Daily Archives: September 24, 2021

ပဲခူးတိုင်းဒေသကြီးအတွင်း၌ (၁၂)ရက်တာကာလအတွင်း ရောဂါပိုးတွေ့ရှိမှု (၃)ရာခိုင်နှုန်းနှင့် (၄)ရာခိုင်နှုန်း ခန့်သာရှိတော့သဖြင့် ဆက်လက်ကူးစက်ပြန့်ပွားမှုမဖြစ်စေရေး ကာကွယ်ဆေးထိုးနှံမှု အား အရှိန်မြှင့်ဆောင်ရွက်သွားရန် ပြောကြား

ပဲခူး စက်တင်ဘာ ၂၄ ===================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ စက်တင်ဘာလ (၂၄)ရက်နေ့၊ ညနေပိုင်းက ပဲခူးမြို့၊ ဗုဒ္ဓအသံသာသနာ့ဗိမာန်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ခဲ့သော ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့် Volunteer  များအား ဆန်နှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေး အပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရောက်ရှိလာသည်နှင့် မြန်မြန်ဖြန့် မြန်မြန်ထိုးစနစ်ဖြင့် ကြိုးစားဆောင်ရွက်ခဲ့သည့်အပြင် ကိုဗစ်ရောဂါစစ်ဆေးမှုတွင်လည်း များစွာစစ်ဆေးပြီး ထိန်းချုပ်နိုင်ခဲ့သည့်အတွက် ယခုအခါ ရောဂါကူးစက်မှုသည် တိုင်းဒေသကြီးအတွင်း (၃)ရာခိုင်နှုန်းနှင့် (၄)ရာခိုင်နှုန်းခန့်သာရှိတော့ကြောင်း၊ အဓိကအားဖြင့် ကျန်းမာရေး ဝန်ထမ်းများ၏ ကြိုးစားမှုကြောင့် မိမိတို့တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှင့် သေဆုံးမှုနှုန်းများ အလွန်လျော့ကျလာသဖြင့် …

Read More »