ပဲခူး ဩဂုတ် ၁၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဩဂုတ်လ(၁၁)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လု်ပငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ယခုအခါ ပဲခူးမြစ်ရေသည် ပဲခူးမြို့၏ စိုးရိမ်ရေအမှတ်အထက် (၃)ပေခန့် ကျော်လွန်ရောက်ရှိလျက်ရှိပြီး ရက်ကွက် (၁၃)ခု၊ ကျေးရွာ(၆)ရွာတို့တွင် ယာယီရေဘေးကယ်ဆယ်ရေး စခန်းပေါင်း(၃၀)ခန့် ဖွင့်လှစ်ထားရှိပြီး ရေးဘေးသင့် အိမ်ခြေ(၃၄၉၄)၊ အိမ်ထောင်စု(၃၆၅၀)စု၊ လူဦးရေ (၁၅၃၉၅) ဦးအား ယာယီကူညီစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း၊ ရေဘေးသင့်ပြည်သူများ၏ နေ့စဉ် စားသောက်ရေးအတွက် လိုအပ်ချက်မရှိစေရေး မိမိတို့အစိုးရအဖွဲ့ ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်၊ ဘဲဥ၊ ကြက်ဥ၊ အသား/ငါးများ ဆက်လက်ပံ့ပိုး ဖြည့်ဆည်းပေးသွားမည်ဖြစ်ပြီး ယာယီရေဘေးကယ်ဆယ်ရေးစခန်း အလိုက် အစိုးရအဖွဲ့ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာများက အနီးကပ်ကြီးကြပ်ဆောင်ရွက် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website