Daily Archives: September 23, 2023

ပဲခူးတိုင်းဒေသကြီးအတွင်း မိုးစပါးရိတ်သိမ်းခြွေလှေ့မှုများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး

သာယာဝတီ စက်တင်ဘာ ၂၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် စက်တင်ဘာလ(၂၂)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း မိုးစပါးရိတ်သိမ်းခြွေလှေ့နေမှုအား ကွင်းဆင်းကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရွှေတောင်မြို့နယ်၊ ဒေါင်းဇွန်ကျေးရွာ၌ သုခမွှေး၊ ရေအနည်းလို-၇၊ ပြည်တော်ရင်၊ ရက်(၉၀)၊ ရတနာတိုး (၈)မျိုး(၁)လီ ရိုရိုး စမ်းသပ်စိုက်ခင်းသို့ ကွင်းဆင်း ကြည့်ရှုခဲ့ပြီး စပါးမျိုးတစ်ခုချင်းအလိုက် ဧကကွက်များဖော်ထုတ်၍ စပါးမျိုးယှဉ်ပြိုင်စမ်းသပ်ကွက်များ ဆောင်ရွက်ရန်နှင့် ဒေသခံတောင်သူများအား ခေါ်ယူပြသအသိပညာပေးခြင်းများဆောင်ရွက်ရန် တာဝန်ရှိသူ များအားလမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အုတ်ဖိုမြို့နယ်၊ လွှစင်ကျေးရွာအုပ်စု၌ တောင်သူဦးတင်ရွှေ၏ ထိုင်းနှံကောက် ရိတ်သိမ်းခြွေလှေ့နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး မိုးစပါးတစ်ဧက လျှင် အစိုတင်း(၁၆၀)ထွက်ရှိကြောင်း သိရှိရပြီး စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ တောင်သူတိုင်း အထွက်နှုန်းကောင်းပြီး ပိုးမွှားဒဏ်ခံနိုင်သည့် သက်လျင်စပါးမျိုးများ အလွယ်တကူ ဝယ်ယူစိုက်ပျိုးနိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် ရေသွင်းရေထုတ်ကောင်းမွန်စေရေး ရေပေးမြောင်းများ …

Read More »