ပဲခူး အောက်တိုဘာ ၂၈ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော် မြတ်ကြီး၏ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း အောင်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား အောက်တိုဘာလ ၂၈ ရက်နေ့၊ နံနက်ပိုင်းက စေတီတော်မြတ်ကြီးရင်ပြင်တော်ပေါ်ရှိ ဂေါပကရုံး အစည်းအဝေးခန်း၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက (၅)နှစ် တစ်ကြိမ်ပြုလုပ်သည့် ပဲခူးမြို့ ၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း အောင်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီအသီးသီးကို ဖွဲ့စည်းပေးထားပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီအသီးသီး ကလည်း ယခုအချိန်ကတည်းက ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆောင်ရွက်ရန်ဖြစ် ကြောင်း၊ ပူပြင်းသည့်ရာသီဥတုဖြစ်၍ ကြွရောက်လာသည့် ဆရာတော်ကြီးများ သက်တောင့်သက်သာ သီတင်းသုံးနိုင်ရေး ပြင်ဆင်ထားရန်ဖြစ်ကြောင်း၊ စေတီတော်မြတ်ကြီး အနေကဇာတင်ခြင်း၊ ဆွမ်း …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website