Home / 2023 / August / 30

Daily Archives: August 30, 2023

ရေထွက်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းစွာ ထုတ်လုပ်နိုင်ရေး အခြေခံသင်တန်းဖွင့်ပွဲနှင့် မီးသတ်ရေယာဉ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားများသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး ဩဂုတ် ၃၀ ===================           ပဲခူးမြို့၊ ငါးလုပ်ငန်းပညာပေးသင်တန်းကျောင်း၌ ဩဂုတ်လ(၂၉)ရက်နေ့၊ နံနက်ပိုင်းက ရေထွက်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းစွာ ထုတ်လုပ်နိုင်ရေး အခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနားနှင့် မီးသတ်ရေယာဉ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားများသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး ရေထွက်သယံဇာပေါ ကြွယ်ဝပြီး ဒေသတွင်းသာမက အခြားတိုင်းဒေသကြီး/ပြည်နယ်များအထိ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပြီး ရေထွက် ပစ္စည်းများထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့်တွင် အစားအစာဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် သတိပြု ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ သင်တန်းသား/သူများအနေဖြင့် ယခုသင်ကြားပို့ချပေးမည့် ရေထွက်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းစွာ ထုတ်လုပ်နိုင်ရေး အခြေခံသင်ခန်းစာများအား စိတ်ပါ ဝင်စားစွာ သင်ယူမှတ်သားပြီး အရည်အသွေးကောင်းမွန်ပြီး ဘေးဥပဒ်ကင်းသော ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်မှုများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်စေရေးနှင့် ပြည်ပသို့ပို့ကုန်အဖြစ် တင်ပို့နိုင်ရေး ကြိုးစားဆောင်ရွက် ကြစေလိုကြောင်း ပြောကြားခဲ့သည်။           ထို့နောက် ငါးလုပ်ငန်းဦးစီးဌာန(ရုံးချုပ်)၊ ဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲ၊ …

Read More »