Daily Archives: September 15, 2021

ပဲခူးမြို့၊ ဧရာဝတီဘဏ် ငွေလုယက်မှုဖြစ်စဉ်၌ ပြစ်မှုကျူးလွန်သူ တရားခံများအား (၉)နာရီအတွင်း ဖော်ထုတ်ဖမ်းဆီး ဆောင်ရွက်နိုင်ခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုညစာစားပွဲ အခမ်းအနား အား ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၁၅ =================            (၁၃-၉-၂၀၂၁)ရက်နေ့ ပဲခူးမြို့၊ ဧရာဝတီဘဏ် ငွေလုယက်မှုဖြစ်စဉ်၌ ပြစ်မှုကျူးလွန်သူ တရားခံများအား (၉)နာရီအတွင်း ကြိုးပမ်းဖော်ထုတ်ဖမ်းဆီး ဆောင်ရွက်နိုင်ခဲ့သော လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားအား ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ (၁၅)ရက်နေ့ ည(၇)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြို့၊ ဧရာဝတီဘဏ် ငွေလုယက်မှုဖြစ်စဉ်၌ ပြစ်မှုကျူးလွန်သူများအား (၉)နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ နိုင်ရေးအတွက် စွမ်းစွမ်းတမံ ဝိုင်းဝန်းကြိုးပမ်းပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် တပ်မတော်သားများ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။           ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ပြစ်မှုကျူးလွန်သူ တရားခံများ အား အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီး ဆောင်ရွက်နိုင်ခဲ့သည့် တပ်မတော်သားများအတွက် ဂုဏ်ပြုဆုငွေကျပ်(၄၅)သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း၊ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဝေါမြို့နယ်နှင့် ပဲခူးမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ ကွင်းဆင်းကြည့်ရှု

ပဲခူး စက်တင်ဘာ ၁၅ ==================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် စက်တင်ဘာလ(၁၅) ရက်နေ့၊ နံနက်ပိုင်းက ဝေါမြို့နယ်နှင့် ပဲခူးမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဝေါမြို့နယ်၊ ဧကရာဇ်-နောင်ပတ္တရာ-သဘော့ကန် ကျေးလက်လမ်း (၁)မိုင်(၃.၈၈)ဖာလုံ ကွန်ကရစ်လမ်းခင်းနေမှုအား ကြည့်ရှု စစ်ဆေးခဲ့ပြီး ကျေးလက်လမ်းများ ကောင်းမွန်မှသာ စိုက်ပျိုးရေးထွက်ကုန်များ အချိန်မီ ပို့ဆောင် နိုင်မည်ဖြစ်၍ ဒေသခံတောင်သူများအတွက် အကျိုးရှိနိုင်မည်ဖြစ်သဖြင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးနှင့် လမ်းပုခုံးသားများ အမာခံရရှိရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။ ၎င်းနောက် ကျိုက်လှကျေးရွာရှိ အထွက်ကောင်းစပါး(၈)မျိုး ယှဉ်ပြိုင်စမ်းသပ်စိုက်ခင်း တွင် မတူညီစပါးမျိုးကွဲ ရင့်မှဲ့နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများအတွက် …

Read More »