Daily Archives: September 3, 2021

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၃/၂၀၂၁) ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၃ ====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၃)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၃/၂၀၂၁) ကျင်းပပြု လုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုလတ်က ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လည်ပတ် ဆောင်ရွက်နေသည့် အခြေအနေများ၊ ပဲခူးစက်မှုဇုန်နယ်မြေအတွင်းရှိ ကိုရီးယားနိုင်ငံ အခြေစိုက် Panko Bago Co., Ltd ၏ ရင်းနှီးမြှုပ်နှံမှုပမာဏတိုးချဲ့ခြင်း၊ စက်ရုံမြေနေရာတိုးချဲ့ခြင်းနှင့် စက်ရုံတည်ဆောက်ရေး ကာလ တိုးမြှင့်ဆောင်ရွက်ခွင့်ဆိုင်ရာ ကိစ္စရပ်များအား အမှုတွဲဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ၊ တက်ရောက်လာသည့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များမှ တင်ပြချက်များအပေါ် အကြံပြုဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆုံးဖြတ်ဆောင်ရွက် ပေးခဲ့သည်။           ထို့နောက် …

Read More »