ပဲခူး ဧပြီ ၂၀ ===================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကရင်(စကော)တိုင်းရင်းသား ဘာသာ သင်ကြားရေး ဆရာ/ဆရာမများအတွက် နွေရာသီအဆင့်မြှင့် မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားအား ဧပြီလ (၁၉)ရက်နေ့၊ နံနက်ပိုင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီး အတွင်း တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကော်မတီ အသင်းအဖွဲ့များ၏ ကူညီမှုဖြင့် အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားလူမျိုးအလိုက် တိုင်းရင်းသားဘာသာ သင်ကြားရေး ဆရာ/ဆရာမများ ခန့်ထားနိုင်ခဲ့ပြီးဖြစ်သလို ခန့်အပ်ထားသည့် ဆရာ/ဆရာမများ၏ အရည်အသွေးများ အမြဲတမ်းထက်မြတ်စေရေး ယခုလို အဆင့်မြှင့်မွမ်းမံသင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ကယား၊ ကရင်၊ အရှိုချင်း၊ ပအိုဝ်း၊ ရှမ်း၊ မွန်၊ ရခိုင် စသည့် တိုင်းရင်းသားများစွာ နေထိုင်ကြသည့်အနက် ကရင်(စကော) တိုင်းရင်းသားများဟာ တိုင်းဒေသကြီးအနှံ့အပြားတွင် အခြား တိုင်းရင်းသားများထက် …
Read More »Yearly Archives: 2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲကျင်းပပြုလုပ်
ပဲခူး ဧပြီ ၁၉ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ဧပြီလ(၁၇)ရက်နေ့ ညပိုင်းအချိန်မှစတင်ပြီး ဧပြီလ(၁၉)ရက်နေ့အထိ (၃)ညတိုင်တိုင် ပဲခူးမြို့၊ ဆေးရုံဟောင်းလမ်းပေါ်ရှိ နှစ်ဦးတရားအလှူဓမ္မသဘင် မဏ္ဍပ်၌ မြန်မာ နှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်ပွဲကျင်းပပြုလုပ်သည်။ မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲကျင်းပပြုလုပ်ရာ ဧပြီလ(၁၇)ရက် (ပထမနေ့)တွင် သာသနာ့ဇောတိက စာသင်တိုက်မှ ဘဒ္ဒန္တဇနိတ (သာသနာ့ဓဇဓမ္မာစရိယ၊ မဟာဂန္ထဝါစကပဏ္ဍိတ) ဆရာတော်မှ နှစ်သစ် ဆုတောင်းတရားခေါင်းစဉ် ဖြင့်လည်းကောင်း၊ ဧပြီလ(၁၈)ရက်နေ့ (ဒုတိယနေ့) တွင် ပဲခူးမြို့ ချမ်းမြေ့ဇေယျာသာမဏေကျော်တက္ကသိုလ် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဥက္ကံသာလင်္ကာရ (ဝိနယဝိဒူ၊ အင်္ဂုတ္တရနိကာယဝိဒူ၊ M.A, PHD)မှ ကောင်းကျိုး(၇)ဖြာ တရားခေါင်းစဉ်ဖြင့် လည်းကောင်းဟောကြားခဲ့ပြီး ဧပြီလ(၁၉)ရက်(တတိယနေ့)တွင် သာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တသုန္ဒရ(သာသနာ့ဓဇဓမ္မာစရိယ၊ မဟာဂန္ထဝါစက ပဏ္ဍိတ)မှ တရားရေအေးအမြှိုက်ဆေးများ ဟောကြားသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနှစ်သစ်ကူးတရားအလှူတော် …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ ကျင်းပပြုလုပ်
ပဲခူး ဧပြီ ၁၈ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ဧပြီလ(၁၇)ရက်နေ့ ညပိုင်းတွင် ပဲခူးမြို့၊ ဆေးရုံ ဟောင်းလမ်းပေါ်ရှိ နှစ်ဦးတရားအလှူဓမ္မသဘင် မဏ္ဍပ်၌ မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင် ပွဲကျင်းပပြုလုပ်သည်။ ရှေးဦးစွာ သာသနာ့ဇောတိကစာသင်တိုက်မှ ဘဒ္ဒန္တဇနိတ(သာသနာ့ဓဇ ဓမ္မာစရိယ၊ မဟာဂန္ထဝါစက ပဏ္ဍိတ)ဆရာတော်မှ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားတော်မူပြီး ဝန်ကြီးချုပ် အမှူးပြုသော တရားနာ ပရိတ်သတ်များမှ တရားတော်နာယူ၍ ဓမ္မပူဇာအလှူငွေနှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတန်း ပေးဝေခဲ့ကြကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲအား ဧပြီလ(၁၇)ရက်နေ့မှ (၁၉)ရက်နေ့ အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဧပြီလ(၁၈)ရက်နေ့တွင် ပဲခူးမြို့ ချမ်းမြေ့ဇေယျာသာမဏေကျော်တက္ကသိုလ် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဥက္ကံသာလင်္ကာရ(ဝိနယဝိဒူ၊ အင်္ဂုတ္တရနိကာယဝိဒူ၊ M.A, PHD)မှလည်းကောင်း၊ ဧပြီလ(၁၉)ရက်နေ့တွင် သာသနာ့မဏ္ဍိုင်ပါဠိ တက္ကသိုလ်ကျောင်းတိုက်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တသုန္ဒရ …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ နှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီး ဘိုးဘွားများအား ပူဇော် ကန်တော့ပွဲ ကျင်းပပြုလုပ်
ပဲခူး ဧပြီ ၁၇ ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ၂၀၂၂ခုနှစ်၊ ဧပြီလ(၁၇)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့ နံနက်ပိုင်းအချိန်က ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးမြို့၊ ဥဿာဂေါက်ကွင်းအတွင်းရှိ သဘာဝရေပြင်၌ ဇီဝိတဒါန ငါးလွှတ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ငါးမြစ်ချင်း၊ ငါးကြင်း ရွှေဝါ၊ ငါးခုံးမကြီး စုစုပေါင်းအကောင်ရေ(၁၅၀၀၀၀)အား သဘာဝရေပြင်အတွင်းသို့ လွှတ်ပေးခဲ့ကြသည်။ ထို့နောက် ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ပဲခူးမြို့ပေါ် ရပ်ကွက် (၃၁)ရပ်ကွက်နှင့် သပြေကုန်း ဘိုးဘွားရိပ်သာတို့မှ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသော မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဧပြီ ၁၇ ========================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသော မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲနှင့် ဆု ချီးမြှင့်ခြင်း အခမ်းအနားအား ပဲခူးမြို့၊ ဆေးရုံဟောင်းလမ်းပေါ်ရှိ ဗဟိုမဏ္ဍပ်၌ ဧပြီလ(၁၆)ရက်နေ့၊ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နှစ်ဟောင်းကုန်ဆုံး နှစ်သစ်ကူးပြောင်း အခါသမယ အဖြစ် နှုတ်ခွန်းဆက်ဆုတောင်းစကား ပြောကြားခဲ့ပြီးနောက် သင်္ကြန်အကြိုနေ့မှ သင်္ကြန်အတတ်နေ့အထိ ကပြယှဉ်ပြိုင် ခဲ့ကြသည့် ယိမ်းအဖွဲ့(၂၅)ဖွဲ့၏ ဆုပေးပွဲအခမ်းအနားအား ဆက်လက်ကျင်းပ ခဲ့သည်။ ထို့နောက် ပြိုင်ပွဲဝင် ယိမ်းအဖွဲ့(၂၅)ဖွဲ့အနက်မှ နှစ်သိမ့်ဆုရ ယိမ်းအဖွဲ့(၅)ဖွဲ့အား အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးတို့က ယိမ်း(၁)ဖွဲ့လျှင် ဂုဏ်ပြုဆုငွေ(၅)သိန်းကျပ်စီဖြင့်လည်းကောင်း၊ ပထမဆုရရှိ သည့် ဘုရားကြီးမြို့ကိုယ်စားပြု နွေဦးရွှေရည် ယိမ်းအဖွဲ့အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဂုဏ်ပြုဆုငွေကျပ်သိန်း(၃၀)နှင့် ဆုဖလားကိုလည်းကောင်း၊ ဒုတိယဆုရရှိသည့် ဇိုင်းဂနိုင်းတောင်ပိုင်း ရပ်ကွက်ကိုယ်စားပြု ပိတောက်ရွှေဝါ …
Read More »တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် ပဲခူးမြို့၌ သင်္ကြန်အတတ်နေ့အား စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိ
