Daily Archives: September 12, 2021

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့ရှိ ပရိယတ္တိစာသင်တိုက်များသို့ ဆွမ်းဆန်နှင့်စားသုံးကုန် ပစ္စည်းများ သွားရောက်လှူဒါန်း

ပဲခူး စက်တင်ဘာ ၁၂ =====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများလိုက်ပါလျက် စက်တင်ဘာလ(၁၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့ရှိ ပရိယတ္တိစာသင်တိုက်များသို့ ဆွမ်းဆန်နှင့်စားသုံးကုန်ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ကြခတ်ဝိုင်းပရိယတိ္တစာသင်တိုက်သို့ သွားရောက်၍ ပဓာနနာယကကြခတ်ဝိုင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဉေယျဓမ္မာဘိဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်/သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ် တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ် ချီးမြှင့်တော်မူကြသည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကြခတ်ဝိုင်းပရိယတိ္တစာသင်တိုက် အတွင်း သီတင်းသုံးတော်မူကြသည့် ဆရာတော်/သံဃာတော် အရှင်သူမြတ်အပါး(၁၆၀)တို့၏ ဆွမ်းနှင့် ဆွမ်းဟင်း ပြည့်စုံစေရန်အတွက် ဆန်(၅၀)အိတ်၊ ဆီ(၂၄၀)ပိဿာ၊ ကုလားပဲ(၄)အိတ်နှင့် ဆား(၄)အိတ် တို့အား ပဓာနနာယကဆရာတော်ထံ ဆက်ကပ်လှူဒါန်းပူဇော်ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်း ပေးဝေခဲ့ကြသည်။           …

Read More »