နောက်ဆုံးရသတင်းများ

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၄)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၁၁ ရက် ============== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၄)ခရိုင်အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော် ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဒီဇင်ဘာလ(၁၁)ရက်နေ့ မွန်းလွဲပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီး အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ (၂)ယောက်တွဲ ဗိုလ်လုပွဲစဉ်အဖြစ် ပဲခူးခရိုင်(ခ)အသင်းနှင့် ပြည်ခရိုင်(ခ)အသင်း၊ (၃)ယောက်တွဲ ဗိုလ်လုပွဲစဉ်အဖြစ် ပြည်ခရိုင်(ခ)အသင်းနှင့် တောင်ငူခရိုင်(က)အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ၊ အခြေခံပညာ ကျောင်းသား/သူများက ကြည့်ရှုအားပေးကြ သည်။ ထို့နောက် ဆုချီးမြှင့်ခြင်း အခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံပိုက်ကျော်ခြင်း နှင့် ရိုးရာခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုးနိုင်မှ ပဲခူးတိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲအတွက် ထောက်ပံ့ ငွေကျပ် (၇)သိန်းအား တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးထံသို့လည်း ကောင်း၊ ဒိုင်အဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၇)သိန်းအား အစိုးရအဖွဲ့ …

Read More »

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ကျောက်တံခါးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ

ကျောက်တံခါး ဒီဇင်ဘာ ၁၁ ============== ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ဒီဇင်ဘာလ(၁၁) ရက်နေ့ နံနက်ပိုင်းအချိန်က ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်း/ခရိုင်ဌာန ဆိုင်ရာများနှင့်အတူ ကျောက်တံခါးမြို့နယ်သို့သွားရောက်၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ကျောက်တံခါးမြို့နယ်သို့သွားရောက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့အနေဖြင့် ကျောက်တံခါးမြို့နယ်အတွင်း လိုအပ်သည့်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်း ဆောင်ရွက်ပေးရန် ရောက်လာခြင်းဖြစ်ကြောင်း၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများသာမက မြို့မိမြို့ဖများ၊‌ ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုကြောင်း၊ မြို့နယ်အတွင်းရှိပြည်သူများ စားသုံးမှုဖူလုံ‌‌စေရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းအောင်ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံသားတိုင်း နိုင်ငံသား စိစစ်ရေးကတ်ကိုင်နိုင်ရေး ပန်းခင်းစီမံချက်လုပ်ငန်းကိုလည်း သက်ဆိုင်ရာဌာနများအားလုံး ဝိုင်းဝန်းပူး‌ပေါင်းဆောင်ရွက် ကြရန်လိုကြောင်း၊ ပြည်သူများ၏ အကျိုးစီးပွားအတွက် မိမိတို့တိုင်း‌ဒေသကြီးအစိုးရအနေဖြင့် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း ပေးအပ်သည့်တာဝန်များကို နှောင့်နှေးကြန့်ကြာမှုမရှိဘဲ မြန်မြန်ဆန်ဆန် …

Read More »

