နောက်ဆုံးရသတင်းများ

၂၀၂၂ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု အုပ်ချုပ်/နည်းပြ၊ အားကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၁၅ ==================      ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင်လ(၁၄)ရက်နေ့ နံနက်ပိုင်းက ၂၀၂၂ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု အုပ်ချုပ်/နည်းပြ၊ အားကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်ပွဲနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဩဝါဒခံယူပွဲ အခမ်းအနား ကျင်းပပြုလုပ် သည်။      ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလက်ရွေးစင် အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးအသင်း အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများမှ တစ်ဦးချင်းမိတ်ဆက်‌ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ဘောလုံးအားကစားနည်းသည် မြန်မာနိုင်ငံအတွက် အမျိုးသားအားကစားအဖြစ် သတ်မှတ်ထားကြောင်း၊ မြန်မာ့ဘောလုံး အားကစားကို အရှေ့တောင်အာရှနှင့် အာရှဒေသနယ်ပယ်မှာ အောင်မြင်စွာ ရပ်တည်နိုင်ခဲ့တယ်ဆိုတာကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးမှ အာရှလက်ရွေးစင် အားကစားသမားများကို မွေးထုတ်ပေးနိုင်ခဲ့ပြီး နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့ကြောင်း၊ ပဲခူးတိုင်း ဒေသကြီး၏ ဘောလုံးအားကစားအဆင့်အတန်းသည် တချိန်သောကာလက အောင်မြင်မှုများစွာ ရရှိခဲ့သော တိုင်းတစ်ခုဖြစ်ခဲ့ကြောင်း၊ ယခင်ကလို …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပဲခူးမြို့၊ ပြည်ပစက်မှုနယ်မြေအတွင်း ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး ဇူလိုင် ၁၄ ================== တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် အတူ ဇူလိုင်လ(၁၄) ရက်နေ့၊ နံနက်ပိုင်းက ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပဲခူးမြို့၊ ပြည်ပစက်မှုနယ်မြေအတွင်း ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဥဿာမြို့သစ်(၉) ရပ်ကွက်၊ ပြည်ပစက်မှုနယ်မြေအတွင်း တည်ဆောက်ထားသော Myanstar Garment Co., Ltd ၏ အနောက်တိုင်း ဝတ်စုံထုတ်လုပ်သည့်စက်ရုံသို့ ရောက်ရှိခဲ့ရာ စက်ရုံတာဝန်ခံမှ စက်ရုံ၏ အခြေခံအချက် အလက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး စက်ရုံအတွင်း အနောက်တိုင်းဝတ်စုံ ချုပ်လုပ်သည့် လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူ့ အကျိုးပြုလုပ်ငန်း(CSR)များ တိုးချဲ့ဆောင်ရွက်သွားရန်၊ အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိရေး၊ ကိုဗစ်(၁၉)စည်းကမ်းချက်နှင့်အညီ ဆောင်ရွက်ရန်နှင့် သီးခြားလိုအပ်ချက်များအား ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၁၂ ================         ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ဇူလိုင်လ(၁၂)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။              ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး /ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ပဲခူးမြို့၊ မြို့မစာသင်တိုက် ပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဂန္ဓမာ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊သံဃာတော်အရှင်မြတ်များက မေတ္တာသုတ် ပရိတ်တရားတော်မြတ်ကို ရွတ်ပွား သရဇ္ဈာယ် ချီးမြှင့်တော်မူကြသည်။ ထို့နောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများက ဝါဆိုသင်္ကန်းများနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ပဲခူးမြို့၊ ကြခတ်ဝိုင်းပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးဝန်းအတွင်း စုပေါင်းသန့်ရှင်း ရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေး

ပဲခူး ဇူလိုင် ၉ ===============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ(၉)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့ အတွင်း စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား သွားရောက်ကြည့်ရှုခဲ့ကြသည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် တာဝန်ရှိသူများ လိုက်ပါလျက် ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးဝန်းအတွင်း ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် တပ်ရင်းတပ်ဖွဲ့ များပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်ရှိ ကားလမ်း(ဝဲ/ယာ)၊ မီးရထားလမ်း(ဝဲ/ယာ)၊ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးအဆောက်အဦများ၊ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်အတွင်းလမ်း(ဝဲ/ယာ)၊ အများနှင့် သက်ဆိုင်သော ပန်းခြံများနှင့် သောက်သုံးရေကန်များတို့တွင် တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ၏ ပေါင်းစုအားဖြင့် အပတ်စဉ် စနေနေ့တိုင်း …

Read More »

တို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း စားသုံးဆီကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ဆီစက်လုပ်ငန်းရှင်များ နှင့်တွေ့ဆုံ

ပဲခူး ဇူလိုင် ၈ ==================           ပဲခူးတို်ငးဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၈)ရက်နေ့၊ နံနက်ပိုင်းက တို်ငးဒေသကြီးအတွင်း စားသုံးဆီကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ဆီစက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ တိုင်းဒေသကြီးအတွင်းမှာ စားသုံးဆီ ဖူလုံပိုလျှံနိုင်ရေးအတွက် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် စားသုံးဆီ ပိုမိုထုတ်လုပ်နိုင်ရန်၊ ထုတ်လုပ်သည့် စားသုံးဆီများ ဈေးကွက်ဝေစု ပိုမိုရရှိနိုင်ရေးနှင့် ဆီစက်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန်၊ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုးတိုးတက်ရရှိစေရေးနှင့် ဆီထွက်သီးနှံကဏ္ဍ (Supply Chain) တစ်လျှောက် ဖွံ့ဖြိုးတိုးတက်လာစေရေန် ရည်မှန်းချက်ထားပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ အခြေခံ စားနပ်ရိက္ခာဖူလုံရေးအတွက် အဓိကကျသည့် စားသုံးဆီပိုလျှံအောင်ထုတ်လုပ်နိုင်ရေး မိမိတို့တိုင်းဒေသကြီး အတွင်းမှာ လည်း ဆီထွက်သီးနှံဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာများအား တိုးချဲ့စိုက်ပျိုးရန် စတင်ဆောင်ရွက် …

Read More »