၇)ရက်နေ့ နံနက်ပိုင်းက နိုင်ငံတော်အဆင့်၊ ပြည်ထောင်စု အဆင့်နှင့် တိုင်းဒေသကြီးအဆင့်တို့တွင် ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင် တံဆိပ်ချီးမြှင့်အပ်နှင်းခံခဲ့ရသူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့် ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယနေ့အခမ်းအနား တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင် တံဆိပ် ချီးမြှင့်ခံရသူများ၊ စိုက်ပျိုးရေး နှင့်မွေးမြူရေးကဏ္ဍတွင် ပြည်ထောင်စု အဆင့် ဆုရရှိသူများကို ထပ်ဆင့်ဂုဏ်ပြုခြင်းဖြစ်သလို တိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဆုတံဆိပ်များ ချီးမြှင့်ခြင်းဆိုင်ရာ ဥပဒေအရ ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားဖြစ်၍ ထူးခြားလေးနက်သည့် အခမ်းအနားတစ်ခုဖြစ်ကြောင်း၊ သက်ဆိုင်ရာ  ကဏ္ဍအလိုက် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့၍ ဂုဏ်ပြုခံရ သူများအတွက် အထူးဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် မိမိတို့ တိုင်းဒေသကြီးအတွင်း အေးချမ်းသာယာရေး …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် သက်သာသောနှုန်းထားဖြင့် မြေဩဇာဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်

ပဲခူး ဇွန် ၂၆ ===========================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဇွန်လ(၂၅) ရက်နေ့၊ မွန်းလွဲပိုင်းက တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် သက်သာသောနှုန်းထားဖြင့် မြေဩဇာဝယ်ယူနိုင်ရေး မြေဩဇာထုတ်လုပ်ရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း အခမ်းအနား ကျင်းပပြု လုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ တိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီး တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ ဒုတိယစပါးကျီလည်း ဖြစ်ကြောင်း၊ ကျေးလက်နေ တောင်သူများ၏ လူမှုစီးပွားဘဝများ မြှင့်တင်နိုင်ရေးအတွက် စိုက်ပျိုးရေးတွင် လိုအပ်သောသွင်းအားစုများ ဈေးနှုန်းသက်သာပြီး လွယ်ကူစွာ ဝယ်ယူအသုံးပြု နိုင်မှသာ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း၊ တောင်သူလယ် သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်သော မြေဩဇာများ လွယ်ကူသက်သာစွာ ဝယ်ယူရရှိနိုင်ရေး တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ တစ်ဘက်တွင်လည်း တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများတွင် သဘာဝမြေဩဇာ သုံးစွဲခြင်းနှင့်ပတ်သက်၍ ယဉ်ပါးစေရန်လည်း …

Read More »