Daily Archives: September 7, 2023

စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး အထူးအလေးထား ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး စက်တင်ဘာ ၆ ==================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၆)ရက်နေ့၊ နံနက်ပိုင်းက စိုက်ဧကတိုးချဲ့ရေး၊ သီးထပ်တိုးချဲ့စိုက်ပျိုးရေးနှင့် စားရေရိက္ခာဖူလုံရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၃) ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်း ဒေသကြီးအတွင်း စိုက်ပျိုးမြေများအားလုံး အပြည့်အဝ စိုက်ပျိုးသွားရန်နှင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင် အထွက်နှုန်းရရှိရေး အထူးအလေးထား ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မိရိုးဖလာစိုက်ပျိုးနည်းစနစ် များ ပြောင်းလဲရန်၊ အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲရန်နှင့် မစိုက်ပျိုးမီ မျိုးသန့် ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လာမည့် ဆောင်းသီးနှံနှင့် နွေစပါးအတွက် လိုအပ်သည့် မျိုးကောင်းမျိုးသန့် လုံလောက်စွာရရှိရေး ကြိုတင်ချိတ်ဆက်ဆောင်ရွက်ထားရန်နှင့် စိုက်ပျိုး ရေရရှိရေး ချောင်းပိတ်/မြောင်းပိတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး …

Read More »