Home / 2023 / August / 12

Daily Archives: August 12, 2023

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ယာယီရေဘေး ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်၍ စားသုံးကုန်များ ထပ်မံသွားရောက်ထောက်ပံ့

ပဲခူး ဩဂုတ် ၁၂ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဩဂုတ်လ(၁၁)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ယာယီရေဘေးကယ်ဆယ်ရေး စခန်းများသို့ သွားရောက်၍ စားသုံး ကုန်များ ထပ်မံသွားရောက်ထောက်ပံ့ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့၊ ကလျာဏီသိမ်တော်ကြီး ယာယီရေဘေးကယ်ဆယ်ရေးစခန်းနှင့် ကြေးနီကန်တိုက်အုပ်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြားခဲ့ပြီး၊ ထမင်းထုပ်များ၊ ခေါက်ဆွဲခြောက်ထုပ်များ၊ ဆန်၊ ဆီ၊ အသား/ငါး၊ ဟင်းသီးဟင်းရွက်များ ထောက်ပံ့ပေး အပ်သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ ဇိုင်းဂနိုင်းတောင်ပိုင်း ရပ်ကွက်အတွင်း ရေဝင်ရောက်မှုများအား စက်လှေများဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေပြန်လည် ကျဆင်းလာပြီဖြစ်သော်လည်း ပြည်သူများ ရေဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေး၊ ယာယီရေဘေး …

Read More »