ပဲခူး ဧပြီ ၁၆ ============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် ပွဲတော် သင်္ကြန်အတတ်နေ့အား ပဲခူးမြို့အတွင်း၌ ဧပြီလ(၁၆)ရက်နေ့တွင် ဗဟိုမဏ္ဍပ်၊ လမ်းလျှောက် သင်္ကြန်နှင့် အများပြည်သူ ရေကစားမဏ္ဍပ်များ၊ နေ့စဉ်စတုဒီသာမဏ္ဍပ်များဖြင့် အများပြည်သူ လုံခြုံ ချမ်းမြေ့ စိတ်အေးချမ်းသာစွာ အတာရေသဘင်ပွဲ ဆင်နွှဲလျက်ရှိ ကြောင်းသိရှိ ရသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အမှတ်(၇၇)ခြေမြန် တပ်မဌာနချုပ်၊ ဖျော်ဖြေရေးမဏ္ဍပ်သို့ ရောက်ရှိခဲ့ပြီး တပ်တွင်းမိသားစုများ၏ မြန်မာ့ရိုးရာသင်္ကြန်ယိမ်းအကများဖြင့် ဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဖျော်ဖြေရေးယိမ်းအဖွဲ့များအတွက် ဂုဏ်ပြုငွေ ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တပ်တွင်းမိသားစုယိမ်းအဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး အပြန်အလှန် အတာရေပတ်ဖျန်းပေးခဲ့ကြကြောင်း သိရှိရသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဗဟိုမဏ္ဍပ်သို့ ရောက်ရှိခဲ့ပြီး ခေတ်ပေါ် တေးဂီတ ဖြေဖျော်နေမှု၊ လမ်းလျှောက်သင်္ကြန်နှင့် …
Read More »ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး (၂၆၀၄)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် သံဃာ အပါး(၅၀၀)အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်
ပဲခူး ဧပြီ ၁၅ =============== ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်တွင် ဧပြီလ(၁၅) ရက်နေ့ ညနေပိုင်းအချိန်က သံဃာအပါး(၅၀၀)အား ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့်ဇနီးတို့မှ တက်ရောက်ကြည်ညိုခဲ့သည်။ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး (၂၆၀၄)နှစ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်အား ဧပြီလ(၁၀)ရက်နေ့မှ (၁၉)ရက်နေ့အထိ (၁၀)ရက်တိုင်တိုင် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး တန်ခူးလဆန်း (၁၄)ရက်၊ ဧပြီလ(၁၄)ရက်နေ့ နံနက်ပိုင်းအချိန်တွင် အနေကဇာတင်ခြင်းနှင့် တစ်နေ့တာ ပဋ္ဌာန်းရွတ်ဖတ်ပူ ဇော်ခြင်း ပြုလုပ်ခဲ့သည့်အပြင် တန်ခူးလပြည့်နေ့၊ ဧပြီလ(၁၅)ရက်နေ့ နံနက်ပိုင်း အချိန်က လည်း ဆွမ်းတော်ကြီးတင်လှူပူဇော်ခြင်း ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ယနေ့ ဧပြီလ(၁၅)ရက်နေ့ ညနေပိုင်းအချိန်တွင် ဘုရားအမှူးပြုသော သံဃာတော်အပါး(၅၀၀) အား အများပေါင်းစု ကောင်းမှုကုသိုလ်တို့ဖြင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ ကျင်းပပြုလုပ် ခြင်းဖြစ်ပြီး ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ရာတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် …
Read More »ပဲခူးမြို့၌ သင်္ကြန်အကြတ်နေ့ အေးချမ်းတည်ငြိမ် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိ
