Daily Archives: September 27, 2023

၂၀၂၃ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား(၂၈)မြို့နယ် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၂၇ =================           ပဲခူးမြို့၊ မိုးလုံလေလုံအားကစားခန်းမ၌ စက်တင်ဘာလ(၂၆)ရက်နေ့၊ မွန်းလွဲပိုင်းက ၂၀၂၃ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား(၂၈)မြို့နယ် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက် ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ အမျိုးသား(၂)ယောက်တွဲ ဗိုလ်လုပွဲစဉ်အဖြစ် ပဲခူးအသင်းနှင့် ရွှေတောင်အသင်း၊ အမျိုးသား(၃)ယောက်တွဲ ဗိုလ်လုပွဲစဉ်အဖြစ် ပဲခူးအသင်းနှင့် အုတ်ဖိုအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဇနီး၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ၊ အခြေခံပညာ ကျောင်းသား/သူများက ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုချီးမြှင့်ခြင်း အခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုရရှိခဲ့သူ(၃)ဦးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ …

Read More »