Daily Archives: September 25, 2021

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် တောင်ငူမြို့၌ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်စာသင်တိုက်တို့ အတွက် ဆွမ်းဆန်နှင့် စားသုံးကုန်များ သွားရောက်ဆက်ကပ်လှူဒါန်း

တောင်ငူ စက်တင်ဘာ ၂၅ =======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ စက်တင်ဘာလ(၂၅)ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့၊ ကြာနီကန်(၁၈)ရပ်ကွက်၊ ကြာနီကန်ပရိယတ္တိစာသင်တိုက်ကျောင်းသို့သွားရောက်၍ ဆန်နှင့်စားသုံးကုန် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြာနီကန်ပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ ပဓါနနာယက ဆရာတော်၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရိယထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်/သံဃာတော် အရှင်သူမြတ်များက မေတ္တာသုတ် ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဇျယ် ချီးမြှင့်တော်မူကြသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက တောင်ငူမြို့ရှိ ပရိယတ္တိစာသင်တိုက်(၄)ကျောင်း၊ သီလရှင်စာသင်တိုက်(၁)ကျောင်းတို့အတွက် ဆွမ်းဆန်(၆၃)အိတ်၊ ဆီ(၁၅၇)ပိဿာ၊ ပဲ(၁၅၇)ပိဿာ၊ ဆား(၁၅၇)ပိဿာ၊ …

Read More »