Home / 2023 / August / 14

Daily Archives: August 14, 2023

(၂၀၂၃)ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ရေးရက်သတ္တပတ်၊ အာဟာရဖွံ့ဖြိုးရးရက်သတ္တပတ်များနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက် တက်ရောက်ချီးမြှင့်

ပဲခူး ဩဂုတ် ၁၄ (၂၀၂၃)ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ရေးရက်သတ္တပတ်၊ အာဟာရဖွံ့ဖြိုးရးရက်သတ္တပတ်များနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားအား ဩဂုတ်လ(၁၄) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက် တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများအား ပြည်သူလူထု အသိပညာတိုးတက်စေရန် ရည်ရွယ်ကာ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် အထိမ်းအမှတ်အခမ်းအနားများ ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ ကမ္ဘာပေါ်မှာရှိသည့် လူသားအားလုံး မွေးဖွားလာစဉ်ကတည်းက အသက်ဆက်လက်ရှင်သန်ရေး၊ ကိုယ်ခန္ဓာ ကြီးထွားဖွံ့ဖြိုးရေး၊ ဦးနှောက်အသိဉာဏ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နေ့စဉ်လှုပ်ရှားမှုတို့အတွက် အစာအာဟာရ မှီဝဲစားသုံးကြရမှာဖြစ်ကြောင်း၊ ကျန်းမာသန်စွမ်းသည့် လူ့အဖွဲ့အစည်းတည်ဆောက်နိုင်ရန်နှင့် လူတစ်ဦး ချင်းစီ၏ ပျှမ်းမျှသက်တမ်း တိုးမြှင့်နိုင်ရေးအတွက် ကျောင်းသားလူငယ်များကျန်းမာရေး အဆင့်အတန်း မြင့်မားရေးသည် အဓိကကျသောကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ နိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ …

Read More »

ယာယီရေဘေးရှောင်ကယ်ဆယ်ရေးခစန်းများရှိ ပြည်သူများ၏ ကျန်းမာရေးနှင့် ကူးစက်ရောဂါဖြစ်ပွားမှုမရှိ စေရေး အထူးအလေးထား ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး ဩဂုတ် ၁၄           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဩဂုတ်လ(၁၃)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လု်ပငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၃)အား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ယခုအခါ ပဲခူးမြစ်ရေသည် အချို့နေရာများတွင် ရေများ ပြန်လည်ကျဆင်းလျက်ရှိ နေပြီဖြစ်၍ အများနှင့်သက်ဆိုင်သော ကျန်းမာရေးဆိုင်ရာ အဆောက်အဦများ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ လမ်းများကို ပထမဦးစားပေး သန့်ရှင်းရေးပြုလုပ်ပေးရန် လိုအပ်ကြောင်း၊ ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများတွင် ဝမ်းရောဂါအပါအဝင် အခြားကူးစက် ရောဂါများ မဖြစ်ပွားစေရေး ခြင်ဆေးဖြန်းခြင်း၊ လက်ဆေးဆပ်ပြာရည်နှင့် ရေကောင်းရေသန့်ရရှိစေရေး စဉ်ဆက်မပြတ် ပံ့ပိုးဆောင်ရွက်ပေးရန်လိုအပ်ပြီး ယာယီရေဘေးရှောင်စခန်းများရှိ ကျန်းမာရေးဝန်ထမ်း များက ကျန်းမာရေးဆိုင်ရာအသိ ပညာပေးခြင်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပဲခူးဒေသတွင် (၃)နှစ်တစ်ကြိမ်ခန့် ရေကြီးခြင်းဖြစ်ပေါ် နေသဖြင့် ရေကြီးရခြင်း၏ အကြောင်းကိုရှာဖွေ၍ လိုအပ်ပါက …

Read More »