Daily Archives: September 24, 2023

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု

သာယာဝတီ စက်တင်ဘာ ၂၄ ===================           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါလျက် စက်တင်ဘာလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ် လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် လက်ပံတန်းမြို့၊ မအူကုန်းရပ်ကွက်၊ ဧရာကျော်ဆန်စက်သို့ ရောက်ရှိခဲ့ပြီး စွန့်ပစ်စပါးခွံသုံးလျှပ်စစ်ဓါတ်အားပေးစက်(Gasifier) (၃၅၀)ကီလိုဝပ်ဖြင့် တစ်ရက်လျှင် တန်(၁၂၀)ကျ ဆန်စက်လည်ပတ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေဆိုးထုတ်စနစ်များ ကောင်းမွန်စေရန်၊ သဘာဝပတ်ဝန်း ကျင်ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်၊ ထွက်ရှိလာသည့် စပါးခွံဖွဲများအား လောင်စာတောင့်များ ထုတ်လုပ်သွားရန်နှင့် ဆန်ကြိတ်ခွဲရာမှထွက်ရှိလာသည့် ဆန်ကွဲနှင့် ဖွဲနုများအား တိရစ္ဆာအစာဖြစ် အသုံးပြုနိုင်ရေး မွေးမြူရေးလုပ်ငန်းရှင်များနှင့် တိုက်ရိုက်ချိတ်ဆက်ရန် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် လက်ပံတန်းမြို့၊ …

Read More »