Home / 2023 / August / 17

Daily Archives: August 17, 2023

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ဖြည့်ဆည်းပေး

ပဲခူး ဩဂုတ် ၁၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ ဝန်ကြီးများနှင့်အတူ ဩဂုတ်လ(၁၇)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း အဆင့်မြှင့်တင် ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ထုံးကြီးကျေးရွာရှိ ငါးညီနောင် အဆင့်မြင့်မွေးမြူရေးခြံသို့ရောက်ရှိခဲ့ပြီး (DYL) အသားတိုးဝက်ကောင်ရေ(၃၀၀၀)၊ ဥစားကြက် ကောင်ရေ(၁၀၀၀၀၀)နှင့် ငါးကောင်ရေ(၈၉၀၀၀၀)မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး နေဗီယာမြက် တိုးချဲ့စိုက်ပျိုးရန်၊ ထုတ်လုပ်သည့် အသား/ငါး/ဥများ ဘင်းကင်းလုံခြုံသော အစာအစာဖြစ်စေရေး GAqP စနစ်အား အထူးအလေးလိုက်နာဆောင်ရွက်ရန်၊ တိရစ္ဆာန်အစားအစာ ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်ရေး အသိပညာပေးရန်နှင့် ငါးကန်ဘောင်တစ်လျောက် စီးပွားဖြစ်စားသုံးသီးနှံပင်များ စိုက်ပျိုးရန် လမ်းညွှန်မှာ ကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ကဝမြို့အဝင်၊ ပဲခူးမြစ်ကူး တံတားကြံ့ခိုင်မှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြစ်ဘေးတစ်လျောက် ရေကြီးနစ်မြှုပ်ခဲ့သည် လယ်မြေများတွင် အမြန်ဆုံး ရေပြန်လည်ကျဆင်းနိုင်ရေး …

Read More »