Home / 2023 / August / 15

Daily Archives: August 15, 2023

ပဲခူးမြို့အတွင်း ရေများပြန်လည်ကျဆင်းခဲ့ပြီဖြစ်၍ ရေဘေးကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ခဲ့သည့် အများနှင့် သက်ဆိုင်သောနေရာများတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ စုပေါင်း သန့်ရှင်းရေးပြုလုပ်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး

ပဲခူး ဩဂုတ် ၁၅           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး တို့နှင့်အတူ ဩဂုတ်လ(၁၅)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့ အတွင်း ရေများပြန်လည်ကျဆင်းခဲ့ပြီဖြစ်၍ ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ခဲ့သည့် အများနှင့်သက်ဆိုင် သော စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ ကျောက်ကြီးစုရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက်၊ အမှတ်(၄)အခြေခံပညာအထက် တန်းကျောင်းများသို့ ရောက်ရှိခဲ့ပြီး တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ရေကြီးမှုကြောင့် ပျက်စီးခဲ့သည့် ကျောင်းသုံး ပရိဘောဂများ အမြန်ဆုံးပြန်လည်ပြင်ဆင်ပေးရန်၊ စာသင်ကျောင်းဝန်းကျင်သန့်ရှင်းရေးအပြင် စာသင်ခန်း များအလိုက် ပြန်လည်ဆေးကြောရန်၊ စာသင်ကျောင်းဘေးရှိ ရေနုတ်မြောင်းများ ပိတ်ဆို့မှုမရှိစေရေးနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး ပြန်လည်ဆေးသုတ်ခြင်းများ ဆောင်ရွက်ရန်၊ …

Read More »