Home / 2023 / August / 10

Daily Archives: August 10, 2023

ပဲခူးမြို့ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အခြေခံစားသုံးကုန် များ သွားရောက်ထောက်ပံ့

ပဲခူး ဩဂုတ် ၁၀ =================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဩဂုတ်လ(၁၀)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြှုပ် ခဲ့သော ရပ်ကွက်များတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတလူမှုရေးအသင်း များ၏ ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများအား အခြေခံစားသုံးကုန်များနှင့် သီးခြား လိုအပ်ချက်များ သွားရောက်ဖြည့်ဆည်း ထောက်ပံ့ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူးတို့သည် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့၊ မြို့သစ်(ဂ)ရပ်ကွက်၊ ဆုတောင်းပြည့်တော်ကြီး ကျောင်းတိုက်၌ ဖွင့်လှစ်ထားသည့် ရေဘေးကယ်ဆယ်ရေးစခန်းသို့သွားရောက်၍ ဒေသခံပြည်သူများအား အားပေးစကား ပြောကြားခဲ့ပြီး အခြေခံစားသုံးကုန် ဆန်၊ ဆီ၊ ကြက်ဥ/ဘဲဥ၊ ဆီ၊ ရေသန့်၊ ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေဝင်ရောက်သည့် ကျောက်ကြီးစုရပ်ကွက်အတွင်း …

Read More »