ကမ္ဘောဇသာဒီနန်းတော်ဆောင်များ ရေရှည်တည်တံ့ခိုင်မြဲရေး ထိန်းသိမ်းဆောင်ရွက်

ပဲခူး ဒီဇင်ဘာ ၉ ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးအခန်းမ၌ ဒီဇင်ဘာလ(၉) ရက်နေ့၊ မွန်းလွဲပိုင်းက ကမ္ဘောဇသာဒီနန်းတော်ဆောင်များ ရေရှည်တည်တံ့ခိုင်မြဲရေး ထိန်းသိမ်းဆောင်ရွက်နိုင်ရန် ကြံ့ခိုင်မှုစစ်ဆေးခြင်းများ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြို့၏ အထင်ကရ ဖြစ်သည့် ကမ္ဘောဇသာဒီနန်းတော်ရာဝင်းအတွင်းရှိ မြေနန်းပြသာဒ်ဆောင်၊ ဘမရာသနပလ္လင်ဆောင်များ ပျက်စီးနေသည့် အစိတ်အပိုင်းများ၊ မြန်မာမှု သစ်သားပန်းကနုတ်ပြားများ၏ အခြေအနေကိုစစ်ဆေးပြီး ပြန်လည်ပြုပြင် နိုင်ရန်နှင့် ရေရှည်ထိန်းသိမ်းဆောင်ရွက်နိုင်ရန်အတွက် အောက်တိုဘာလတွင် ဌာနဆိုင်ရာများ၊ အရပ်ဘက်ရှေးဟောင်းသမိုင်း ပညာရှင်များ ပါဝင်သော နန်းတော်ဆောင်များ ကြံ့ခိုင်မှုစစ်ဆေးရေး၊ ထိန်းသိမ်းရေးအဖွဲ့ကို ဖွဲ့စည်းပေးနိုင်ခဲ့ပြီး နိုဝင်ဘာလတွင် ပထမအကြိမ် အစည်းအဝေး ခေါ်ယူခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါ နန်းတော်ဆောင်များ ကြံ့ခိုင်မှုစစ်ဆေးရေး၊ ထိန်းသိမ်းရေးအဖွဲ့၏ မြေပြင်ကွင်းဆင်း စစ်ဆေးတွေ့ရှိချက်များ၊ မှတ်တမ်းတင်ထားမှုများစသည့် အသေးစိတ်အချက်အလက် တင်ပြချက်များအပေါ် ကြည့်ရှုပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၄)ခရိုင် အသက်(၂၅)နှစ်အောက် ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၈ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၄)ခရိုင် အသက်(၂၅)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ(၈)ရက်နေ့ နံနက်ပိုင်းအချိန်က တိုင်းဒေသကြီးအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အားကစားကဏ္ဍ မြှင့်တင် တည်ဆောက်ခြင်းသည် နိုင်ငံတစ်ခု၏ဂုဏ်၊ လူမျိုးတစ်မျိုး၏ သိက္ခာ မြှင့်မားစေခြင်းကြောင့် အလေးထားဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်းမှ အလားအလာ ရှိသည့် မျိုးဆက်သစ်လူငယ် အားကစားသမားများ ပေါ်ထွက်လာပြီး တိုင်းဒေသကြီး ဂုဏ်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်စေရန် ယခုလိုပြိုင်ပွဲမှ အတွေ့အကြုံကောင်းများ ရယူပြီး ကြိုးစားယှဉ်ပြိုင် ကစားသွားကြရန်နှင့် အနိုင်အရှုံးသည်သာမည၊ ယှဉ်ပြိုင်ခြင်းသည် အဓိကဆိုသည့် အားကစား စိတ်ဓာတ် အမြဲထားရှိဖို့ လိုအပ်ကြောင်း၊ ပြိုင်ပွဲကြီးကြပ်ဆောင်ရွက်ကြမည့် ဒိုင်လူကြီးများ အနေဖြင့်လည်း နည်းစနစ်တကျ ပြိုင်ပွဲ ဥပဒေများအတိုင်း တိကျမှန်ကန်စွာ ဆောင်ရွက်သွားကြရန် လိုကြောင်း အဖွင့်မိန့်ခွန်းပြောကြားပြီး ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။ ယင်းနောက် …

Read More »

ပဲခူးမြို့တွင် ဟံဟာဝတီညဈေး ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၇ ရက် ============= ပဲခူးမြို့၊ ရုံးကြီးရပ်ကွက် ဟင်္သာလမ်းတွင် ဒီဇင်ဘာလ(၇)ရက်နေ့ ညနေပိုင်းအချိန်က ဟံသာဝတီညဈေးဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအတွင်းရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပဲခူးတိုင်း ဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ဈေးကော်မတီဝင်များနှင့် ဈေးသူ/သားများတက်ရောက်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးဆွေနှင့် စီးပွားရေးရာ ဝန်ကြီးဦးတင်ဦးတို့က ဟံသာဝတီညဈေးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့မှ ဟံသာဝတီညဈေးအတွင်း ဈေးရောင်း ဈေးဝယ်ပြုလုပ်နေမှုအား လှည့်လည် ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ ဟံသာဝတီညဈေးအား ဈေးဆိုင်ခန်းပေါင်း(၁၆၇)ခန်းဖြင့် နေ့စဉ်ညနေ(၄)နာရီမှ ည(၈:၃၀)နာရီအချိန်ထိ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချမည်ဖြစ်ပြီး ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ အထွေထွေပိုလျှံရန်ငွေ(GRF)နှင့် ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ …

Read More »