Daily Archives: September 29, 2021

တိုင်းဒေသကြီးအတွင်း ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်စေရေး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၂၉ =====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်မ၌ စက်တင်ဘာလ(၂၉) ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်း ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်စေရေး တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးအား Online Zoom Meeting System ဖြင့်   ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း (၅) ရာခိုင်နှုန်းအောက် ရောက်ရှိနေပြီဖြစ်သော်လည်း ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ရုံးလုပ်ငန်းများဆောင်ရွက်ရန်၊ ဘဏ္ဍာရေးနှစ် ကုန်ဆုံးတော့မည်ဖြစ်၍ တည်ဆောက်ရေးလုပ်ငန်းများအား ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းချက်နှင့် အညီ ဆောင်ရွက်သွားရန်၊ မကြာမီ မိုးစပါးများ ရိတ်သိမ်းချွေလှေ့တော့မည်ဖြစ်၍ တောင်သူများ၏ စပါးများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး မြို့နယ်အလိုက်အဓိကထား ဆောင်ရွက်ကြရန်၊ ပွင့်လင်းရာသီ ရောက်တော့မည်ဖြစ်၍  မီးဘေးအန္တရာယ်ကင်းရှင်းစေရေး ကြိုတင်ဆောင်ရွက်ထားရန်၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် စတင်တော့ဖြစ်မည်၍ …

Read More »

(၅၇)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စုပေါင်းသွေးလှူဒါန်း

ပဲခူး စက်တင်ဘာ၂၉ =========================           အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၇)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စက်တင်ဘာလ (၂၉)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးမြို့ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဦးဆောင်၍ စုပေါင်းသွေးလှူဒါန်းပွဲ ပထမနေ့အား ကျင်းပပြုလုပ်သည်။            သွေးလှူဒါန်းပွဲအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်(၃၉)ဦး၊ အမှတ်(၁) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်(၁၃)ဦး၊ အမှတ်(၃)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်(၆)ဦး စုစုပေါင်း ရဲတပ်ဖွဲ့ဝင်(၅၈)ဦးတို့က စုပေါင်းသွေးလှူဒါန်းခဲ့ကြပြီး သွေးလှူဒါန်းပေးသည့် ရဲတပ်ဖွဲ့ဝင်များအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးတို့က လိုက်လံ ကြည့်ရှုအားပေးပြီး အာဟာရဖြည့်စွက်စာအဖြစ် ကြက်ဥ၊ အားဆေး၊ ငှက်ပျောသီးနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Read More »