Daily Archives: September 30, 2023

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်

ပဲခူး စက်တင်ဘာ ၃၀ ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား စက်တင်ဘာ လ(၃၀)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၂၈)မြို့နယ်၌ တစ်ပြိုင်တည်းပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဟံသာဝတီဗုဒ္ဓဂါယာရွှေဂူကြီးဘုရား အဝင်လမ်းနှင့် ဘုရားပုရဝုဏ်တို့၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုနှင့် ခြင်ဆေးမှုတ်ခြင်း ဆောင်ရွက်နေမှုတို့အား လှည့်လည်ကြည့်ရှုအားပေး ခဲ့ပြီး လမ်းဘေးဝဲ/ယာ စဉ်ဆက်မပြတ် သန့်ရှင်းသာယာလှပစေရေးနှင့် အရိပ်ရပင်များစိုက်ပျိုးသွားရန်၊ ရေစီးရေလာ ကောင်းမွန်စေရေး ရှေးယခင် ဘုရားအဝင်မုခ်ဦး ပြန်လည်ဖော်ထုတ်ထိန်းသိမ်းသွားရန်၊ လမ်းအလိုက် အမှိုက်ကန်၊ အမှိုက်ပုံးများ စနစ်တကျထားရှိစေရေးနှင့် ပြည်သူများ စနစ်တကျ အမှိုက်စွန့်ပစ် စေရေး အသိပညာပေးရန်နှင့် အမှိုက်သိမ်းဆည်းမှုများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်စေရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ …

Read More »