Daily Archives: September 13, 2021

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ နွေရာသီ စိုက်ပျိုးရေ အပြည့်အဝရရှိစေရေးနှင့် သောက်သုံးရေ ရှားပါးပြတ်လပ်မှုမရှိစေရေး ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၁၃ ===================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၁၃)ရက်နေ့၊ မွန်းလွဲ (၂:၃၀)နာရီအချိန်က တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ နွေရာသီ စိုက်ပျိုးရေ အပြည့်အဝရရှိစေရေးနှင့် သောက်သုံးရေ ရှားပါးပြတ်လပ်မှုမရှိစေရေး ညှိနှိုင်းအစည်းအဝေးအား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဒုတိယစပါးကျီဖြစ် သည့်အတွက် နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိသဖြင့် စိုက်ပျိုးရေအပြည့်အဝ ရရှိစေရေး ဆည်/တမံများ၌ မိုးရေများ ပြည့်မီသိုလှောင်ထားရန်လိုအပ်ကြောင်း၊ ဆည်/တမံများမှ စုဆောင်းထားသည့် မိုးရေများအား ရေပေးဝေရာတွင် လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် အကျိုးရှိရှိအသုံးချနိုင် စေရေး လက်တံရေပေးတူးမြောင်းများ ပြန်လည်ပြုပြင်မွန်းမံခြင်းနှင့် ကြံ့ခိုင်မှုများစစ်ဆေးခြင်းတို့ကို သက်ဆိုင်ရာ ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ရေရရှိနိုင်သည့် အရင်းအမြစ် များအားရှာဖွေ၍ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိနိုင်ရေး …

Read More »