Daily Archives: September 28, 2021

၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း အခွန်လျာထားချက်များ ပြည့်မီကျော်လွန်အောင် ကောက်ခံရရှိ ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၂၈ ===================           တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ ၌ စက်တင်ဘာလ (၂၈)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း အခွန်လျာထားချက်များ ပြည့်မီကျော်လွန်အောင် ကောက်ခံရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း နိုင်ငံတော် အစိုးရမှ အခွန်ရငွေများပေါ်မူတည်၍ ပြည်သူများ၏ လူမှုစီးပွားဘဝများ မြှင့်တင်ပေးခြင်း၊ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများအား နှစ်စဉ်ဖြည့်ဆည်းပေးနေ ရသဖြင့် ရသင့်ရထိုက်သည့် အခွန်ငွေများ ပြည့်ပြည့်ဝဝ မှန်မှန်ကန်ကန်ရရှိရေး သက်ဆိုင်ရာ ဌာနဆိုင်ရာများက ကောက်ခံကြရန်လိုအပ်ကြောင်း၊ ပြည်သူများအနေဖြင့် အခွန်ဆောင်သည့် ယဉ်ကျေးမှုတစ်ရပ်ဖြစ်ပေါ်လာစေရေး ပညာပေးဆောင်ရွက်သွားရမည်ဖြစ်သလို အခွန်ထမ်းပြည်သူများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေး အခွန်ထမ်းအသစ်များ ထပ်မံဖော်ထုတ်သွားရမည်ဖြစ်ကြောင်း၊ စက်မှု လုပ်ငန်းများအတွက် စက်မှုစီးပွားဂရန်များ အမြန်ဆုံးချပေးနိုင်ရန် လိုအပ်သလို အိမ်ခြံမြေဂရန်များ …

Read More »