Daily Archives: September 2, 2021

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရွှေတောင်မြို့နယ်၊ သဲကုန်းမြို့နယ်နှင့် ပေါင်းတည်မြို့နယ် အတွင်းရှိ ကျန်းမာရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေး

ပဲခူး စက်တင်ဘာ ၂ ==================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် စက်တင်ဘာလ (၂) ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ များနှင့်အတူ ရွှေတောင်မြို့နယ်၊ သဲကုန်းမြို့နယ်နှင့် ပေါင်းတည်မြို့နယ် အတွင်းရှိ ကျန်းမာရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ရွှေတောင်မြို့၊ ပြည်သူ့ဆေးရုံ၌ ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer များအားတွေ့ဆုံ အားပေးစကားပြောကြားခဲ့ကာ တာဝန်ထမ်းဆောင်ရင်း ကိုဗစ်-၁၉ရောဂါ  ကူးစက်ခံခဲ့ရသည့် ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer များအတွက် တစ်ဦးလျှင်ငွေကျပ်(၁)သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ်(၁၂)သိန်း၊ PPE Level(1)ဝတ်စုံအထည် (၂၀၀)၊ Flow Meter (၃၀)စုံ၊ Oxygen Concentrator (၃)လုံး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအသိပညာပေး တံဆိပ်ရိုက်နှိပ်ထားသည့် တီရှပ်အင်္ကျီများနှင့် အသင့်သောက် မြန်မာ့ရိုးရာ လက်ဖက်ရည်ထုပ်များ ထောက်ပံ့ပေးအပ်ခဲ့သည်။ …

Read More »