Home / 2023 / August / 23

Daily Archives: August 23, 2023

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ  အထူးကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုနှင့် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၏ တိုက်ရိုက်အရောင်း ဆိုင်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုအားပေးခဲ့

ပဲခူး ဩဂုတ် ၂၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ နှင့်အတူ ဩဂုတ်လ(၂၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ  အထူးကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုနှင့် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများ၏ တိုက်ရိုက်အရောင်းဆိုင်များအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့  အထွေထွေ ရောဂါကုဆေးရုံးကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များအား ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှု၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးနေမှုများအား လိုက်လံကြည့်ရှု့ခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကျန်းမာရေးစောင့်ရှောက်မှုလာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူသည့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား လစဉ်ဆေးဝါး(၁)လစာ အခမဲ့ထောက်ပံ့ပေးလျက်ရှိကာ …

Read More »