Home / 2023 / August / 16

Daily Archives: August 16, 2023

တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဩဂုတ် ၁၆           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဩဂုတ်လ(၁၄)ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ပြီးနောက် ပဲခူးတိုင်းဒေသ ကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားလုပ်ကိုင်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေး လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ ရာဘာအခြေခံသည့် ကုန်ထုတ်လုပ်ငန်း များတွင် သွင်းကုန်အစားထိုး တန်ဖိုးမြှင့်ပြည်တွင်းထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသည့် MSMEs လုပ်ငန်းများအတွက် ဒေသထွက်ကုန်ကြမ်းပစ္စည်းများ ပြည့်စုံလုံလောက်စွာရရှိရေး ချိတ်ဆက်ဆောင်ရွက် ပေးရန်နှင့် ပြည်တွင်း/ပြည်ပ ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး …

Read More »