ပဲခူး အောက်တိုဘာ ၂၈

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော် မြတ်ကြီး၏ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း အောင်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား အောက်တိုဘာလ ၂၈ ရက်နေ့၊ နံနက်ပိုင်းက စေတီတော်မြတ်ကြီးရင်ပြင်တော်ပေါ်ရှိ ဂေါပကရုံး အစည်းအဝေးခန်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက (၅)နှစ် တစ်ကြိမ်ပြုလုပ်သည့် ပဲခူးမြို့ ၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း အောင်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီအသီးသီးကို ဖွဲ့စည်းပေးထားပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီအသီးသီး ကလည်း ယခုအချိန်ကတည်းက ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆောင်ရွက်ရန်ဖြစ် ကြောင်း၊ ပူပြင်းသည့်ရာသီဥတုဖြစ်၍ ကြွရောက်လာသည့် ဆရာတော်ကြီးများ သက်တောင့်သက်သာ သီတင်းသုံးနိုင်ရေး ပြင်ဆင်ထားရန်ဖြစ်ကြောင်း၊ စေတီတော်မြတ်ကြီး အနေကဇာတင်ခြင်း၊ ဆွမ်း ဆက်ကပ်ခြင်း၊ စတုဒီသာကျွေးမွေးခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်းစသည့် လုပ်ငန်းစဉ်တစ်ခုချင်း အလိုက် လိုအပ်ချက်မရှိစေရေး ကြီးကြပ်ဆောင်ရွက်သွားရန် အများကောင်းမှု ကုသိုလ်ပြုသည့်လုပ်ငန်း များဖြစ်၍ အားလုံးပါဝင်နိုင်ရေးနှင့် လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ် ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် လုပ်ငန်းကော်မတီအသီးသီးတို့မှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ က ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် လုပ်ငန်းစဉ်များအလိုက် လိုအပ်ချက်များအား တင်ပြခဲ့ကြ သည်။ ၎င်းနောက် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဂေါပက အဖွဲ့ဝင်များက ရင်ပြင်တော်ပေါ်၌ ဆောင်ရွက်မည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း အောင်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး၊ စတုဒီသာကျွေးမွေးခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လုပ်ငန်းစဉ်တစ်ခုချင်းအလိုက် အသေးစိတ်ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက ရွှေမော်ဓော စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း အောင်ပွဲအခမ်းအနား စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website