ပဲခူး စက်တင်ဘာ ၅ ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၅) ရက်နေ့၊ နံနက်ပိုင်းက ကိုဗစ်(၁၉)ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၁၂/၂၀၂၂) အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့တိုင်း ဒေသကြီးအတွင်း ကိုဗစ်(၁၉) ရောပိုးတွေ့ရှိမှု အနည်းငယ်စတင်နေပြီ ဖြစ်ကြောင်း၊ ယခင်က ပြည်ပပြန်များမှသာ တွေ့ရှိနေရသော်လည်း ယခုအခါ ပြည်တွင်းကူးစက်မှုအသွင်ဖြင့် ရောဂါလက္ခဏာမပြဘဲ တွေ့ရှိနေရပြီဖြစ်၍ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများနှင့် ကြိုတင်ကာကွယ်ရေး အသိပညာပေး ခြင်းလုပ်ငန်းများ အရှိန်မြှင့်တင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးအား အကြိမ်ပြည့်ထိုးနှံပြီးစီး သော်လည်း ထပ်ဆောင်း Booster ဆက်လက်ထိုးနှံပေးသွားရမည်ဖြစ်ကြောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများအနေဖြင့် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website