ပဲခူး ဧပြီ ၁၅ ================= ပဲခူးမြို့၌ ဧပြီလ(၁၅)ရက်နေ့၊ မဟာသင်္ကြန်အကြတ်နေ့အား အေးချမ်းတည်ငြိမ် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိသည်။ ပဲခူးမြို့ ဆေးရုံဟောင်းလမ်းပေါ်ရှိ ဗဟိုမဏ္ဍပ်နှင့် ဌာနဆိုင်ရာ ရေကစား+စတုဒီသာမဏ္ဍပ်များ၌ အများပြည်သူများမှ လွတ်လပ်စွာ လမ်းလျှောက်သင်္ကြန်အား ဆင်နွှဲလျက်ရှိပြီး ပဲခူးတိုင်းဒေသကြီး အစိုရအဖွဲ့၏ တစ်နေကုန် စတုဒီသာ(ထမင်း+ဟင်း)မဏ္ဍပ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုများမှ ဒေသခံ ပြည်သူများ လာရောက်သုံးဆောင်လျက်ရှိသည့်အပြင် ပဲခူးမြို့နေ ပြည်သူများမှလည်း သနပ်ပင်လမ်း၊ လိပ်ပြာကန်ရှေ့ အုန်းလက်မဏ္ဍပ်များ၊ ရပ်ကွက်အလိုက် လမ်းများပေါ်တွင် စတုဒီသာနှင့် ရေကစား မဏ္ဍပ်ဖြင့် အေးချမ်းစွာ အတာရေသဘင်ပွဲ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရှိရသည်။ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်(၂၈)မြို့နယ်တွင် သက်ဆိုင်ရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဗဟိုမဏ္ဍပ်နှင့် စတုဒီသာမဏ္ဍပ်များဖြင့် ပြည်သူလူထုနှင့်အတူ အေးချမ်း တည်ငြိမ်စွာ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကြီးအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိ ကြောင်း …
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လမ်းလျှောက်သင်္ကြန် ပါဝင်ဆင်နွှဲ
ပဲခူး ဧပြီ ၁၄ ========================= ဧပြီလ(၁၄)ရက်နေ့ နံနက်ပိုင်း၌ ပဲခူးမြို့၊ ဆေးရုံဟောင်းလမ်းပေါ်ရှိ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန် မဏ္ဍပ်များ၌ စည်ကားသိုက်မြိုက်စွာ ရေကစားနေမှုနှင့် ဌာနဆိုင်ရာအလိုက် စတုဒီသာကျွေးမွေးနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သွားရောက်ဆင်နွှဲခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဗဟိုမဏ္ဍပ်ရှေ့ ဆေးရုံဟောင်းလမ်းပေါ်ရှိ တိုင်းအဆင့်ဌာနဆိုင်ရာ စတုဒီသာနှင့် ရေကစားမဏ္ဍပ်(၁၆)ခုရှိ လမ်းလျှောက်သင်္ကြန်အား အများ ပြည်သူများနှင့်အတူ ပါဝင်ဆင်နွှဲခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့မှ နေ့စဉ် ကျွေးမွေးလှူဒါန်းနေသည့် စတုဒီသာမဏ္ဍပ်တွင် ထမင်း+ဟင်း လာရောက်သုံးဆောင်နေသည့် ဒေသခံပြည်သူများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့သည်။ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် ပွဲတော်ကြီးကို ပဲခူးမြို့အတွင်း ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်နှင့် အများပြည်သူမဏ္ဍပ်များဖြင့် နေ့စဉ် စည်ကားသိုက်မြိုက်စွာ …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဧပြီ ၁၃ ========================= ပဲခူးမြို့၊ ဆေးရုံဟောင်းလမ်းပေါ်ရှိ ဗဟိုမဏ္ဍပ်၌ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် ဖွင့်ပွဲအခမ်းအနားအား ဧပြီလ(၁၃)ရက်နေ့၊ ညနေပိုင်း၌ ကျင်းပ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူး၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ် ဒုတိယတပ်မှူး နှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ယိမ်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက် ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သင်္ကြန်ဟူသောစကားသည် “သင်္ကြန္တ” ဟူသော သက္ကတ စကားဖြစ်၍ “သကန္တ”ဟူသော ပါဋ္ဌိစကားမှ ဆင်းသက်လာပြီး ပြောင်းလဲခြင်း၊ ကူးပြောင်းခြင်းဟု အဓိပ္ပါယ်ရကြောင်း၊ မြန်မာတို့ရဲ့ နှစ်သစ်ကူးသင်္ကြန် အချိန်အခါတွင် အတာရေ …
Read More »