Daily Archives: September 17, 2021

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကျေးလက်ဒေသ အသေးစား စက်မှုလုပ်ငန်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုအားပေး

ကဝ စက်တင်ဘာ ၁၇ =======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ စက်တင်ဘာလ(၁၇) ရက်နေ့ နံနက်ပိုင်းက ကဝမြို့နယ်အတွင်း ကျေးလက်ဒေသ အသေးစား စက်မှုလက်မှုလုပ်ငန်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး သွားရောက် ကွင်းဆင်းကြည့်ရှုအား ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင် ကဝမြို့နယ် သပြုကျေးရွာသို့ ရောက်ရှိခဲ့ပြီး ကျေးရွာအတွင်း ဒန်နှင့်သံထည်ပစ္စည်းများ အရည်ကြိုပုံသွင်း ထုတ်လုပ်ဆောင်ရွက်လျက်ရှိသည့် အသေးစား စက်မှုလက်မှုလုပ်ငန်း များအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အသင်းအဖွဲ့ ဖွဲ့စည်းပေး နိုင်ရေး၊ နည်းပညာနှင့် ချေးငွေရရှိနိုင်ရေး၊ ကုန်ကြမ်းရရှိစေရေး၊ လျှပ်စစ်မီးပြည့်ဝစွာသုံးစွဲနိုင်ရေး၊ ခိုင်မာသည့်ဈေးကွက် ရရှိစေရေးနှင့် လမ်းပန်းဆက်သွယ် ရေးကောင်းမွန်စေရေး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။           ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ သပြုကျေးရွာ၌ ဒန်/သတ္တုစက်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်း၊ ဒယ်အိုးဆိုဒ်စုံနှင့် မိုးဗြဲဒယ်လုပ်ငန်း၊ …

Read More »