Daily Archives: September 1, 2021

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်နှင့် ပေါက်ခေါင်း မြို့နယ်များရှိ စိုက်ပျိုးလုပ်ငန်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး သွားရောက်ထောက်ပံ့ကြည့်ရှုအားပေး

ပြည် စက်တင်ဘာ ၁ =================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ စက်တင်ဘာလ(၁)ရက်နေ့  နံနက်ပိုင်းက ပြည်မြို့နယ်နှင့် ပေါက်ခေါင်း မြို့နယ်များရှိ စိုက်ပျိုးလုပ်ငန်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး သွားရောက်ထောက်ပံ့ ကြည့်ရှုအားပေးခဲ့သည် ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီချုပ်နှင့်အဖွဲ့သည် အမှတ်(၆)တပ်မတော်စစ်ဆေးရုံ(ကုတင်-၁၀၀)သို့ သွားရောက်ခဲ့ ပြီး Oxygen Concentrator (၁၂)လုံး၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ကိုဗစ်-၁၉ ရောဂါ  FAVIPAC  ကုသဆေးနှင့် ထောက်ပံ့ငွေကျပ်(၁၀)သိန်းအား စစ်ဆေးရုံ ဆရာဝန်ကြီးထံ ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် ပြည်ခရိုင်ပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံစားခဲ့ရသည့် ကျန်းမာရေး ဝန်ထမ်းများနှင့် Volunteer များအတွက် တစ်ဦးလျှင် ငွေကျပ် (၁)သိန်းနှုန်းဖြင့် စုစုပေါင်း(၂၈)သိန်း၊ ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးခဲ့သွားခဲ့သည့် Volunteer(၂)ဦးအတွက် တစ်လျှင်ငွေကျပ်(၁၀)သိန်းနှုန်းဖြင့် …

Read More »