Daily Archives: September 9, 2023

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ မြို့/ရွာသန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်

ပဲခူး စက်တင်ဘာ ၉ ============ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ မြို့/ရွာ သန့်ရှင်းသာယာလှပစေရေး စနေနေ့တိုင်း အပတ်စဉ် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား စက်တင်ဘာလ(၉) ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့၊ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ရေစီးရေလာ ကောင်းမွန်စေရေး လမ်းဘေးဝဲ/ယာ ရေနုတ်မြောင်းများ ပြန်လည်အဆင့်မြှင့်တင်ရန်၊ အမှိုက်ပုံးများစနစ်တကျထားရှိစေရေး၊ ဆေးရုံအုတ်တံတိုင်းများ ဆေးများ ပြန်လည်သုတ်ပေးနိုင်ရေး၊ ဆေးရုံပတ်ဝန်းကျင်နှင့် အတွင်း/အပြင်အားလုံး ခြင်ဆေးမှုတ်ခြင်းအပြင် ခြုံနွယ်များ မဖြစ်ပေါ်စေရေး စဉ်ဆက်မပြတ် ရှင်းလင်းခြင်းပြုလုပ်သွားရန်နှင့် ဆေးရုံတတ်လူနာများနှင့် လူနာစောင့်များ သက်တောင့်သက်သာ အနားယူနိုင်ရေး နားနေဆောင်များ ပြန်လည်ပြုပြင်ရန် တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့သည်။           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် …

Read More »