Daily Archives: September 4, 2021

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့ရှိ ပရိယတ္တိစာသင်တိုက်များသို့ ဆွမ်းဆန်နှင့်စားသုံးကုန် ပစ္စည်းများ သွားရောက်လှူဒါန်း

ပဲခူး စက်တင်ဘာ ၄ =====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများလိုက်ပါလျက် စက်တင်ဘာလ(၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့ရှိ ပရိယတ္တိစာသင်တိုက်များသို့ ဆွမ်းဆန်နှင့်စားသုံးကုန်ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ မြို့တွင်းကြီးရပ်ကွက်ရှိ သာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ်ကျောင်းတိုက်နှင့် ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်၊ ဥဿာသီရိစာသင်တိုက်သို့ သွားရောက်၍ စာသင်/စာချ ဆရာတော်များ ဝါတွင်းကာလ ဆွမ်းနှင့်ဆွမ်းဟင်း အခက်အခဲမရှိစေရေး စာသင်တိုက်တစ်ခု လျှင် ဆန်(၅၀)အိတ်၊ ဆီ(၅၀)ပိဿာ၊ ကုလားပဲ(၃)အိတ်၊ ကြက်ဥအလုံး(၁၀၀၀)နှင့် ဆား(၅)အိတ်တို့အား သွားရောက်လှူဒါန်းခဲ့သည်။           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၁၀၈) ကျောင်းအတွက် ကျောင်းတိုက်(၁)ခုလျှင် ဆန်(၁)အိတ်၊ ဆီ(၅)ပိဿာနှင့် ဝတ္တုငွေကျပ်(၅)သောင်းကို လည်းကောင်း၊ သီလရှင်ကျောင်း(၁၁၉)ကျောင်းအတွက် ကျောင်းတိုက်(၁)ခုလျှင် ဆန်(၁)အိတ်နှင့် ဆီ(၅)ပိဿာကိုလည်းကောင်း ဩဂုတ်လ(၆)ရက်နေ့တွင် ပထမအကြိမ် …

Read More »