Home / 2023 / August / 06

Daily Archives: August 6, 2023

သာယာဝတီခရိုင်၌ အစိုးရအဖွဲ့ အစီအစဉ်ဖြင့် မှာယူထားသည့် တန်ဖိုးနည်း လက်စွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

သာယာဝတီ ဩဂုတ် ၆ =============             ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ရုံး တာဝန်ရှိသူများ လိုက်ပါလျက် ဩဂုတ်လ(၆)ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်၌ အစိုးရအဖွဲ့ အစီအစဉ်ဖြင့် မှာယူထားသည့် တန်ဖိုးနည်း လက်စွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်သည်။            ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ သင်တောရိုးကျေးရွာအုပ်စု၊ တောင်သူဦးရဲနိုင်၏ လယ်မြေတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် မှာယူထားသည့် တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက်ဖြင့် ရွှေနံ့သာပေါ်ဆန်း စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တန်ဖိုးမြှင့်ဆန်များ တိုးချဲ့ပျိုးရန်၊ ရာသီမရွေး အထွက်နှုန်းကောင်းသော ရွှေနံ့သာပေါ်ဆန်း စိုက်ပျိုးနိုင်ရေး အသိပညာပေးရန်နှင့် ပိုက်ဆံလျှော်စိုက်ပျိုးဧက မြို့နယ်အလိုက် လျာထားချက်ပြည့်မီရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးမှု သရုပ်ပြပွဲသို့ လာရောက်လေ့လာသည့် သာယာဝတီမြို့နယ်၊ …

Read More »